Menu
A+ A A-

Articles

လန်ဒန်ဒါဘီ၊ မန်ချက်စတာဒါဘီ ဆက်တိုက်နွှဲမယ့် သီတင်းပတ်

  • Written by Admin Team
  • Category: EPL
  • Hits: 2687

ဒီတစ်ပတ်ကတော့ ပွဲကျန်တွေကို ကြားရက်မှာ ပြန်ကစားဖို့ပါ ရှိနေတာကြောင့် အသင်းကြီး တချို့ နှစ်ပွဲ ကစားရမယ့် အခြေအနေ ရှိပါတယ်။ ရက်ပိုင်းအတွင်း လန်ဒန်ဒါဘီနဲ့ မန်ချက်စတာဒါဘီကို ဆက်တိုက်ကြည့်ခွင့်ရမယ့် အခြေအနေတွေကတော့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာပါပဲ။

Read more: လန်ဒန်ဒါဘီ၊ မန်ချက်စတာဒါဘီ ဆက်တိုက်နွှဲမယ့် သီတင်းပတ်

ချယ်လ်ဆီး (၇)မှတ်ဖြတ် ဦးဆောင်ဖို့ အခွင့်အလမ်း များနေတဲ့ သီတင်းပတ်

  • Written by Admin Team
  • Category: EPL
  • Hits: 3337

ဒီတစ်ပတ် ပရီးမီးယား လိဂ်မှာတော့ FAဖလား ပွဲစဉ်တွေ ကစားဖို့အတွက် ပွဲတချို့ ရွှေ့ဆိုင်းပေးလိုက်ရပါတယ်။ ဒါကြောင့် စုစုပေါင်း (၅)ပွဲပဲ ကစားဖြစ်မှာပါ။ ဒီ(၅)ပွဲမှာမှ အသင်းကြီးတွေရဲ့ ပွဲစဉ်ဆိုလို့ ချယ်လ်ဆီး-တော့တင်ဟမ်ဟော့စပါး၊ ဝက်စ်ဘရွန်းဝစ်ခ်ျ-မန်ချက်စတာယူနိုက်တက် (၂)ပွဲပဲ ပါဝင်နေပါတယ်။

Read more: ချယ်လ်ဆီး (၇)မှတ်ဖြတ် ဦးဆောင်ဖို့ အခွင့်အလမ်း များနေတဲ့ သီတင်းပတ်

အစ်တီဟတ်မှာ ပထမဆုံး အကြိမ် သွင်းဂိုး ခန်းခြောက်သွားမှာလား မန်စီးတီး

  • Written by Admin Team
  • Category: EPL
  • Hits: 4184

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာတော့ တိုက်စစ်ဗျူဟာ အထက်သန်ဆုံး အသင်းနဲ့ ခံစစ်ဗျူဟာ စနစ်အကျဆုံး အသင်းတို့ အစ်တီဟတ်မှာ အားပြိုင်မယ့် ပွဲကြီးပွဲကောင်းကို ပရိသတ်တွေ စိတ်အဝင်စားဆုံး ဖြစ်နေပါလိမ့်မယ်။ နောက်တစ်ပွဲကတော့ ဒီတစ်ပတ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ရော်ဘင်ဗန်ပါစီ၊ ဝိန်းရွန်နီနဲ့ ဟွမ်မာတာတို့ (၃)ယောက်စလုံး စုံစုံညီညီ ပွဲထွက်လာတာကို ပထမဆုံး မြင်ရမယ့် အခွင့်အရေးအဖြစ် ယူနိုက်တက် ပရိသတ်နဲ့အတူ မျှော်လင့်ချင်စရာပါပဲ။ အာဆင်နယ်ကတော့ ပွဲချောင်ပြီး လီဗာပူးလ် အနေဖြင့်ကတော့ ကောင်းချင်ရင် စွတ်ကောင်းပြီး ညံ့ချင်ရင် သုံးမရ ဖြစ်နေတတ်တဲ့ ဝက်စ်ဘရွန်းဝစ်ခ်ျကို အဝေးကွင်းမှာ သွားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Read more: အစ်တီဟတ်မှာ ပထမဆုံး အကြိမ် သွင်းဂိုး ခန်းခြောက်သွားမှာလား မန်စီးတီး

