Friday, 24 May 2013
Home World UEFA Champions League နောက်ဆုံးသတင်းများ
ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဒေါ့တ်မန် ကွင်းလယ်လူ ဂေါ့ဇီ သေချာပေါက် လွဲချော် PDF Print E-mail
Written by Admin Team   
Thursday, 23 May 2013 17:53

ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘိုရပ်ရှားဒေါ့တ်မန် ကွင်းလယ် တိုက်စစ်သမားလေး မာရီယို ဂေါ့ဇီ ပါဝင် မကစားနိုင်ရန် သေချာ သွားပြီဟု သိရှိရသည်။



ဂျာမန် လက်ရွေးစင် ဂေါ့ဇီ အနေဖြင့် လာမည့်ရာသီ ၎င်းကူးပြောင်းမည့် ဂျာမန်ပြည်တွင်း ပြိုင်ဘက် ဘိုင်ယန်မြူးနစ်နှင့် ရင်ဆိုင် ရမည့် ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်မည် ဖြစ်သည်။ ယင်းပွဲစဉ်သည် ဒေါ့တ်မန် အတွက် ဂေါ့ဇီ၏ နောက်ဆုံး နှုတ်ဆက်ပွဲ သဖွယ်လည်း ဖြစ်နေသည့်တိုင် ပါဝင် ကစားနိုင်တော့မည် မဟုတ်ချေ။ ထိုအနေ အထားကြောင့် ခါးသီး ပြိုင်ဘက်ထံ ကူးပြောင်းရန် သဘော တူညီခဲ့သည့် ၎င်းအပေါ် ဒေါ့တ်မန် ပရိသတ်များ၏ မုန်းတီး ဒေါသ ထွက်မှုကို ရှောင်လွှဲနိုင်ဖွယ် ရှိနေသည်။



ဒေါ့တ်မန် အသင်းက ဂေါ့ဇီ အနေဖြင့် ပေါင်ဒဏ်ရာကြောင့် ဝင်ဘလေတွင် စနေနေ့ည ကစားမည့် ပွဲစဉ်ကို လွဲချော်မည်ဲဖစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။ ယင်းသည် ဗိုလ်လုပွဲ အတွက် ပြင်ဆင်နေသည့် ဒေါ့တ်မန်နည်းပြ ယာဂန်ကလော့ပ် အတွက် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာသည်။ အသက်(၂၀)အရွယ် ကစားသမားသည် ပြီးခဲ့သည့် သီတင်းပတ်က မြူးနစ်မြို့တွင် ကြွက်သား အထူးကု ဆရာဝန် တစ်ဦးနှင့် ဒဏ်ရာကို စစ်ဆေး ပြသခဲ့သော်လည်း ဗိုလ်လုပွဲ အမီ ပျောက်ကင်းအောင် မျှော်လင့်ခွင့် မရှိခဲ့ဟု ဆိုသည်။ ဘိုင်ယန် အသင်းသည် လာမည့်ရာသီတွင် ဂေါ့ဇီကို စာချုပ်ပါ သတ်မှတ် ပြောင်းရွှေ့ကြေး အတိုင်း ပေါင်စတာလင် (၃၁.၅)သန်း ပေးချေပြီး ခေါ်ယူရန် ကြိုတင် သဘော တူညီထားသည်။
ဒေါ့တ်မန်အသင်းက ဂေါ့ဇီအနေဖြင့် ပေါင်ဒဏ်ရာကြောင့် ဝင်ဘလေတွင် စနေနေ့ည ကစားမည့် ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့...
Ref: Daily Mail

 

 
ချန်ပီယံလိဂ် ဗိုလ်လုပွဲမှ လွဲ၍ လောလောဆယ် ကျန်ပွဲစဉ်များကို အာရုံ မထားဟု လီဝင်ဒေါစကီးဆို PDF Print E-mail
Written by Admin Team   
Tuesday, 21 May 2013 17:48

ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွက် နှစ်မြှုပ်ထားသော မိမိတို့၏ အာရုံသည် ကျန်ပွဲ ရလဒ်များ အတွက် ထိပါး ယိမ်းယိုင်မှု ရှိမည် မဟုတ်ကြောင်း ဘိုရပ်ရှား ဒေါ့တ်မန် တိုက်စစ်မှူး လီဝင်ဒေါစကီးက ပြောကြားလိုက်သည်။

 
ဘာစီလိုနာကို နိုင်ရန် ထင်သလောက် မခက်လှဟု ရော်ဘန်ပြောကြား PDF Print E-mail
Written by Admin Team   
Friday, 03 May 2013 00:50

ဘာစီလိုနာကို အနိုင် ယူရေးသည် ထင်သလောက် မခက်ခဲခဲ့ဟု ဘိုင်ယန်မြူးနစ် တောင်ပံလူ အာယန်ရော်ဘန်က ပြောကြားလိုက်သည်။

