Sunday, 19 May 2013
Home Myanmar Others အခြား ဆောင်းပါးများ

Other Articles
အုပ်စုဗိုလ် နေရာအတွက် ရုန်းကန်ရမယ့် ရန်ကုန် ~ AFC Cup အုပ်စု နောက်ဆုံး ပွဲစဉ်များ ပွဲကြို သုံးသပ်ချက် PDF Print E-mail
Written by Admin Team   
Tuesday, 30 April 2013 09:52

AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ်တွေရဲ့ အုပ်စု နောက်ဆုံးပွဲစဉ်တွေကို ယခုတစ်ပတ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ မြန်မာနေရှင်နယ်လိဂ်က ကလပ်(၂)သင်း ၀င်ရောက် ယှဉ်ပြိုင်နေရာမှာ (၂)သင်းစလုံး နောက်တစ်ဆင့် အတွက် အဖြေပေါ်ပြီး ဖြစ်ပါတယ်။ ရန်ကုန်က နောက်တစ်ဆင့်ကို တက်ရောက် နိုင်ခဲ့ပြီ ဖြစ်ပေမယ့် ဧရာဝတီကတော့ ရန်ကုန်နဲ့ ဆန့်ကျင်ဘက် အနေအထားနဲ့ အုပ်စုက ထွက်ခဲ့ရပါပြီ။ လက်ရှိမှာ ရလဒ်တွေ ဘယ်လိုပဲ ဖြစ်နေပေမယ့် အုပ်စုနောက်ဆုံးပွဲ ဖြစ်တာမို့ ဂုဏ်သိက္ခာအရ ရလဒ်ကောင်းဖို့ အားစိုက်လာမယ်လို့ မျှော်လင့်ရပါတယ်။

 
ရန်ကုန် ရုန်းကန်ရနိုင်ပြီး ဧရာဝတီ အိမ်ကွင်းမှာ နိုင်ပွဲစရမယ့် AFC Cup အုပ်စု ပွဲစဉ်(၄) သုံးသပ်ချက် PDF Print E-mail
Written by Admin Team   
Tuesday, 09 April 2013 10:33

လာမယ့် အင်္ဂါနဲ့ ဗုဒ္ဒဟူး နေ့တွေမှာ မြန်မာနေရှင်နယ်လိဂ် ကလပ်တွေ ဖြစ်တဲ့ ရန်ကုန်နဲ့ ဧရာဝတီတို့ဟာ AFC Cup အုပ်စုပွဲစဉ်တွေကို အသီးသီး ယှဉ်ပြိုင်ရပါ ဦးမယ်။ လက်ရှိ အချိန်ထိ AFC Cup အုပ်စုပွဲ (၃)ပွဲ ကစားပြီးချိန်မှာ ရန်ကုန်က ရမှတ်(၉)မှတ်နဲ့ အုပ်စု(စ)ကို ဦးဆောင်နေပေမယ့် ဧရာဝတီကတော့ ရမှတ်(၁)မှတ်မှ မရသေးပဲ အုပ်စု(ဆ)ရဲ့ အောက်ဆုံးမှာ ရောက်နေတာမို့ အခြေအနေခြင်း တော်တော်လေး ကွာခြားနေပါတယ်။ ရန်ကုန်က လက်ကျန်ပွဲတွေမှာ (၁)မှတ် ရရင်ပဲ အုပ်စုက လွတ်မှာ ဖြစ်ပေမယ့် အုပ်စု ပထမနေရာကို လိုချင်တာ ဆိုရင်တော့ (၁)မှတ်ထက်မက ပိုရဖို့ လိုအပ်ပါတယ်။ ဧရာဝတီကတော့ ရမှတ်ဗလာ ဖြစ်နေလို့ မျှော်လင့်ချက် နည်းနေပေမယ့် ထိပ်ဆုံးက ကီလန်တန်တောင် ရမှတ် (၇)မှတ်သာ ရှိနေသေးလို့ လက်ကျန် (၃)ပွဲလုံးကို အနိုင်ကစားနိုင်ခဲ့မယ် ဆိုရင် အုပ်စုက လွတ်ဖို့ မျှော်လင့်နိုင်မှာပါ။

 
မြန်မာကလပ်တွေ ရုန်းကန်ရနိုင်တဲ့ AFC Cup အုပ်စုပွဲစဉ်(၃) PDF Print E-mail
Written by Admin Team   
Tuesday, 02 April 2013 21:17

