Friday, 24 May 2013
Home MNL Latest News

ချန်ပီယံဆုကို ကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း ရန်ကုန်နည်းပြချုပ် ဖွင့်ဟ PDF Print E-mail
Written by Admin Team   
Tuesday, 21 May 2013 00:31

အိမ်ကွင်း၌ ဟံသာဝတီ ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရခဲ့သည့် ပွဲအပြီးတွင် ရန်ကုန်နည်းပြချုပ် အိုင်ဗန်ကိုလက်ဗ်က ရန်ကုန် ယူနိုက်တက် အသင်းမှာ မြန်မာနေရှင်နယ်လိဂ်တွင် အကောင်းဆုံး အသင်းဟု ဆိုခဲ့ပြီး ရာသီအကုန်တွင် ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်မိကြောင်း ဖွင့်ဟခဲ့သည်။

 
ကမ္ဘောဇနှင့် ပွဲမှ ခြေစွမ်းကို ကျေနပ်အားရကြောင်း ဦးအောင်နိုင် ၀န်ခံ PDF Print E-mail
Written by Admin Team   
Tuesday, 21 May 2013 00:26

ရခိုင်ယူနိုက်တက် အသင်း၏ နည်းပြချုပ် ဦးအောင်နိုင်က ကမ္ဘောဇကို ရှုံးနိမ့်ခဲ့သည့် ပွဲတွင် ကစားသွားခဲ့သည့် အသင်း၏ ခြေစွမ်းကို ကျေနပ်မိကြောင်း ၀န်ခံခဲ့ပြီး ထိုခြေစွမ်းကို ဆက်လက် ထိန်းသိမ်းနိုင်မည် ဆိုပါက ရလဒ်ကောင်းများ ရရှိလာနိုင်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

 
ဒဏ်ရာရ ကစားသမား များပြားနေမှုကို ညည်းညူခဲ့သည့် ရတနာပုံ နည်းပြချုပ် PDF Print E-mail
Written by Admin Team   
Tuesday, 21 May 2013 00:21

မနောမြေနှင့် သရေကျခဲ့သည့် ပွဲအပြီးတွင် ရလဒ်အတွက် စိတ်ပျက်နေသည့် နည်းပြချုပ် ဦးဇော်လေးအောင်က လက်ရှိ လူအင်အားနှင့် ရွေးချယ်အသုံးပြု နိုင်သည့် ကစားသမား အင်အား နည်းပါးနေမှုကြောင့် ရလဒ်ကို ကျေနပ်ရမည် ဖြစ်ကြောင်း ဆိုခဲ့ပြီး အသင်းရှိ ကစားသမားများ၏ ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ ညည်းညူခဲ့သည်။

 
ဦးဆောင်သူ အားလုံး အနိုင်ရခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ဒုတိယနေ့ ပွဲစဉ်များ PDF Print E-mail
Written by Admin Team   
Monday, 20 May 2013 16:37

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၂)၏ ဒုတိယနေ့ ပွဲစဉ်များကို ယမန်နေ့ ညနေက ကွင်း(၄)ကွင်းတွင် ကျင်းပခဲ့ရာ ရန်ကုန်မြို့တွင် ကစားခဲ့သည့် ပွဲစဉ်များတွင် လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက်က အိမ်ကွင်း YUSC တွင် ဟံသာဝတီ ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရခဲ့ပြီး မကွေးအသင်းက ဇွဲကပင်ကို သရေကျခဲ့သည်။ တောင်ကြီးတွင် ကစားခဲ့သည့် ကမ္ဘောဇ အသင်းနှင့် ရခိုင် ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်တွင် အိမ်ရှင် ကမ္ဘောဇက ဂိုးပြတ် အနိုင်ရခဲ့ပြီး ပေါင်းလောင်းကွင်းမှ နေပြည်တော်နှင့် ဆောက်သမ်း မြန်မာတို့၏ ပွဲတွင်လည်း နေပြည်တော်က ဂိုးပြတ် နိုင်ပွဲရယူကာ ဇယားထိပ်ပိုင်းတွင် ဆက်လက်ရပ်တည် နိုင်ခဲ့သည်။ လက်ရှိ အချိန်တွင် အမှတ်ပေးဇယား ထိပ်ဆုံးတွင် အသင်း(၃)သင်း အပြိုင်ဖြစ်နေပြီး ဂိုးကွာခြားချက် အသာဖြင့် ကမ္ဘောဇ၊ ဇေယျာရွှေမြေ၊ နေပြည်တော်တို့ အစဉ်လိုက် ရပ်တည်နေသည်။ လက်ရှိချန်ပီယံ ရန်ကုန် ယူနိုက်တက် ကမူ အဆင့်(၄) နေရာတွင် ရပ်တည်နေပြီး ထိပ်ဆုံးမှ (၃)သင်းထက် ရမှတ် (၁)မှတ် လျော့နည်းနေသည်။

 
နိုင်ပွဲရရှိရန် ရတနာပုံ ရုန်းကန်နေရဆဲ~မနောမြေ ၁-၁ ရတနာပုံ PDF Print E-mail
Written by Admin Team   
Sunday, 19 May 2013 06:58

