Tuesday, 21 May 2013
Home MNL Latest News

အုပ်စု ပထမနေရာကို ရယူနိုင်ရန် မလွယ်ကူဟု ရန်ကုန် နည်းပြချုပ် အိုင်ဗန်ကိုလက်ဗ် ဖွင့်ဟ PDF Print E-mail
Written by Admin Team   
Wednesday, 01 May 2013 15:39

AFC Cup ပြိုင်ပွဲတွင် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ပြီ ဖြစ်သော်လည်း နောက်ဆုံးပွဲ၏ အနေအထားအရ မိမိတို့ အသင်းအနေဖြင့် အုပ်စု ပထမနေရာကို ရယူနိုင်ရန် မလွယ်ကူတော့ကြောင်း ရန်ကုန် နည်းပြချုပ် အိုင်ဗန်ကိုလက်ဗ်က ဖွင့်ဟခဲ့သည်။

 
အိမ်ကွင်းမှာ ဆောက်သမ်းကို ရန်ကုန်အနိုင်ရ~မနောမြေကို ဟံသာဝတီ ရှုံးပြီး မကွေးနိုင်ပွဲဆက် PDF Print E-mail
Written by Admin Team   
Monday, 29 April 2013 18:13

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၉)၏ လက်ကျန်ပွဲစဉ်များကို ယမန်နေ့က ဆက်လက် ကျင်းပခဲ့ရာ ရန်ကုန် ယူနိုက်တက်က အိမ်ကွင်းတွင် နိုင်ပွဲ ရယူနိုင်ခဲ့ပြီး မကွေးအသင်း ကလည်း ရခိုင်ယူနိုက်တက်ကို အနိုင်ယူကာ နိုင်ပွဲဆက်ခဲ့သည်။ သုဝဏ္ဏကွင်းမှ ဟံသာဝတီနှင့် မနောမြေတို့ ပွဲတွင်မူ မနောမြေက အဆာလေနှင့် ဝေလင်းအောင် တို့၏ သွင်းဂိုးများဖြင့် ဟံသာဝတီကို အနိုင်ယူခဲ့သည်။

 
ဖေဖော်ဝါရီ တစ်လတာ အကောင်းဆုံး ဆုများကို ဇေယျာရွှေမြေမှ သိမ်းပိုက် PDF Print E-mail
Written by Admin Team   
Sunday, 28 April 2013 18:30

ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံးဆုများကို ယမန်နေ့က ကျင်းပခဲ့သည့် ကမ္ဘောဇ-ဇေယျာရွှေမြေ ပွဲစဉ်တွင် ပေးအပ်ချီးမြှင့် ခဲ့ရာ တစ်လတာ အကောင်းဆုံး ကစားသမား ဆုကို ဇေယျာရွှေမြေ အသင်းခေါင်းဆောင် ဇော်လင်းထွန်းက ရယူနိုင်ခဲ့ပြီး အကောင်းဆုံး နည်းပြဆုကို ဇေယျာရွှေမြေ အသင်း၏ နည်းပြချုပ် ဦးစိုးမိုးက ရရှိခဲ့ကြောင်း သိရသည်။

 
ဧရာဝတီ နိုင်ပြီး အဝေးကွင်းမှာ ကမ္ဘောဇကို ဇေယျာရွှေမြေ အနိုင်ယူ~ရှုံးပွဲ ကြုံခဲ့ပြန်တဲ့ ရတနာပုံ PDF Print E-mail
Written by Admin Team   
Sunday, 28 April 2013 18:25