၂၀၁၃ AFC Cup ပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ် (၃)ပွဲမြောက် အရောက်မှာ မြန်မာကလပ် အသင်းတွေ ဖြစ်တဲ့ ရန်ကုန်နဲ့ ဧရာဝတီတို့ဟာ မော်လ်ဒိုက်ဗ် ကလပ်တွေနဲ့ လာဆုံနေပါတယ်။ ရန်ကုန်က မော်လ်ဒိုက်ဗ် ချန်ပီယံ နယူးရေးဒီးယန့်နဲ့ လာဆုံနေတာ ဖြစ်ပြီး ဧရာဝတီကတော့ မော်လ်ဒိုက်ဗ် အက်ဖ်အေဖလား ချန်ပီယံ မာဇီယာနဲ့ ရင်ဆိုင်ရမှာပါ။ လက်တလော ရလဒ်တွေ အရတော့ ရန်ကုန်နဲ့ နယူးရေးဒီးယန့် တို့က အုပ်စုဗိုလ် နေရာကို အပြိုင်လုရမှာ ဖြစ်ပေမယ့် ဧရာဝတီက မာဇီယာကို အနိုင်ရခဲ့မယ် ဆိုရင် ဇယားအောက်ခြေက တက်နိုင်မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် (၂)ပွဲသာ ကစားရသေးတာမို့ (၆)ပွဲထိ ကစားရမယ့် အုပ်စုပွဲတွေမှာ ဘာမဆို ဖြစ်လာနိုင်ပါတယ်။ ဧရာဝတီကပဲ ရလဒ်ကောင်းတွေကို ရယူပြီး ဇယားအထက်ပိုင်းကို ပြန်တက်သွားမလား၊ ရန်ကုန်ကရော နိုင်ပွဲဆက်နေတဲ့ ရလဒ်ကောင်းကို ဆက်ထိန်းထားနိုင်မလား ဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။

 
မြန်မာ ကလပ်တွေ အခြေအနေ ကောင်းနိုင်ခြေ ရှိတဲ့ AFC Cup ဒုတိယမြောက် အုပ်စု ပွဲစဉ်များ သုံးသပ်ချက် PDF Print E-mail
Written by Admin Team   
Tuesday, 12 March 2013 04:00

မောင်းကော့မှာ အမြင့်ပျံမယ့် ရန်ကုန်


ဓါတ်ပုံ - YUFC


ထိပ်တိုက်တွေ့ဆုံမှု

မရှိ

ဆန်ဟီ၏ နောက်ဆုံး (၃)ပွဲ ရလဒ်
ဆန်ဟီ ၃-၂ ဆောက်သမ်း ဒစ်စ်ထရစ်
ရေးဒီးယန့် ၁-၀ ဆန်ဟီ
ဆန်ဟီ ၀-၃ ဆောက်ချိုင်းနား

ရန်ကုန်၏ နောက်ဆုံး(၃)ပွဲ ရလဒ်
ဇေယျာရွှေမြေ ၁-၀ ရန်ကုန်
ရန်ကုန် ၂-၀ နေပြည်တော်
ရန်ကုန် ၃-၀ ပါစီဘို

အဖွင့်ပွဲမှာ အနိုင်ရခဲ့တဲ့ ရန်ကုန် ယူနိုက်တက် အနေနဲ့ အဝေးကွင်းမှာ စမ်းသပ်ခံရမယ့် ပွဲစဉ်တစ်ပွဲပဲ ဖြစ်ပါတယ်။ ရန်ကုန်ဟာ ပြီးခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ အင်ဒိုကလပ် ပါစီဘိုကို အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ကစားပြီး အုပ်စု ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အရံတစ်ယောက်သာ ပါပြီး ကိုယ့်ထက်အားနည်းတဲ့ အသင်းတစ်သင်း ဖြစ်နေတာကြောင့် ရန်ကုန်ရဲ့ အနိုင်ရလဒ်က ဂုဏ်ယူစရာတော့ မဖြစ်ခဲ့ပါဘူး။ ရန်ကုန်ဟာ ဒီတစ်ပတ်မှာတော့ ဟောင်ကောင် ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ဆန်ဟီအသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။


ဆန်ဟီအသင်းကတော့ ပြီးခဲ့တဲ့နှစ် ဟောင်ကောင် ပထမတန်းမှာ အဆင့်(၄)သာ ရခဲ့ပေမယ့် ဟောင်ကောင် စီနီယာဒိုင်း ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့တာကြောင့် AFC Cup ပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အဖွင့်ပွဲကို အဝေးကွင်းမှာ ကစားခဲ့ရပေမယ့် မော်လ်ဒိုက်ဗ်ကလပ် အသင်း နယူးရေးဒီးယန့်ကို (၁)ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ပါတယ်။ မော်လ်ဒိုက်ဗ် ချန်ပီယံ အသင်းကို အဝေးကွင်းမှာ တစ်ဂိုးတည်းနဲ့ ကပ်ရှုံးခဲ့ရတာ ဖြစ်လို့ ဆန်ဟီရဲ့ ခြေစွမ်းကို လျော့တွက်ဖို့တော့ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် အိမ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် အဖွင့်ပွဲ အရှုံးရလဒ်ကို ချေဖျက်နိုင်ဖို့ အားထည့်ကြိုးစားလာမှာ သေချာပါတယ်။ ဒါပေမဲ့ ဒီရာသီ ဟောင်ကောင် ပထမတန်းမှာ အခြေအနေ မကောင်းဘဲ (၁၂)ပွဲ ကစားပြီးချိန်မှာ ရမှတ် (၁၀)မှတ်နဲ့ ဇယားအောက်ဆုံးကို ရောက်နေတာကတော့ ဆန်ဟီရဲ့ ခြေစွမ်းကို အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှု ရှိနေနိုင်ပါတယ်။


