|
Written by Admin Team
|
|
Wednesday, 01 May 2013 00:08 |
|
ဘိုင်ယန်မြူးနစ်နဲ့ ဘိုရပ်ရှားဒေါ့တ်မန်တို့ဟာ ထိပ်တန်းအဆင့် အသင်းကောင်းတွေဆိုတာ ဘယ်သူမှ ငြင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့ ရလဒ်တွေအတိုင်း ထွက်ပေါ်လာအောင် ကစားနိုင်လောက်အောင်ထိ စွမ်းဆောင်ပြခဲ့မယ်လို့တော့ ဘယ်သူမှ ကြိုတွေးမိမှာ မဟုတ်တာကို ဝန်ခံကြရပါလိမ့်မယ်။ သူတို့နှစ်သင်း (၄)ဂိုးစီ သွင်းခဲ့တဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ဆိုတာ ဥရောပရဲ့ အကောင်းဆုံး ရေပေါ်ဆီ နှစ်သင်းလို့ သတ်မှတ် ခံထားကြရတာ မဟုတ်လား။ ခုတော့ စပိန်သားတွေ အိမ်ကွင်းမှာ အကြွေးပြန်ဆပ်ဖို့ အချိန်ရောက်လာပါပြီ။ ဒါပေမဲ့ ဆပ်မယ့်အကြွေး ကျေမကျေ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
|
|
Last Updated on Wednesday, 01 May 2013 00:27 |
|
Read more...
|
|
Written by Admin Team
|
|
Wednesday, 24 April 2013 02:56 |
|
ဘောလုံးရာသီ တစ်ခု ကုန်ဆုံးဖို့ တရိပ်ရိပ် နီးကပ် လာသလို ဥရောပ ပြည်တွင်းပွဲစဉ် တချို့ဆိုရင် ချန်ပီယံ ဆုအတွက် အဖြေတွေတောင် ထွက်ကုန်ပါပြီ။ ဥရောပ တစ်တိုက်လုံး အတိုင်းအတာနဲ့ ယှဉ်ရင် ကလပ်အသင်း အဆင့်မှာ အမြင့်ဆုံး ပြိုင်ပွဲကြီးဖြစ်တဲ့ ချန်ပီယံလိဂ်ဟာလည်း နောက်ဆုံး(၄)သင်းပဲ ကျန်တော့တဲ့ အထိ အရည်အချင်း စစ်ခဲ့ပြီးပါပြီ။ ခုတော့ ဂျာမန်ကလပ် နှစ်သင်းနဲ့ စပိန်ကလပ် နှစ်သင်းတို့ဟာ ဒီဆုဖလားကြီးကို လက်တွေ့ ဆွတ်ခူးနိုင်မယ့် နောက်ဆုံး ကျန်ရစ်သူ နေရာကို လက်လှမ်းဖို့ အကြိတ်အနယ် ကြိုးစား ရပါတော့မယ်။
|
|
Last Updated on Wednesday, 24 April 2013 03:15 |
|
Read more...
|
|
Written by Admin Team
|
|
Tuesday, 09 April 2013 19:43 |
|
တကယ်တော့လည်း ပထမအကျော့ ပွဲစဉ်တွေ အပြီးကတည်းက (၂)ပွဲစာလောက်က နောက်တစ်ဆင့်အတွက် အဖြေထွက်နှင့်ပြီး ဖြစ်နေပါပြီ။ ကွာတားဖိုင်နယ် (၄)ပွဲထဲမှာမှ ရီးယဲလ်မက်ဒရစ်ကတော့ ကလပ်အသင်း သမိုင်းတစ်လျှောက် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲကို (၂၄)ကြိမ်မြောက် တက်ရောက်ဖို့ အလားအလာ အကောင်းဆုံးပဲပေါ့။ ဒီရာသီ အင်္ဂလန်ကလပ်တွေရဲ့ ကျရှုံးမှုကို ဂျာမန် ကလပ်အသင်းတွေက အခွင့်အရေးယူပြီး ဥရောပမှာ ခမ်းခမ်းနားနား တက်လှမ်းနိုင်မယ်လို့ မျှော်လင့်ကြည့်ချင်စရာပါ။ တူရကီ၊ ပြင်သစ်နဲ့ အီတလီ ကလပ်တွေကတော့ ကွာတားဖိုင်နယ်ကနေ နှုတ်ဆက် ထွက်ခွာသင့်ပြီလို့ ခံစားမိပါတယ်။
|
|
Last Updated on Thursday, 11 April 2013 19:36 |
|
Read more...