အသင်းကြီးတွေ အဝေးကွင်းမှာ ပွဲကျပ်မယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၂၈)

  • Written by Admin Team
  • Category: EPL
  • Hits: 3007

ဒီတစ်ပတ်မှာတော့ Capital One ဗိုလ်လုပွဲကြောင့် ဆန်းဒါးလန်းနဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲစဉ်တွေကို ရွှေ့ဆိုင်း လိုက်ရပါတယ်။ ဒီတော့ မန်ချက်စတာဒါဘီရဲ့ အငွေ့အသက်တွေကို ထိတွေ့ခံစားခွင့် ကင်းကွာသွားပြီး တခြား အသင်းတွေရဲ့ အနေအထားကိုပဲ စောင့်ကြည့် ရတော့မှာပါ။ ချန်ပီယံလုပွဲမှာ မန်စီးတီး တစ်ပွဲနောက်ကျ ကျန်နေမယ့် အတောအတွင်း တခြား(၃)သင်းကတော့ အဝေးကွင်းမှာ သွားကစားရမှာ ဖြစ်တဲ့ အတွက် ခြေချော်လက်ချော် မဖြစ်အောင် သတိကြီးကြီး ထားရပါလိမ့်မယ်။ တကယ်လို့ ဒီအခြေအနေမှာ ခြေချော်လက်ချော် တစ်ခုခုဖြစ်လိုက်ရင် မန်စီးတီးကို အခွင့်အရေး ပေးသလို ဖြစ်သွားမယ် ဆိုတာ အာစင်ဝင်းဂါး၊ ဘရန်ဒန်ရော့ဂျာနဲ့ ဟိုဆေးမော်ရင်ဟိုတို့အားလုံး သေသေချာချာ သဘောပေါက်ထားပြီး ဖြစ်နေမှာပါ။

Read more: အသင်းကြီးတွေ အဝေးကွင်းမှာ ပွဲကျပ်မယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၂၈)

စတမ်းဖို့ဒ်ဘရစ်ဂ်ျမှာ ချန်ပီယံတို့ရဲ့ ဆူးခင်းလမ်း ဒီထက်ကြမ်းဦးမယ်

  • Written by Admin Team
  • Category: EPL
  • Hits: 5595

သီတင်း တစ်ပတ်လောက် ရှားရှားပါးပါး နားရက် ရပြီးတဲ့နောက် အင်္ဂလန် ကလပ် အသင်းတွေ အတွက် ပရီးမီးယားလိဂ် ပွဲစဉ်တွေ တစ်ကျော့ပြန် စတင် လာပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ အပြောင်းအရွှေ့ ကောလာဟလတွေကသာ အဓိက စိတ်ဝင်စားစရာ ဖြစ်နေပေမယ့် ခုတစ်ခါတော့ ဘောလုံးပွဲ ရလဒ်တွေ အပေါ် ပရိသတ်တွေ ပြန်ပြီး ခေါင်းလည် လာပါတော့မယ်။ ဒီတစ်ပတ်တော့ အသင်းကြီး တော်တော်များများ ပွဲချောင်တယ်လို့ ဆိုနိုင်တဲ့ အနေအထားပါ။ မန်ချက်စတာ ယူနိုက်တက်က လွဲလို့ပေါ့။ မနှစ်က အင်္ဂလန် ချန်ပီယံ ဆုကို အမှတ်ဖြတ် ဆွတ်ခူး ခဲ့ပေမယ့် ဒီရာသီ ဒယိမ်းဒယိုင် ဖြစ်နေတဲ့ ယူနိုက်တက်ဟာ စတမ်းဖို့ဒ်ဘရစ်ဂ်ျမှာ ချယ်လ်ဆီးကို ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် တကယ့်ကို မလွယ်ကြောပဲ ဖြစ်ပါတယ်။

Read more: စတမ်းဖို့ဒ်ဘရစ်ဂ်ျမှာ ချန်ပီယံတို့ရဲ့ ဆူးခင်းလမ်း ဒီထက်ကြမ်းဦးမယ်

Logo Sponsors