ပါစီဘိုကို နိုင်ခဲ့သည့် ပွဲမှ ကျော်ကိုကို၏ ထိုးဖောက်ဟန်                                                      ဓါတ်ပုံ - YUFC


နှစ်သင်းရဲ့ ခြေစွမ်းကို နှိုင်းယှဉ်ကြည့်ရင်တော့ ရန်ကုန်က ဆန်ဟီထက် အနည်းငယ် သာနေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ရေးဒီးယန့်နဲ့ ပွဲမှာ ဆန်ဟီရဲ့ ခြေစွမ်း မကောင်းပါဘူး။ အထူးသဖြင့် ခံစစ်ကြောင်းမှာ အားနည်းချက်တွေ ရှိနေပါတယ်။ ဆန်ဟီရဲ့ ခံစစ်ကြောင်းဟာ လူကပ်တဲ့ အပိုင်းမှာ အားနည်းချက်တွေ ရှိနေခဲ့ပြီး ရေးဒီးယန့် တိုက်စစ်မှူးတွေကို တောက်လျှောက် လွှတ်ပေးထားခဲ့ပါတယ်။ ရေးဒီးယန့် တိုက်စစ်မှူးတွေ ဂိုးသွင်းသာ သေချာခဲ့ရင် အနည်းဆုံး (၃)ဂိုးလောက် ပြတ်နိုင်တဲ့ ပွဲပါ။ ဆန်ဟီရဲ့ တိုက်စစ်ပိုင်းမှာလည်း အားနည်းချက်တွေ ရှိနေပြီး ရေးဒီးယန့်နဲ့ ပွဲမှာ ပွဲချိန်တစ်လျှောက် ဂိုးပေါက်ခြိမ်းခြောက်မှု ဟုတ်တိပတ်တိ မရှိခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ ရန်ကုန်ကလည်း လက်ရှိမှာ ခြေစွမ်း အကောင်းကြီး မဟုတ်သေးပါဘူး။ အသင်းလိုက် ကစားပုံက ဟန်ချက်ညီဖို့ လိုနေသေးပြီး ကိုယ့်ထက် ကောင်းတဲ့ ပြိုင်ဘက်နဲ့ တွေ့ခဲ့ရင် ရုန်းကန်ရနိုင်ပါတယ်။ အသင်းမှာ အားအနည်းဆုံး အပိုင်းက ခံစစ်ကြောင်းပါ။ ခံစစ်ကြောင်းရဲ့ စုဖွဲ့မှုက တောင့်တင်းပေမယ့် နားလည်မှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ တစ်ယောက်ချင်းစီရဲ့ တာဝန်ယူမှု အပိုင်းတွေ ကွဲပြားသွားရင်တော့ အခုထက် ပိုကောင်းလာနိုင်ပါတယ်။ တိုက်စစ်ပိုင်းမှာလည်း အားနည်းချက် ရှိနေပါသေးတယ်။ အထင်ရှားဆုံး အားနည်းချက်က ဂိုးသွင်းယူမှုအပိုင်းမှာ မသေသပ်တာပါ။ ကွင်းလယ်ပိုင်းက ဖန်တီးမှုတွေ ကောင်းပေမယ့် ဖန်တီးတဲ့ အကြိမ်ရေနဲ့ နှိုင်းယှဉ်ကြည့်ရင် ရဂိုးက နည်းနေပါသေးတယ်။ တစ်ဘက်အသင်းကသာ ပိတ်ကစားလာမယ် ဆိုရင် ရန်ကုန်တို့ ဂိုးရဖို့ ခက်လေ့ရှိတာကလည်း ပြင်မရသေးတဲ့ အားနည်းချက် တစ်ခုပဲ ဖြစ်ပါတယ်။

