Saturday, 31 July 2010
Home Myanmar MNL Latest News “နိုင်ငံတော်အတွက် ဖြည့်ဆည်းရင်း ကိုယ့်အတွက်များ အကြီးကြီးရမလားလို့ မျှော်လင့်ပါတယ်” - ဒေါက်တာစိုင်း (ရတနာပုံ FC အသင်းပိုင်ရှင်)
Delta United FC
KBZ FC
Magway FC
Manaw Myay FC
Naypyitaw FC
Okkthar United FC
Southern Myanmar FC
Yadanarbon FC
Yangon United FC
Zayar Shwe Myay FC
Zwekapin United FC
 
Myanmar National League Logo
“နိုင်ငံတော်အတွက် ဖြည့်ဆည်းရင်း ကိုယ့်အတွက်များ အကြီးကြီးရမလားလို့ မျှော်လင့်ပါတယ်” - ဒေါက်တာစိုင်း (ရတနာပုံ FC အသင်းပိုင်ရှင်) PDF Print E-mail
Written by Admin Team   
Thursday, 05 March 2009 11:08
Share |
မြန်မာ အမျိုးသားလိဂ် (MNL) တွင် ပါဝင် ကစားမည့် အသင်း (၈)သင်းအနက် ရတနာပုံ အသင်း၏ ပိုင်ရှင် ဖြစ်သူ ဒေါက်တာ စိုင်း (Alpine ရေသန့် ကုမ္ပဏီ)က ၎င်းတို့၏ ဘောလုံး အသင်းများထံမှ ငွေကြေး အကျိုးအမြတ် ရလိမ့်မည်ဟု မျှော်လင့် ကြောင်း သုံးသပ် ပြောကြား သွားခဲ့သည်။

“ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် ဘောလုံး အကြောင်း သိပ်မသိပါဘူး။ ဒါပေမယ့် ဘာကြောင့် ဘောလုံးအသင်း ထောင်ရသလဲလို့ မေးလာရင် အချက် သုံးချက်နဲ့ ဖြေကြား ရပါမယ်။ နံပါတ်တစ် အချက်ကတော့ နိုင်ငံတော် အကြီးအကဲ တွေက တာဝန်ပေးတဲ့ အတွက် ကိုယ့်နိုင်ငံ အတွက် အကျိုးပြုတဲ့ အနေနဲ့ လုပ်တာပါ။ နံပါတ်နှစ် အချက်ကတော့ ဒီလုပ်ငန်း တကယ် အောင်မြင် လာရင် ငွေကြေး အကျိုးအမြတ် ရနိုင်တယ်လို့ စီးပွားရေး သမားပီပီ တွက်ချက်ပြီး လုပ်ခဲ့တာပါ။ နံပါတ် သုံး အချက်ကတော့ ဘောလုံး အသင်းပိုင်ရှင် တစ်ယောက် အနေနဲ့ ကျွန်တော့်ရဲ့ ထင်ပေါ် ကျော်ကြားမှု မြင့်တက်လာမယ် လို့ ယူဆတဲ့ အတွက် လုပ်တာပါ။ ရှင်းရှင်း ပြောရရင် နိုင်ငံတော် အတွက် ဖြည့်ဆည်းရင်း ကိုယ့်အတွက်များ အကြီးကြီးရ မလားလို့ မျှော်လင့်ပြီး လုပ်ခဲ့တာပါ” ဟု ဒေါက်တာစိုင်းက မတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ဇာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြား သွားခဲ့သည်။