|
|
Written by Admin Team
|
|
Friday, 29 March 2013 23:56 |
|
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကာလတွေ ပြီးဆုံး သွားတဲ့နောက် ခုချိန်မှာတော့ ပရီးမီးယားလိဂ်ရဲ့ ဆွဲဆောင်မှု ပြင်းပြင်းပြပြ တိုက်ပွဲတွေ အတွက် တစ်ကျော့ပြန် ဦးလည်ဖို့ အချိန်အခါ သင့်လာပါပြီ။ ချန်ပီယံဆု အတွက် အဖြေပေါ်သလောက် ရှိနေပြီဖြစ်ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက် အားထုတ်မှုတွေ၊ တန်းမဆင်းဖို့ ရုန်းကန်နေတဲ့ တိုက်ပွဲတွေကြောင့် ပရီးမီးယားလိဂ် လက်ကျန်နေ့ရက်တွေဟာ Countdownချ ရေတွက်ဖို့ မငြီးငွေ့ချင်အောင် ဖမ်းစားနေတုန်းပါပဲ။
|
|
Last Updated on Thursday, 11 April 2013 19:28 |
|
Read more...
|
|
Written by Admin Team
|
|
Wednesday, 13 March 2013 17:29 |
|
"ဒီMission ဟာ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ဘူး"လို့ အာစင်ဝင်းဂါးက စိတ်အား ထက်ထက်သန်သန် ပြောပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ဖို့ သိပ်ကို ခက်ခဲနေမယ်ဆိုတာ သူကိုယ်တိုင်ကတော့ နားလည်ပြီး ဖြစ်ပါလိမ့်မယ်။
|
|
Last Updated on Thursday, 11 April 2013 19:15 |
|
Read more...
|
|
Written by နိုင်စေ
|
|
Tuesday, 23 November 2010 13:57 |
ဒီတစ်ပတ် ဗုဒ္ဓဟူးည ကစားကြမယ့် အုပ်စု A,B,C,D မှာ နောက်တစ်ဆင့် အတွက် တစ်အုပ်စုကို အနည်းဆုံး ၃ သင်း အသက်ရှိ နေကြတာကြောင့် ပြီးခဲ့တဲ့ အဂီါည ပွဲတွေထက် အကြိတ်အနယ် ပိုရှိနိုင် ပါတယ်။ အထူးသဖြင့် အုပ်စုဗိုလ် အသင်းတွေဟာ အောက် အသင်းတွေကို ပြတ်ပြတ်သားသား အမှတ်မဖြတ်နိုင် သေးတာကြောင့် ပွဲကို ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်စေ ပါတယ်။ မထင်မှတ်တဲ့ ရလဒ်တွေ ထွက်လာရင် နာမည်ကြီး အသင်း တွေတောင် အုပ်စု အဆင့်က လှည့်ပြန်ရ နိုင်တဲ့ အခြေအနေ ရှိနေတာကြောင့် ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ပွဲစဉ်တွေလို့ ဆိုနိုင်ပါတယ်။
|
|
Read more...
|
|
Written by နိုင်စေ
|
|
Tuesday, 23 November 2010 13:51 |
ဒီတစ်ပတ် အင်္ဂါည ကစားကြမယ့် အုပ်စု E,F,G,H တို့မှာ အုပ်စု E က ဘိုင်ယန်မြူးနစ်၊ အုပ်စု F ကချယ်လ်ဆီး၊ အုပ်စု G က ရီးယဲယ်တို့ နောက်တဆင့် တက်ဖို့ သေချာနေပြီ ဖြစ်ပြီး အုပ်စု H တစ်ခုသာ နောက်တစ်ဆင့် တက်မယ့် ၂ နေရာ အတွက် အသင်း ၃ သင်း လုရမယ့် အနေအထား ဖြစ်နေပါတယ်။ ရှေ့က အုပ်စု ၃ ခုမှာ အုပ်စု ပထမ နေရာကိုပါ ကျန်အသင်းတွေ ရဖို့ သိပ်မလွယ် တော့ဘဲ အုပ်စု ဒုတိယ နေရာနဲ့ နောက်တဆင့် တက်နိုင်ဖို့သာ အဓိက မျှော်လင့်ကြရ မှာပါ။ နောက်တစ်ဆင့် မတက်ရင်တောင် တတိယ နေရာနဲ့ ယူရိုပါလိဂ် ၀င်ခွင့်ရအောင် ကြိုးပမ်းရ မှာမို့ အသင်းလတ်တွေ အကြိတ်အနယ် ရှိကြမယ့် သီတင်းပတ်ပါ။
|
|
Read more...