ခြေစွမ်းအရတော့ ဒီပွဲမှာ ရန်ကုန်ပဲ အနိုင်ရလာဖို့ ရှိနေပါတယ်။ ဒါပေမဲ့ မဖြစ်မနေ ထည့်တွက်သင့်တဲ့ အရာတစ်ခုက ဆန်ဟီရဲ့ အိမ်ကွင်း ရုန်းကန်အားပါ။ အိမ်ကွင်း အဝေးကွင်း ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲ ဖြစ်တာနဲ့ အညီ အသင်းတွေဟာ အဝေးကွင်းမှာ ရလဒ်မကောင်းရင်တောင် အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ ကြိုးစားလေ့ ရှိပါတယ်။ ဒါ့အပြင် ဆန်ဟီရဲ့ အိမ်ကွင်းဖြစ်တဲ့ မောင်းကော့ ကွင်းမှာလည်း ရန်ကုန်တို့ တစ်ကြိမ် ကစားထားဖူးပြီး ရှုံးထားခဲ့ပါတယ်။ ဆန်ဟီကတော့ အိမ်ကွင်း အရှိန်နဲ့ ရန်ကုန်ကို တိုက်မှာ သေချာပါတယ်။ ပွဲအစပိုင်းမှာသာ ဂိုးမပေးရဘူး ဆိုရင်တော့ ရန်ကုန်တို့ ဒီပွဲမှာ အခြေအနေ ကောင်းမှာပါ။ ကြည်လင်းနဲ့ ပြည့်ဖြိုးအောင်၊ ကျော်ကိုကိုနဲ့ ဒေးဗစ်ထန်တို့ရဲ့ ဘယ်ညာတောင်ပံ တွဲလုံးတွေရဲ့ အစွမ်းနဲ့ပဲ ရန်ကုန်တို့ ဟောင်ကောင်မှာ အမြင့်ပျံပါလိမ့်မယ်။


အိမ်ကွင်းမှာ သိက္ခာဆယ်ရမယ့် ဧရာဝတီ



ထိပ်တိုက်တွေ့ဆုံမှု
၂၀၁၂  AFC Cup        ဧရာဝတီ ၃-၁ ကီလန်တန်   
၂၀၁၂  AFC Cup        ကီလန်တန် ၁-၀ ဧရာဝတီ

ဧရာဝတီ၏ နောက်ဆုံး (၃)ပွဲ ရလဒ်
ကမ္ဘောဇ ၃-၀ ဧရာဝတီ
ဧရာဝတီ ၂-၀ ရခိုင်
ဒါနန်း ၂-၁ ဧရာဝတီ

ကီလန်တန်၏ နောက်ဆုံး (၃)ပွဲ ရလဒ်
ကီလန်တန် ၁-၁ ပီရက်   
ကီလန်တန် ၁-၁ မာဇီယာ
စင်ကာပူလိုင်းယင်း ၁-၀ ကီလန်တန်

အဝေးကွင်းမှာ ဗီယက်နမ်ကလပ် ဒါနန်းကို ရှုံးခဲ့ပြီး အဖွင့်မလှ ဖြစ်ခဲ့ရတဲ့ ဧရာဝတီအတွက် သိက္ခာပြန်ဆည်ရမယ့် ပွဲပဲ ဖြစ်ပါတယ်။ ဧရာဝတီဟာ ပြည်တွင်းပွဲတွေမှာလည်း အခြေအနေ မကောင်းပါဘူး။ (၅)ပွဲ ကစားပြီးချိန်မှာ တစ်ပွဲသာ နိုင်သေးပြီး (၃)ပွဲသရေ၊ (၁)ပွဲရှုံးထားတဲ့ ခြေစွမ်းက အားရဖို့တော့ မကောင်းပါဘူး။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ဒါနန်းနဲ့ ပွဲအပြီးမှာ အသင်းက (၂)ပတ်လောက် အနားရထားတာ ဖြစ်လို့ လတ်လတ်ဆတ်ဆတ် ဖြစ်နေမှာတော့ အသေအချာပါပဲ။ ဧရာဝတီဟာ ဒါနန်းရဲ့ကွင်းမှာ အိမ်ရှင်အသင်းကို ကျော်လွန်နိုင်ခဲ့ခြင်း မရှိဘဲ အရှုံးပေးခဲ့ရတာ ဖြစ်လို့ အသင်းရဲ့ ခြေစွမ်းပိုင်းကတော့ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုနေပါသေးတယ်။ ပွဲတွေ နားထားတဲ့ ကာလဖြစ်လို့ အနားရထားပေမယ့် အသင်းရဲ့ ခြေစွမ်းအတက်အကျကို သိနိုင်မယ့် ပြိုင်ပွဲတွေ မရှိတာကြောင့် ခြေစမ်းပွဲတွေ ကစားပြီးတော့ပဲ ခြေသွေးနေရပါတယ်။ ပူပူနွေးနွေး ကစားပြီးသွားတဲ့ ခြေစမ်းပွဲမှာ မနောမြေလို ခြေစွမ်းမာကျောတဲ့ အသင်းတစ်သင်းကို ဂိုးပြတ် နိုင်ခဲ့တယ် ဆိုပေမယ့် ကစားခဲ့တဲ့ ပွဲက ဖိအားမရှိတဲ့ ခြေစမ်းပွဲသာ ဖြစ်လို့ ဒီပွဲခြေစွမ်းကို ပုံသေမှတ်ယူလို့ မရတာတော့ အသေအချာပါပဲ။ ခုတစ်ပတ်မှာတော့ မလေးရှား ချန်ပီယံ ကီလန်တန်လို အသင်းနဲ့ လာတွေ့နေတာက ဧရာဝတီအတွက် ပွဲကြပ် ကြုံနေတယ်လို့ ပြောရမှာပါ။

