|
Written by နိုင်စေ
|
|
Friday, 14 January 2011 15:31 |
|
ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းကြီးတွေ အချင်းချင်း ထိပ်တိုက် တွေ့ဆုံမှု မရှိဘူး ဆိုပေမယ့် ခြေအတက်ဆုံး အသင်း စပါးနဲ့ ရှုံးပွဲမရှိ မန်ယူတို့ ထိပ်တိုက်တွေ့တဲ့ ပွဲကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥရောပ အဆင့်မှာ အင်တာမီလန်လို အသင်းမျိုး ကိုတောင် အနိုင်ယူခဲ့တဲ့ စပါးဟာ မန်ယူကို အိမ်ကွင်းမှာ ဘယ်လို ဧည့်ခံမလဲ ဆိုတာ စောင့်ကြည့်ရ ပါမယ်။ ၀က်စ်ဟမ်း - အာဆင်နယ်၊ လီဗာပူးလ် - အဲဗာတန် ဒါဘီ ပွဲစဉ်တွေ ဟာလည်း အကြိတ်အနယ် ရှိမယ့် ပွဲစဉ်တွေ ဖြစ်ပါတယ်။
ချယ်လ်ဆီး - ဘလက်ဘန်း
ကစားမည့် နေ့ရက် - ၁၅-၁-၂၀၁၁ (စနေ) ကစားမည့် အချိန် -၂၁း၃၀ (မြန်မာ စံတော်ချိန်)
နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ် ချယ်လ်ဆီး - L W D L W ဘလက်ဘန်း - L W L W W
ဒဏ်ရာရရှိနေသူများ ချယ်လ်ဆီး - အဲလက်စ်၊ ဘီနာယောင်၊ မီခေးလ် ဘလက်ဘန်း - အီမာတန် (အာရှဖလား)၊ အန်ဒရူး၊ ဂရေလာ၊ ဂျုံး
ခန့်မှန်းရလဒ် ချယ်လ်ဆီး ၂-၁ ဘလက်ဘန်း
ပွဲသုံးသပ်ချက် ချယ်လ်ဆီး အသင်း အနေနဲ့ ပရီးမီးယားလိဂ် ရလဒ်ဆိုး တွေထဲက လွတ်လွတ် ကျွတ်ကျွတ် ရုန်းမထွက် နိုင်သေးပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ FA Cup ပွဲစဉ်မှာ အပ်စ်ဝှစ်ခ်ျကို ၇ ဂိုးပြတ် အနိုင်ရခဲ့တယ်။ အဲဒီပွဲ ရလဒ်ကြောင့် ကစားသမားတွေ စိတ်ဓာတ် တက်ကြွ လာခဲ့သလို အဓိက ကစားသမားတွေ ကလည်း ဒဏ်ရာ ပြဿနာ နည်းပါးလာတယ်။ ဘလက်ဘန်း ကလည်း နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်ထားပြီး ပရီးမီးယားလိဂ် ထိပ်ဆုံး ၁၀ သင်း စာရင်း ၀င်နေဆဲ ဖြစ်တယ်။ စတန်းဖို့ဒ် ဘရစ်ဂ်ျမှာ ကစားရတဲ့ ပွဲလည်း ဖြစ်တာကြောင့် လူအင်အားရော စိတ်ဓာတ်ပါ အားသာနေတဲ့ ချယ်လ်ဆီးတို့ ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်ရနိုင်တယ်။
မန်စီးတီး - ၀ုလ်ဗ်
ကစားမည့် နေ့ရက် - ၁၅-၁-၂၀၁၁ (စနေ) ကစားမည့် အချိန် -၂၁း၃၀ (မြန်မာ စံတော်ချိန်)
နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ် မန်စီးတီး - W W W D D ၀ုလ်ဗ် - L W L W D