 
ဘာစီလိုနာကို အံ့ဩဖွယ်ရာ အနိုင် ကစားပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ခဲ့သည့် ဘိုင်ယန် PDF Print E-mail
Written by Admin Team   
Thursday, 02 May 2013 17:37

ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်များ ကစားပြီးနောက် ဘိုရပ်ရှားဒေါ့တ်မန်နှင့် ဖလားလုပွဲ ဆင်နွှဲရန် ဘိုင်ယန်မြူးနစ်တို့ နူးကမ့်တွင် ဘာစီလိုနာအား ပြတ်ပြတ်သားသား ပညာပေးပြသွားခဲ့သည်။

 
ရီးယဲလ်ကို အရေးနိမ့်သော်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်သွားသည့် ဒေါ့တ်မန် PDF Print E-mail
Written by Admin Team   
Wednesday, 01 May 2013 17:22

ယမန်နေ့ညက ကစားသည့် ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ရလဒ်အရ ဘိုရပ်ရှားဒေါ့တ်မန် အသင်းသည် ဗိုလ်လုပွဲသို့ အောင်မြင်စွာ တက်ရောက်ခွင့် ရရှိသွားပြီ ဖြစ်သည်။

 
ရီးယဲလ်ကို ဒေါ့တ်မန် ကျော်ဖြတ်ရေးတွင် ဟန်ချက်သည် အဓိက သော့ချက် ဖြစ်မည်ဟု နည်းပြသုံးသပ် PDF Print E-mail
Written by Admin Team   
Tuesday, 30 April 2013 18:21

ရီးယဲလ်မက်ဒရစ်ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ရေးတွင် အသင်း၏ ဟန်ချက်က အဓိက အကျဆုံး ဖြစ်လာမည်ဟု ဘိုရပ်ရှားဒေါ့တ်မန် နည်းပြ ယာဂင်ကလော့ပ်က သုံးသပ် ပြောကြားလိုက်သည်။

 
လီဝင်ဒေါစကီး အကြောင်း သိလျှက်နှင့် ဂိုးများစွာ သွင်းခွင့် ပေးလိုက်ရခြင်းဟု မော်ရင်ဟို ညည်းညူ PDF Print E-mail
Written by Admin Team   
Thursday, 25 April 2013 18:18

ရောဘတ် လီဝင်ဒေါစကီး အကောင်းဆုံး ကစားသမား ဖြစ်သွားစေသည့် အဓိက အကြောင်းရင်းသည် မိမိတို့၏ ခံစစ်သာ ဖြစ်ကြောင်း ရီးယဲလ်မက်ဒရစ် နည်းပြ ဟိုဆေး မော်ရင်ဟိုက ညည်းညူခဲ့သည်။

 
ချန်ပီယံလိဂ် အောင်မြင်မှုကို မျှော်လင့် နေမိပြီဟု လီဝင်ဒေါစကီး ဝန်ခံ PDF Print E-mail
Written by Admin Team   
Thursday, 25 April 2013 17:56

ရီးယဲလ်မက်ဒရစ်ဘက် တစ်ဦးတည်း (၄)ဂိုး သွင်းခဲ့သည့်နောက် ရောဘတ် လီဝင်ဒေါစကီးက ချန်ပီယံလိဂ် အောင်မြင်မှုကို ဘိုရပ်ရှားဒေါ့တ်မန် အသင်းနှင့် အတူ ရယူရန် မျှော်လင့်နေမိပြီဟု ပြောကြားခဲ့သည်။

 
ရီးယဲလ်ကို အံ့ဩဖွယ်ရာ ဂိုးပြတ် အနိုင်ကစားပြခဲ့သည့် ဒေါ့တ်မန် PDF Print E-mail
Written by Admin Team   
Thursday, 25 April 2013 17:28

ယမန်နေ့ညက ကစားသည့် ချန်ပီယံလိဂ် အကြိုဗိုလ်လု ပွဲစဉ်တွင် ဂျာမန်ကလပ် ဘိုရပ်ရှား ဒေါ့တ်မန်က ရီးယဲလ်မက်ဒရစ်ကို အံ့အားသင့်ဖွယ် (၄-၁) ရလဒ်ဖြင့် အနိုင်ရရှိသွားခဲ့သည်။

 
ဘာကာ၏ အမြင့်ဘော အားနည်းချက်ကြောင့် အနိုင် ရမည်ဟု ယုံကြည် ထားခဲ့ကြောင်း လမ်းပြောကြား PDF Print E-mail
Written by Admin Team   
Thursday, 25 April 2013 00:39

ဘိုင်ယန်မြူးနစ် အသင်းခေါင်းဆောင် ဖိလစ်လမ်းက ၎င်း၏ အသင်းသည် ဘာစီလိုနာကို အနိုင် ကစားနိုင်မည် ဆိုခြင်းအား ကြိုတင် သိရှိထားကြောင်း ပြောဆိုလိုက်သည်။

Last Updated on Thursday, 25 April 2013 18:16
 
«StartPrev12345678910NextEnd»

Page 1 of 25

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.