လက်ရှိတွင် ရတနာပုံ FC အသင်းသည် ဘောလုံး အသင်း ၈ သင်းတွင် အတက်ကြွဆုံး အသင်း တစ်သင်းဖြစ်ပြီး နည်းစနစ် ဒါရိုက်တာအဖြစ် ဘယ်လ်ဂျီယံ လူမျိုး တစ်ဦး၊ နည်းပြအဖြစ် ပြင်သစ်လူမျိုး တစ်ဦးကို ခန့်အပ်ထားသည်။ ၎င်း ဘယ်ဂျီယံလူမျိုး နည်းစနစ် ဒါရိုက်တာသည် ယခင်က အာဆင်နယ် အကယ်ဒမီတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်းလည်း သိရှိရသည်။ ထို့ပြင် ဘောလုံး အဖွဲ့ချုပ်က နိုင်ငံခြားသား ကစားသမားများကို ငှားရမ်းခွင့် ပေးသထား သဖြင့် အိုင်ဗရီ ကို့စ်နိုင်ငံမှ ကစားသမား ၂ ဦးနှင့် နိုက်ဂျီးရီယား နိုင်ငံမှ ကစားသမား ၃ ဦးတို့ကိုလည်း ခေါ်ယူရန် ကမ်းလှမ်း ထားကြောင်း သိရသည်။ ကစားသမား လစာ အနေဖြင့် မြန်မာ နိုင်ငံသား ကစားသမား တစ်ဦးကို တစ်လ ငါးသိန်း၊ နိုင်ငံခြားသား ကစား သမားတစ်ဦးကို တစ်လ ၁၅ သိန်း ပေးမည်ဟု သိရသည်။ သို့ရာတွင် ဘောလုံး အဖွဲ့ချုပ်က ပွဲထွက် ကစားသမား ၁၁ ယောက်တွင် နိုင်ငံခြားသား ၅ ဦးကိုသာ ထည့်သွင်း အသုံးပြုခွင့် ပေးထားသည်ဟု သိရသည်။

“ကျွန်တော်က စီးပွားရေး သမား ဆိုတော့ စီးပွားရေး အမြင်နဲ့ ပြောရရင် ကျွန်တော်တို့ စီးပွားရေး လောကမှာ အပျော်တမ်း ဆိုတာ မရှိပါဘူး။ အားလုံး ပရော်ဖက်ရှင်နယ်တွေ ချည်းပါပဲ။ အပျော်တမ်း ၀င်လာတဲ့ သူကလည်း အရှုံးနဲ့ လှည့်ပြန်ရမှာ ပါပဲ။ ဒီလိုပဲ ဘောလုံးမှာလည်း အပျော်တမ်းပဲ ဖြစ်နေမယ် ဆိုရင် အောင်မြင်မှုရမှာ မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ်က ပြောင်းဖို့ တကယ် လိုအပ်ပါတယ်” ဟု ဒေါက်တာစိုင်း အဆိုနေ့ရက် ညနေပိုင်းတွင် ပြုလုပ်သွားသော ညစာစားပွဲတွင် ဖြည့် စွက် ပြောကြား သွားခဲ့သည်။

Comments (5)
  • nang moe moe  - ဂုဏ်ယူပါတယ်
    ဒီလိုပြောင်းလာတာ ဂုဏ်ယူစရာပါ.. ဆရာ့ ရဲ့  စကားလုံး တွေ က တော်တော် ကို ရှင်းပြီး ပြတ်သားတယ်.. ဆရာ မမြဲ အောင်မြင်နိုင်ပါစေ
  • ahtee  - လေးစားပါတယ်
    avatar
    အမြဲတမ်း ဆက်လက်ထိန်းသိမ်းနိုင်ပါစေ။ ငွေကြေးရော စိတ်ဓါတ်ရော၊ စနစ်တွေရော။။ တကယ်လိုအပ်နေတဲ့ အရာတစ်ခုကို တရားဝင် ဖြည့်ဆည်းလိုက်ပါပြီ မြန်မာဘောလုံးလောကအတွက်။ ရည်ရှည်တည်တံ့ဖို့ ကျွန်တော်တို့ မြန်မာနိုင်ငံသားများ တတတ်တအား ပါဝင်ကြပါစို့။ အနည်းဆုံး ရုပ်သံလိုင်းများမှ လာသော ဘောလုံးပွဲ မြန်မာလိဂ်ကို အားပေးကြပါစို့။ (ဘယ်တော့ itv လို ရုပ်သံလိုင်းတွေ တာဝန်ယူမလဲမသိ)။ အာရုံစူးစိုက်မှုအတွက် မီဒီယာက အရေးကြီးပါတယ်။ cheers for our national team's future
  • smark  - ကောင်းလိုက်တာ
    ပြောသွားတဲ့စကားတွေကတော့ အမှန်တွေပါပဲ။ ကျနော်က မန်းသားဆိုတော့ ရတနာပုံကိုပဲ အားပေးရမှာပေါ့။ အင်္ဂလန်မှာဆို အာကြီး။
  • Thar Thar  - MFF change to Pro football league
    Thia is good new for me .I think Pro football league will get the success .
  • Thar Thar  - MFF change to Pro football league
    Thia is good new for me .I think Pro football league will get the success .
Only registered users can write comments!
Last Updated on Thursday, 05 March 2009 11:18
 

နောက်ဆုံး သတင်းဆောင်းပါးများ

logo sponsors

Rich Coffee
Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.