ယခုနှစ် ဘောလုံးရာသီတွင် ခြေစွမ်းမတည်ငြိမ်မှုကြောင့် ရလဒ်ဆိုးနေခဲ့သည့် ရတနာပုံ အသင်းသည် ယခုတစ်ပတ်တွင်လည်း လွန်ခဲ့သည့် တစ်ပတ်ကျော်ကမှ (၄-၀)ဂိုးဖြင့် ဂိုးပြတ် နိုင်ထားခဲ့သည့် မနောမြေကို နောက်မှ အသည်းအသန် လိုက်ကစား ခဲ့ရပြီး ပွဲချိန် (၈၁)မိနစ်တွင် ၀ါရင့်တိုက်စစ်မှူး ရန်ပိုင်သွင်းယူ ပေးခဲ့သည့် ဂိုးဖြင့် သရေရလဒ်သာ ရယူနိုင်ခဲ့သည်။

 
ချူကွာဇူ၏ အဖိုးတန် နောက်ကျဂိုးဖြင့် ဇေယျာရွှေမြေ ဇယားထိပ်တက် PDF Print E-mail
Written by Admin Team   
Sunday, 19 May 2013 01:43

ယနေ့ညနေက အောင်ဆန်းကွင်းတွင် ကျင်းပခဲ့သည့် ဧရာဝတီ ယူနိုက်တက်နှင့် ဇေယျာရွှေမြေတို့၏ ပွဲတွင် ဇေယျာရွှေမြေက နောက်ကျသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ဧရာဝတီ အနေဖြင့် ပထမပိုင်း ကတည်းက ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ပြန်ပေးခဲ့ရသည့် ဂိုးများဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ အနိုင်ရလဒ်ကြောင့် ဇေယျာရွှေမြေ အနေဖြင့် စနေနေ့ ပွဲများ အပြီးတွင် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သည်။

 
Sing Tech နှင့် စပွန်ဆာ စာချုပ် ချုပ်ဆိုခဲ့သည့် ဇေယျာရွှေမြေ PDF Print E-mail
Written by Admin Team   
Saturday, 18 May 2013 16:47

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းတစ်သင်း ဖြစ်သည့် စစ်ကိုင်းတိုင်း ဒေသကြီး ကိုယ်စားပြု ဇေယျာရွှေမြေ အသင်းနှင့် စင်ကာပူနိုင်ငံ အခြေစိုက် နည်းပညာ ကုမ္ပဏီ တစ်ခုဖြစ်သည့် Sing Tech တို့ ယမန်နေ့က စပွန်ဆာ စာချုပ်ချုပ်ဆိုပွဲ တစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရသည်။

 
နည်းပြချုပ် ဦးဝင်းတင်ကို အနားပေးလိုက်သည့် ဟံသာဝတီ ယူနိုက်တက် PDF Print E-mail
Written by Admin Team   
Friday, 17 May 2013 17:49

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ရလဒ်များ ဆိုးရွားနေခဲ့သည့် ဟံသာဝတီ ယူနိုက်တက် အသင်းသည် ၎င်းတို့၏ နည်းပြချုပ် ဦးဝင်းတင်ကို ရာထူးမှ အနားပေးလိုက်ပြီး လူငယ်အသင်း နည်းပြချုပ် ဖြစ်သည့် ဦးငွေထွန်းအား နည်းပြချုပ် အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

 
နိုင်ငံခြားသားများ၏ ဒုတိယပိုင်း သွင်းဂိုးများကြောင့် ဆောက်သမ်းကို ဧရာဝတီ အနိုင်ရ PDF Print E-mail
Written by Admin Team   
Monday, 13 May 2013 03:33

ယနေ့ညနေက သုဝဏ္ဏကွင်းတွင် ကျင်းပခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၁)၏ ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဆောက်သမ်းမြန်မာ အသင်းနှင့် ဧရာဝတီ ယူနိုက်တက် တို့၏ ပွဲတွင် ဧရာဝတီက နိုင်ငံခြားသား ကစားသမားများ၏ ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီ အနေဖြင့် ပထမပိုင်းတွင် ဆောက်သမ်း၏ ကွင်းလယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့သော်လည်း ဒုတိယပိုင်း အစတွင် ရရှိခဲ့သည့် ဂိုးကြောင့် ဒုတိယပိုင်း တစ်လျှောက် ဆောက်သမ်းအပေါ် အသာစီး ရယူနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

 
ဒုတိယအကျော့တွင် ကြားရက်များ၌ပါ ပွဲစဉ်များကို ကျင်းပသွားမည်~ရှုံးထွက်ဖလား ပြိုင်ပွဲကိုလည်း ယခုနှစ်တွင် ကျင်းပတော့မည် မဟုတ် PDF Print E-mail
Written by Admin Team   
Sunday, 12 May 2013 16:29

၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ၏ ပွဲစဉ်ဇယားကို ပြီးခဲ့သည့် မေလ(၉)ရက်က ကျင်းပခဲ့သည့် လိဂ်ကော်မတီ အစည်းအဝေး အပြီးတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ပွဲစဉ်ဇယား ထွက်ပေါ်လာခဲ့ရာတွင် ထုံးစံအတိုင်း မူလစီစဉ်ထားသည့် ပွဲစဉ်များနှင့် ကွာခြားမှုများ ရှိနေခဲ့ပြီး မူလသတ်မှတ် ထားသည်ထက် ရက်ပေါင်း (၂၀)စောကာ ၂၀၁၃ ဘောလုံးရာသီကို အဆုံးသတ်မည် ဖြစ်သည်။

 
«StartPrev12345678910NextEnd»

Page 1 of 62

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.