သင်္ကြန်ပွဲတော်ကြောင့် (၂)ပတ်ခန့် ရပ်နားထားခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲများကို ယခုတစ်ပတ်တွင် ပြန်လည်စတင် ကျင်းပခဲ့ပြီ ဖြစ်ရာ အမှတ်ပေးဇယား ထိပ်ဆုံးမှ ကမ္ဘောဇနှင့် ဇေယျာရွှေမြေ တို့၏ ပွဲကြီးပွဲကောင်း အပါအ၀င် အခြား အသင်းကြီးများ၏ ပွဲကောင်းများလည်း ပါဝင်လာခဲ့သည်။ ယခုတစ်ပတ် ပွဲများကို သောကြာနေ့တွင် တစ်ပွဲ၊ စနေနေ့တွင် (၂)ပွဲ ကျင်းပခဲ့ရာ လက်ရှိချိန်ထိ ပွဲစဉ်(၃)ပွဲ ကျင်းပခဲ့ပြီး ဖြစ်သည်။ သောကြာနေ့က အောင်ဆန်းကွင်းတွင် ကျင်းပခဲ့သည့် ဧရာဝတီ ယူနိုက်တက်နှင့် ဇွဲကပင် ယူနိုက်တက်တို့၏ ပွဲတွင် ဧရာဝတီက (၂)ဂိုးပြတ် အနိုင်ရခဲ့ပြီး စနေ့နေ့ ပွဲစဉ်(၂)ပွဲတွင် ကမ္ဘောဇကို ဇေယျာက အနိုင်ယူခဲ့သလို နေပြည်တော်ကလည်း ရတနာပုံကို အနိုင်ရခဲ့သည်။

 
ဒဏ်ရာကြောင့် နားနေခဲ့ရသည့် ကာလအတွင်း မြက်ခင်းပြင် များကို အလွန် လွမ်းခဲ့ကြောင်း မင်းမင်းသူ ဖွင့်ဟ PDF Print E-mail
Written by Admin Team   
Tuesday, 23 April 2013 18:35

ဒူးဒဏ်ရာ ခွဲစိတ်မှု ပြုလုပ် ခဲ့သောကြောင့် ကာလရှည် အနား ယူနေခဲ့ရသည့် ဧရာဝတီ ယူနိုက်တက်၏ အဓိက ကွင်းလယ်လူ မင်းမင်းသူက ဒဏ်ရာကြောင့် နားနေခဲ့ရသည့် ကာလအတွင်း မြက်ခင်းစိမ်းများကို အလွန် လွမ်းနေခဲ့ကြောင်း ဖွင့်ဟခဲ့သည်။

 
ဒုတိယအကျော့တွင် ဧရာဝတီ ယူနိုက်တက် အိမ်ကွင်းလက်ခံနိုင်ရန် နီးစပ်လာ PDF Print E-mail
Written by Admin Team   
Tuesday, 09 April 2013 06:38

ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ပုသိမ်မြို့ရှိ ဧရာဝတီ ယူနိုက်တက် အသင်း၏ အိမ်ကွင်းအဖြစ် ပြိုင်ပွဲများ လက်ခံ ကျင်းပနိုင်ရန် ပြင်ဆင်လျှက် ရှိသည့် ကျောက်တိုင်ကွင်းကို သွားရောက် ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာ ဒုတိယ အကျော့တွင် အိမ်ကွင်း လက်ခံကျင်းပနိုင်ဖွယ် ရှိနေကြောင်း သိရသည်။

 
နိုင်ဇေယျာထွန်း၏ အမှားနှင့် ပတ်သက်၍ နားလည်ပေးနိုင်ကြောင်း ရန်ကုန် အသင်း ဂိုးနည်းပြ ပြောကြား PDF Print E-mail
Written by Admin Team   
Tuesday, 09 April 2013 06:18

မကွေးနှင့်ပွဲတွင် ပေးလိုက်ရသည့် ပထမဂိုးအတွက် နိုင်ဇေယျာထွန်း အပေါ် ပရိသတ်များနှင့် ဘောလုံး ကျွမ်းကျင်သူများ၏ ဝေဖန်သံများ ထွက်ပေါ်လာခဲ့သော်လည်း ရန်ကုန် ယူနိုက်တက် အသင်း၏ ဂိုးနည်းပြ လော့စ်ကိုနေးက ယင်းကဲ့သို့ အမှားမျိုးမှာ ဘောလုံး ပြိုင်ပွဲများ အတွင်း ဖြစ်လေ့ဖြစ်ထ ရှိသည့် အမှားမျိုးသာ ဖြစ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။

 
အရှုံးအနိုင် မပေါ်ခဲ့သည့် ပွဲကြမ်းတစ်ပွဲ~နေပြည်တော် ၁-၁ ဇေယျာရွှေမြေ PDF Print E-mail
Written by Admin Team   
Monday, 08 April 2013 06:55