ဒဏ်ရာရရှိနေသူများ မန်စီးတီး - ဘာလော့တယ်လီ ၀ုလ်ဗ် - အီလိုကိုဘီ (ပွဲပယ်)၊ ဘလိတ်ခ်၊ ဂွီဒီအူရာ၊ နိုက်တလေ၊ မန်စီယန်နီ
ခန့်မှန်းရလဒ် မန်စီးတီး ၁-၀ ၀ုလ်ဗ်
ပွဲသုံးသပ်ချက် မန်စီးတီး အသင်း နောက်ဆုံး ၂ ပွဲသရေကျ ထားလို့ ဒုတိယ နေရာကို ဆက်ထိန်းနိုင်ဖို့ အမှတ် လိုနေတယ်။ ၀ုလ်ဗ် ကလည်း ဒဏ်ရာ ပြဿနာ ထူပြော နေတာကြောင့် မန်စီးတီးတို့ အိမ်ကွင်းမှာ ၃ မှတ်အပြည့် ရနိုင်တယ်။
စတုတ် - ဘော်လ်တန်
ကစားမည့် နေ့ရက် - ၁၅-၁-၂၀၁၁ (စနေ) ကစားမည့် အချိန် -၂၁း၃၀ (မြန်မာ စံတော်ချိန်)
နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ် စတုတ် - W L W L D ဘော်လ်တန် - W L L D W
ဒဏ်ရာရရှိနေသူများ စတုတ် - ဆီဒီဘီ ဘော်လ်တန် - လီချောင်ယောင် (အာရှဖလား)၊ ဒေးဗစ်
ခန့်မှန်းရလဒ် စတုတ် ၁-၁ ဘော်လ်တန်
ပွဲသုံးသပ်ချက် နှစ်သင်းစလုံး နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲစီသာ အနိုင်ရထားတယ်။ ခြေစွမ်းအရ ဘော်လ်တန်ကို ပိုကြိုက်ပေမယ့် စတုတ် အိမ်ကွင်း ဖြစ်နေတာကြောင့် သရေ တစ်မှတ်စီ ခွဲယူရ နိုင်တယ်။
ဝက်စ်ဘရွန်း - ဘလက်ပူးလ်
ကစားမည့် နေ့ရက် - ၁၅-၁-၂၀၁၁ (စနေ) ကစားမည့် အချိန် -၂၁း၃၀ (မြန်မာ စံတော်ချိန်)
နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ် ၀က်စ်ဘရွန်း - L L L L L ဘလက်ပူးလ် - W L L L W
ဒဏ်ရာရရှိနေသူများ ၀က်စ်ဘရွန်း - အော်လ်ဆင် (ပွဲပယ်)၊ ရိဒ် ဘလက်ပူးလ် - ကာနေ (အာရှဖလား)၊ ဘက်စ်ဟမ်း၊ ကလပ်ခ်၊ ဂစ်လ်ခ်
ခန့်မှန်းရလဒ် ၀က်စ်ဘရွန်း ၁-၂ ဘလက်ပူးလ်
ပွဲသုံးသပ်ချက် ၀က်စ်ဘရွန်းတို့ နောက်ဆုံး ၅ ပွဲဆက် ရှုံးထားပေမယ့် ဘလက်ပူးလ် ကတော့ လီဗာပူးလ်ကို အနိုင်ကစား ထားတယ်။ ၀က်စ်ဘရွန်း အိမ်ကွင်း ဖြစ်ပေမယ့် ခြေစွမ်းရော၊ စိတ်ဓာတ်ပါ တဟုန်ထိုး တက်ကြွနေတဲ့ ဘလက်ပူးလ်ကို ပိုကြိုက်မိတယ်။
ဝီဂန် - ဖူလ်ဟမ်
ကစားမည့် နေ့ရက် - ၁၅-၁-၂၀၁၁ (စနေ) ကစားမည့် အချိန် -၂၁း၃၀ (မြန်မာ စံတော်ချိန်)
နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ် ၀ီဂန် - W D L D W ဖူလ်ဟမ် - L W L W W
ဒဏ်ရာရရှိနေသူများ ၀ီဂန် - ကလီဘာလေ၊ မက္ကာသီ၊ မော့ဆက် ဖူလ်ဟမ် - ရှဝါဇာ (အာရှဖလား)၊ ဆန်းဒရို့သ်၊ ဇာမိုရာ
ခန့်မှန်းရလဒ် ၀ီဂန် ၁-၁ ဖူလ်ဟမ်