ကီလန်တန်ဆိုတာက မလေးရှားရဲ့ အသင်းကြီးတစ်သင်းပါ။ ပြီးခဲ့တဲ့ ၂၀၁၂ ဘောလုံးရာသီမှာ စူပါလိဂ်ဖလားအပြင်၊ အက်ဖ်အေဖလား၊ မလေးရှား ဖလားတွေကိုပါ ရယူထားနိုင်တဲ့ အသင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကီလန်တန်လည်း ဒီရာသီမှာ ယိမ်းယိုင်မှုတွေ ဖြစ်နေပြီး ပြည်တွင်းလိဂ်ပွဲ (၁၀)ပွဲ ကစားပြီးချိန်မှာ ရမှတ်(၁၁)မှတ်နဲ့ အဆင့်(၈)ကို ရောက်နေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ (၃)ပွဲမှာ နိုင်ပွဲ လုံးဝမရှိပဲ (၂)ပွဲသရေ၊ (၁)ပွဲရှုံးထားပါတယ်။ ဒီလိုမျိုး ခြေစွမ်းပိုင်း၊ ရလဒ်ပိုင်း ကျဆင်းမှုတွေ ဖြစ်နေပေမယ့် AFC Cup အဖွင့်ပွဲဖြစ်တဲ့ မော်လ်ဒိုက်ဗ်က မာဇီယာနဲ့ ပွဲမှာတော့ သရေရအောင် ကစားထားနိုင်ပါတယ်။ ဒါကိုကြည့်ရင် ကီလန်တန်ဟာ ပြီးခဲ့တဲ့ နှစ်က ကွာတားဖိုင်နယ် အထိ တက်နိုင်ခဲ့တဲ့ ဒီပြိုင်ပွဲကို အလေးထားတယ် ဆိုတာကို သိသာပါတယ်။ ဒါကြောင့်မို့ ဧရာဝတီနဲ့ ပွဲမှာ အနိုင်ရအောင် အားစိုက်လာနိုင်ပါတယ်။


ဒါနန်းကို ရှုံးခဲ့သည့် ပွဲမှ ဧရာဝတီ ကွင်းလယ်လူ ဒေါမနစ်၏ ကစားဟန်


ဧရာဝတီရဲ့ ခြေစွမ်းကတော့ အရင်နှစ်ကနဲ့ နှိုင်းစာရင် အားနည်းချက်တွေ တစ်ပုံတစ်ပင်ပါပဲ။ တိုက်စစ်ပိုင်း အားနည်းနေသလို ခံစစ်ပိုင်းကလည်း ပုံစံကောင်းမရပါဘူး။ ဒီရာသီမှာ အားကိုးတကြီး ခေါ်လိုက်တဲ့ ဂျပန်ကွင်းလယ်လူ အိုတိုမိုက ဒဏ်ရာကြောင့် မကစားနိုင်သေးသလို ရှေ့တန်းက လီအန်ဒရိုကလည်း အသင်းနဲ့ အံမ၀င်သေးပါဘူး။ အရင်နှစ်က ကစားသွားတဲ့ ဂျူပီတာက အာဖရိကန် ဖြစ်တာကြောင့် ပါဝါကို အားကိုးပြီး ရိုးရိုးရှင်းရှင်း ကစားပေမယ့် လီအန်ဒရိုကတော့ ဘရာဇီး ဖြစ်တာမို့ အတို့အထိလေးတွေကို ပိုသဘောကျပါတယ်။ ဧရာဝတီရဲ့ ပြဿနာက လီအန်ဒရိုကို အသင်းနဲ့ အံဝင်အောင် မလုပ်နိုင်သေးတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကွင်းလယ်မှာ မင်းမင်းသူ မကစားနိုင်တာ ကလည်း တော်တော်လေး အားနည်းစေပါတယ်။ ဒီကြားထဲမှာ မနှစ်က အားထားရတဲ့ အောင်ကျော်မျိုးနဲ့ နန္ဒလင်းကျော်ချစ်တို့ ပုံမှန်ခြေစွမ်း မရတာကလည်း အသင်းကို အတိုင်းအတာ တစ်ရပ်အထိ သက်ရောက်မှု ရှိပါတယ်။ ကီလန်တန်ကတော့ အဖွင့်ပွဲမှာ မာဇီယာကို အိမ်ကွင်းမှာ သရေကျခဲ့ပေမယ့် ခြေစွမ်းမညံ့ပါဘူး။ ပွဲချိန် တစ်လျှောက် ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနေခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရခဲ့ပေမယ့် ဂိုးကံခေခဲ့လို့ အနိုင်မရခဲ့တာပါ။ ဒါကြောင့်မို့ ဧရာဝတီ အနေနဲ့ ဒီပွဲမှာ ကီလန်တန်ကို ပေါ့ပေါ့ဆဆ ရင်ဆိုင်ခဲ့ရင်တော့ ပေးဆပ်ရမှု ကြီးသွားနိုင်ပါတယ်။