ပွဲချိန် (၈၂)မိနစ်တွင် Fair Play မှတဆင့် ဆာဆာက ဂိုးသွင်းယူရန် အားထုတ်ခဲ့သောကြောင့် နေပြည်တော်နှင့် ဇေယျာရွှေမြေ တို့၏ လက်ကျန် ပွဲချိန် (၁၀)မိနစ်ခန့်မှာ အရုပ်ဆိုးခဲ့ရသည်။ နေပြည်တော် ကစားသမားများက Fair Play ပြုလုပ်ကာ ကွင်းအပြင် ကန်ထုတ်ခဲ့သော်လည်း ဇေယျာရွှေမြေ တိုက်စစ်မှူး ဆာဆာမှာ ထိုဘောလုံးကို လက်ပြစ်ဘောမှ ရရှိပြီးနောက် နေပြည်တော် ကစားသမားများထံ ပြန်မပေးဘဲ ဘယ်ခြမ်းမှ ဆွဲပြေးကာ ဂိုးရှေ့သို့ ကန်တင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ ကစားဖော်များမှာ အဆိုပါ ကန်တင်မှု အတွက် အဆင်သင့် မဖြစ်ခဲ့သောကြောင့် ဆာဆာ၏ အားထုတ်မှုမှာ အချည်းနှီး ဖြစ်ခဲ့ပြီး လက်ကျန် ပွဲချိန်မှာ ပွဲကြမ်းတစ်ပွဲ ဖြစ်သွားခဲ့ရသည်။

 
အနိုင်ဂိုးများကို ထိန်းသိမ်းနိုင်ခြင်း မရှိသောကြောင့် သရေနှင့်သာ ကျေနပ်ခဲ့ရသည့် ရခိုင်ယူနိုက်တက်~ရခိုင် ယူနိုက်တက် ၁-၁ မနောမြေ PDF Print E-mail
Written by Admin Team   
Monday, 08 April 2013 06:08

(၂)ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း မနောမြေ၏ တန်ပြန်ချေပမှုများကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သောကြောင့် ပွဲအပြီးတွင် သရေ (၁)မှတ်နှင့်သာ ကျေနပ်ခဲ့ရသည်။ ရခိုင်ယူနိုက်တက်သည် ယခုပွဲတွင် ခြေစွမ်းပြ ကစားကာ ဦးဆောင်ဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း လုံလောက်သည့် တည်ငြိမ်မှု မရှိသောကြောင့် ချေပဂိုးများ ပြန်ပေးခဲ့ရခြင်း ဖြစ်သည်။

 
ဟံသာဝတီကို အကြိတ်အနယ် ကစားပြီး ဧရာဝတီ အနိုင်ယူ~ကမ္ဘောဇ ဇွဲကပင်ကို အနိုင်ရပြီး ဆောက်သမ်းကို ရတနာပုံ ရှုံးနိမ့် PDF Print E-mail
Written by Admin Team   
Sunday, 07 April 2013 16:28

ကွင်းလယ်လူ ဒေါမနစ်၏ ခြေစွမ်းပြ ဟက်ထရစ် သွင်းဂိုးများနှင့် အတူ ဧရာဝတီသည် ဟံသာဝတီကို အကြိတ်အနယ် ယှဉ်ပြိုင် ကစားကာ အနိုင်ယူခဲ့သည်။ ဧရာဝတီသည် ပထမပိုင်းနှင့် ဒုတိယပိုင်း အစပိုင်းတွင် သွင်းယူခဲ့သည့် ဂိုးများဖြင့် ဟံသာဝတီကို ဦးဆောင်နိုင်ခဲ့သော်လည်း ဟံသာဝတီ၏ ချေပဂိုးများကြောင့် သရေမကျရေး အတွက် အသည်းအသန် ရုန်းကန်ခဲ့ရသည်။ ဟံသာဝတီ အနေဖြင့်လည်း သရေရလဒ် ရယူနိုင်ရန် အတွက် ကြိုးစားခဲ့သော်လည်း ချေပဂိုးများ အားလုံးကို ရယူနိုင်ခြင်း မရှိသောကြောင့် အရှုံးပေးခဲ့ရခြင်း မရှိပေ။

 
«StartPrev12345678910NextEnd»

Page 3 of 62

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.