|
|
Written by နိုင်စေ
|
|
Tuesday, 02 November 2010 20:48 |
ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ထူးခြားချက် တစ်ခုကတော့ ၃ ပွဲဆက် နိုင်ထားတဲ့ အသင်း ၄ သင်းအထိ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်၊ ချယ်လ်ဆီး၊ ရီးယဲယ် မက်ဒရစ်နဲ့ အာဆင်နယ် တို့ဟာ ဒီပွဲစဉ်မှာသာ အနိုင်ရ လိုက်ရင် နောက်တဆင့် တက်ဖို့ သေချာသွားမယ့် ၃ ပွဲဆက်နိုင် အသင်းတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီတစ်ပတ် ပွဲစဉ်တွေ အပြီးမှာ ဘယ်အသင်းတွေ နောက်တဆင့် တက်ဖို့ သေချာသွားမလဲ ဆိုတာ ပေါ်ထွက်လာ တော့မှာ ဖြစ်ပါတယ်။
|
|
Read more...
|
|
Written by နိုင်စေ
|
|
Monday, 01 November 2010 21:25 |
|
ဒီတစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်တွေဟာ စတုတ္တမြောက် အုပ်စု ပွဲစဉ်တွေ ဖြစ်လို့ နောက်တဆင့် တက်ချင်တဲ့ အသင်းတွေ အတွက် အမှားခံလို့ မရတော့တဲ့ အနေအထား ဖြစ်ပါတယ်။ ရှေ့ ၃ ပွဲမှာ ခြေချော် လက်ချော် ဖြစ်ထားတဲ့ အသင်းတွေ အနေနဲ့လည်း ပြန်ပြီး အဖတ်ဆည်ဖို့ အခွင့်အရေး ရှိနေသေး သလို အမှားအယွင်း မရှိ အမှတ်ပြည့် ရထားသူတွေ အတွက်လည်း နောက်တစ်ဆင့် တက်ရေး သေချာစေမယ့် ရမှတ် ရယူရတော့မယ့် အချိန် ဖြစ်ပါတယ်။ ပထမည ဖြစ်တဲ့ အင်္ဂါည ပွဲစဉ်တွေမှာ စပါး - အင်တာ၊ ဘင်ဖီကာ - လိုင်ယွန်၊ မန်ယူ - ဘူဆာစပေါနဲ့ ကိုပင်ဟေဂင် - ဘာစီလိုနာ ပွဲတွေဟာ ပရိသတ် စိတ်ဝင်စား နိုင်မယ့် ပွဲစဉ်တွေ ဖြစ်တာကြောင့် အကျယ်တ၀င့် ဖော်ပြလိုက်ရ ပါတယ်။
|
|
Last Updated on Tuesday, 02 November 2010 12:57 |
|
Read more...
|
|
Written by နိုင်စေ
|
|
Tuesday, 19 October 2010 19:12 |
|
ပထမနေ့က ပွဲတွေမှာ အုပ်စု E,F,G,H ပွဲစဉ်တွေ ကစားသွား ခဲ့တဲ့ အတွက် ဒီနေ့ည မှာတော့ အုပ်စု A,B,C,D ကို ယှဉ်ပြိုင်ကြရ မှာပါ။ ဒီအုပ်စုတွေမှာ အင်တာ - စပါး၊ တွမ်တီး - ဘရီမင်၊ လိုင်ယွန် - ဘင်ဖီကာ၊ ရိန်းဂျား - ဗလင်စီယာ စတဲ့ ပွဲစဉ်တွေက အကြိတ်အနယ် အရှိဆုံး ဖြစ်လာမယ့် ပွဲတွေပဲ ဖြစ်ပါတယ်။
|
|
Last Updated on Wednesday, 20 October 2010 17:31 |
|
Read more...
|
|
|
|
Page 1 of 4 |