အဖြစ်နိုင်ဆုံး ရလဒ်က သရေရလဒ်ပါပဲ။ မနှစ်က ကီလန်တန်ကို နိုင်ခဲ့တယ်ဆိုပေမယ့် ဧရာဝတီက မနှစ်က ဧရာဝတီ မဟုတ်တာကို သတိပြုရပါလိမ့်မယ်။ အသင်းက တာဝန်ရှိသူတွေကတော့ ဒီပွဲကို သေချာပေါက် အနိုင်ကစားမယ်လို့ ကြုံးဝါးထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းမှာ အကောင်းဆုံး ပုံစံမရှိသေးပေမယ့် စိတ်ဓါတ်ပြင်းပြင်းနဲ့ ကြိုးစားမယ် ဆိုရင် အနိုင်ရလဒ်က မရနိုင်တဲ့ အရာမဟုတ်ပါဘူး။ ဒါပေမယ့် ရလဒ်တွေ တောက်လျှောက် ဆိုးရွားနေတဲ့ ကီလန်တန်ရဲ့ ရုန်းအားကိုလည်း ထည့်တွက်သင့်ပါတယ်။ ကီလန်တန်မှာ အရည်အသွေးမြင့် ကစားသမားတွေ ရှိနေတာမို့ အသင်းလိုက် ကစားပုံ မကောင်းရင်တောင် ကိုယ့်အမှားတွေကနေ အခွင့်အရေး ယူသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ဧရာဝတီ အနေနဲ့ အရင်ပွဲတွေကလို ခံစစ်ကြောင်း အမှားတွေ မဖြစ်ဖို့အတွက် ဂရုစိုက်ရတော့ မှာပါ။ ရလဒ်ကောင်းဖို့ အတွက် ရုန်းကန်ရမယ့် အသင်း(၂)သင်း ဖြစ်နေတာကြောင့် ဒီပွဲရဲ့ အဖြစ်နိုင်ဆုံး ရလဒ်ကတော့ သရေပဲ ဖြစ်ပြီး ကံကောင်းခဲ့ရင်တော့ ဧရာဝတီ ကပ်နိုင်သွားနိုင်ပါတယ်။

 
ခွဲမလား.......တွဲမလား PDF Print E-mail
Written by Admin Team   
Friday, 01 March 2013 01:57

ကျော်ကိုကိုနဲ့ မြန်မာ့ လက်ရွေးစင် နည်းပြအဖွဲ့တို့ ပြဿနာ ဖြစ်ကြပြီး ကျော်ကိုကို ကို အိမ်ပြန်ပို့လိုက်တာကို မြန်မာ့ ဘောလုံး ပရိသတ် အားလုံး သိပြီးကြပြီလို့ ထင်ပါတယ်။ ကျော်ကိုကိုဆိုတာ မြန်မာ အသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ယောက်ဖြစ်ပြီး ၂၀၁၁ ခုနှစ်က မြန်မာ အသင်း တတိယ ရခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲနဲ့ ခြေစစ်ပွဲ အောင်ခဲ့တဲ့ အာရှ ယူ-၂၂ ခြေစစ်ပွဲတွေမှာ ခြေစွမ်းပြခဲ့တာကြောင့် တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ငွေခေတ် ကြယ်ပွင့်တွေနဲ့တောင် ခိုင်းနှိုင်း မျှော်လင့်ခြင်း ခံခဲ့ရသူပါ။ ဒါပေမဲ့ လက်ရှိမှာတော့ ဆရာတွေနဲ့ နည်းပြချုပ်ရဲ့ နည်းဗျူဟာတွေကို မနာခံပဲ ကလန်ကဆန်  လုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အပြစ်တင်မှုကို ခံနေရပါပြီ။ ကျန်တဲ့ သူတွေနဲ့ အမြင်မတူ ကွဲပြားမှု ရှိကောင်း ရှိနေနိုင်ပေမယ့် စာရေးသူရဲ့ အတွေးကိုတော့ အနည်းငယ် တင်ပြချင်ပါတယ်။ ပရိသတ်တွေနဲ့ အမြင်ကွဲပြားကောင်း ကွဲပြားနိုင်ပေမယ့် ကျွန်တော့်ရဲ့ ဆွေးနွေးချက်ကို စာဖတ်သူတွေ ဖတ်ရှုစဉ်းစား ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

 
အသက်မှန်တယ် ဆိုတဲ့ ယူ-၁၉ အသင်း MNL-2 မှာ အောင်မြင်မှာလား PDF Print E-mail
Written by Admin Team   
Sunday, 03 February 2013 04:20

ဖေဖော်ဝါရီ လအတွင်းမှာ မြန်မာနေရှင်နယ်လိဂ်-၂ (MNL-2) ပြိုင်ပွဲကို စတင် ကျင်းပမယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန် လာပါတယ်။ တစ်ကယ်တော့ MNL-2 ဆိုတာ မြန်မာ နေရှင်နယ်လိဂ်ရဲ့အောက် တစ်ဆင့်နိမ့်တဲ့ ပြိုင်ပွဲတစ်ရပ်ပဲ ဖြစ်ပါတယ်။ မူလက MNL-2 ပြိုင်ပွဲကို ဆီမီးပရို ပြိုင်ပွဲအဖြစ် ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် MNL ကို တန်းတက်ခွင့် ရမယ့် ပြိုင်ပွဲတစ်ရပ် ဖြစ်တာကြောင့် MNL နည်းတူ ပရော်ဖက်ရှင်နယ် လိဂ်တစ်ခုအဖြစ် မွေးဖွားပေးသွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အသင်းပေါင်း (၉)သင်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး အသင်းတွေက MNL က တန်းဆင်းသွား ခဲ့တဲ့ ချင်းယူနိုက်တက်၊ မော်ရ၀တီ အသင်းတွေနဲ့ အရင်က အပျော်တမ်း လိဂ်ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ခဲ့ကြတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ဒီအသင်းတွေ ထဲကမှ အထူးခြားဆုံး အသင်းဖြစ်တဲ့ ယူ-၁၉ အသင်းကို မြန်မာဘောလုံး ပရိသတ်တွေနဲ့ အရင်ဆုံး မိတ်ဆက်ပေးချင် ပါတယ်။

 
အလင်းသစ်နဲ့ ရွှေရောင် အနာဂတ်ကို ထုဆစ်ကြမယ် PDF Print E-mail
Written by မိုးဝေ   
Thursday, 13 September 2012 13:50

ဇင်သော်နိုင်ရေ... ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက်နေ့က ကျွန်တော် မန္တလေးကို ရောက်ဖြစ်ခဲ့တယ်ဗျာ။ မန္တလေး၊ အောင်မြေသာဇံ အရပ်မှာရှိတဲ့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရဲ့ မန္တလေး ဘောလုံး အကယ်ဒမီကို ရောက်တော့ နံနက်စောစော နေရောင်ခြည်သစ် အောက်မှာ လေ့ကျင့်ရေး လုပ်နေကြတဲ့ အကယ်ဒမီ သင်တန်းကျောင်းရဲ့ သက်တမ်းအလိုက် အသင်းနှစ်သင်းကို တွေ့ရတယ်။ ညီညာ ညက်ညောလှတဲ့ မြက်ခင်းစိမ်းထက်မှာ ပြေးလွှားလှုပ်ရှား လေ့ကျင့်နေကြတဲ့ သူတို့လေးတွေကို ဓာတ်ပုံရိုက်သူက ရိုက်၊ တာဝန်ရှိသူ နည်းပြတွေကို သိလိုသည်များကို မေးမြန်းသူက မေးနဲ့ အထက် မြန်မာပြည် ယူ-၁၂ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား အတွက် မန္တလေးကို ချီတက်ခဲ့တဲ့ ကျွန်တော်တို့ မီဒီယာ အဖွဲ့လည်း အလုပ်များခဲ့ကြတယ် ဆိုပါတော့။

 
အမေ့လျော့ခံ သူရဲကောင်းများ PDF Print E-mail
Written by မိုးဝေ   
Monday, 09 July 2012 11:38

ပြီးခဲ့တဲ့ ဇူလိုင်လ ၃ရက်နေ့ သုဝဏ္ဏ ညခင်းက ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည့်လို့ နေခဲ့ပါတယ်။ အဲဒီနေ့ အဲဒီညက မြန်မာ လူငယ်တို့ အာရှခြေစစ်ပွဲ အုပ်စု အဆင့်ကို ဖြတ်ကျော် နိုင်ခဲ့ပြီး နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အာရှ အဆင့်ကို လှမ်းဝင် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Tags:
Last Updated on Monday, 09 July 2012 20:08
 
အမိမြေမှာ မြန်မာလူငယ်တို့ ခြေစစ်ပွဲ အောင်စေချင် PDF Print E-mail
Written by မိုးဝေ   
Thursday, 21 June 2012 14:51

ဇွန်လ ၁၉ရက် နေ့တွင် ဖြစ်သည်။ မော်လ်ဒိုက် လူငယ် အသင်းအား မြန်မာ လူငယ်တို့ မမျှော်လင့်ဘဲ ၁-၀ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ထိုရလဒ်ကြောင့် ကိုရီးယားလူမျိုး နည်းပြချုပ် ပတ်ဆောင်ဟွာ၏ လူထုတ်ပုံနှင့် နည်းဗျူဟာ တို့အား ဝေဖန်သံများ အစီအရီ ထွက်လာ ပေါ်လာခဲ့သည်။ ပြစ်တင် ဝေဖန်သံများ နားနှင့် မဆန့်အောင်ပင် ကြားနေခဲ့ရသည်။ မြန်မာ တို့အတွက် ဂုဏ်သိက္ခာ အားဖြင့် အရှက်ရစရာ ရလဒ်တစ်ခု ဖြစ်ခဲ့ခြင်းက မြန်မာလူငယ် တို့အား လိုက်ပါ အားဖြည့်ပေး ခဲ့ကြသည့် ပုဂ္ဂိုလ်များ အတွက် ကြိတ်မနိုင်ခဲမရ ရလဒ်တစ်ခု ဖြစ်ခဲ့ပေသည်။

Tags:
 
အာရှ ယူ-၂၂ ခြေစစ်ပွဲ ၀င်မယ့် မြန်မာ အသင်းရဲ့ အဓိက ကစားသမား (၅)ဦး PDF Print E-mail
Written by မိုးဝေ   
Thursday, 14 June 2012 11:37

လာမယ့် ဇွန်လ ၂၃ရက်နေ့ဆိုရင် မြန်မာ့မြေမှာ အာရှအဆင့် နိုင်ငံတကာ ပွဲစဉ်တစ်ခု အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားဖို့ ရှိပါတယ်။ အာရှ ဒေသတွင်းက နိုင်ငံ လက်ရွေးစင် အဆင့် ပြိုင်ပွဲတွေထဲမှာ ဒုတိယ အဆင့် အမြင့်ဆုံး ပွဲလို့ ဆိုနိုင်တဲ့ အသက် ၂၂နှစ်အောက် အာရှဖလားမှာ ၀င်နွှဲခွင့်ရဖို့ အတွက် မြန်မာ ယူ-၂၂ အသင်းဟာ အိမ်ရှင်အဖြစ် ယှဉ်ပြိုင်ခွင့် ရမှာလည်း ဖြစ်ပါတယ်။ အုပ်စုတွင်း ပြိုင်ဘက် အသင်းတွေက တောင်ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှား၊ တရုတ်တိုင်ပေနဲ့ ဖိလစ်ပိုင် အသင်းတွေ ဖြစ်တာကြောင့် အလွယ်ဆုံး ပြိုင်ဘက်ရယ်လို့ ဆွဲထုတ်ပြဖို့တောင် ခက်နေတာမို့ မြန်မာ ယူ-၂၂ အတွက်တော့ တကယ့်ကို ခက်ခဲမယ့် ပွဲစဉ်တစ်ခုပါပဲ။ တစ်ဖက်က ကြည့်ပြန်ရင်လည်း တောင်ကိုရီးယား တစ်သင်းက လွဲရင် ကျန်တဲ့ပြိုင်ဘက်တွေက ကိုယ့်ဘက်ကသာ ခြေစွမ်းအမှန် ရခဲ့မယ် ဆိုရင် အနိုင် ရနိုင်တဲ့ အသင်းတွေချည်းပဲ ဖြစ်တာကြောင့် မြန်မာ ယူ-၂၂ အသင်းအတွက် ခြေစစ်ပွဲ အောင်မြင်ခွင့် ရနိုင်တဲ့ အခွင့်အရေး တစ်ခုဆိုရင်လည်း မမှားပါဘူး။ ရန်ကုန်မြေမှာ ယှဉ်ပြိုင်ရမယ့် ဒီခြေစစ်ပွဲမှာ မြန်မာတို့ အတွက် သူရဲကောင်း ဖြစ်လာနိုင်တဲ့၊ မြန်မာ လူငယ်အသင်း အတွက် အဓိက အကျဆုံး ကစားသမား (၅)ဦးကို ရွေးချယ် တင်ပြ ပေးလိုက်ပါတယ်။

Tags:
Last Updated on Thursday, 14 June 2012 11:56
 
«StartPrev1234NextEnd»

Page 1 of 4

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.