ပွဲသုံးသပ်ချက် တန်းဆင်းဇုန် ရောက်နေတဲ့ ၀ီဂန်ဟာ ပွဲတိုင်းမှာ အင်အား အပြည့်နဲ့ ရုန်းကန် နေတာကြောင့် နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲပဲ ရှုံးထားတယ်။ ဖူလ်ဟမ် ကလည်း နိုင်ပွဲတွေ ရယူပြီး တန်းဆင်းဇုန်နဲ့ ဝေးအောင် ကြိုးစားနေတယ်။ ခြေသိပ်မကွာလို့ သရေနဲ့ ပြီးနိုင်တယ်။
ဝက်စ်ဟမ်း - အာဆင်နယ်
ကစားမည့် နေ့ရက် - ၁၆-၁-၂၀၁၁ (တနင်္ဂနွေ) ကစားမည့် အချိန် -၀၀း၀၀ (မြန်မာ စံတော်ချိန်)
နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ် ၀က်စ်ဟမ်း - D W L W W အာဆင်နယ် - D W D D L
ဒဏ်ရာရရှိနေသူများ ၀က်စ်ဟမ်း - အိုဘင်နာ (ပွဲပယ်)၊ ဒါကော်စတာ၊ ဟစ်ဇ်ပါဂါ၊ ကူရူးဇ် အာဆင်နယ် - ဆက်ဂညာ (ပွဲပယ်)၊ အယ်မူနီယာ၊ ဒီယာဘီ၊ ဖရင်ပွန်း၊ စကွယ်လာစီ၊ ဗာမေလန်
ခန့်မှန်းရလဒ် ၀က်စ်ဟမ်း ၁-၂ အာဆင်နယ်
ပွဲသုံးသပ်ချက် ၀က်စ်ဟမ်း အသင်း အနေနဲ့ အမှတ်ပေး ဇယား အောက်ဆုံးကို ရောက်နေလို့ နည်းပြ ဂရန့်တောင် ထိုင်ခုံလှုပ်နေတဲ့ အနေအထား ရှိတယ်။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲနိုင်ပြီး ရှုံးပွဲ တစ်ပွဲတည်း ရှိခဲ့တာ ကိုလည်း သတိပြု ရမယ်။ အာဆင်နယ် ကတော့ အခုနောက်ပိုင်း ပွဲတွေမှာ မမျှော်လင့်ဘဲ ရုန်းကန် နေရတာကို တွေ့ရတယ်။ မန်စီးတီးနဲ့ သရေကျခဲ့ ပြီးနောက် ချန်ပီယံရှစ်က လိစ်ဒ်၊ အပ်စ်ဝှစ်ခ်ျ တို့ကိုတောင် နိုင်ပွဲမရခဲ့ဘဲ သရေနဲ့ အရှုံး ရလဒ်တွေသာ ရခဲ့တယ်။ အာဆင်နယ်ဟာ ကြားပွဲ ကစားထားလို့ တခြား အသင်း တွေထက် ပွဲလည်း ပိုပန်းနေတယ်။ ဒါပေမယ့် အပေါ်က မန်ချက်စတာ ၂ သင်းကို ဖိအားပေး နိုင်ဖို့ နိုင်ပွဲတွေ လိုအပ်နေ တာကြောင့် ဒီပွဲမှာ အကြိတ်အနယ် ကစားပြီး အိမ်ရှင် အသင်းဆီက ၃ မှတ်အပြည့် ယူနိုင်လိမ့်မယ် ထင်တယ်။
ဘာမင်ဂမ် - ဗီလာ
ကစားမည့် နေ့ရက် - ၁၆-၁-၂၀၁၁ (တနင်္ဂနွေ) ကစားမည့် အချိန် -၁၈း၃၀ (မြန်မာ စံတော်ချိန်)
နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ် ဘာမင်ဂမ် - D L W W L ဗီလာ - L L D L W
ဒဏ်ရာရရှိနေသူများ ဘာမင်ဂမ် - ဒန်း၊ မက်ဖက်ဒန်၊ ဗယ်လက်စ် ဗီလာ - ဟတ်စကီး (ပွဲပယ်)၊ အက်ရှလေယန်း (ပွဲပယ်)၊ လုခ်ယန်း
ခန့်မှန်းရလဒ် ဘာမင်ဂမ် ၂-၁ ဗီလာ
ပွဲသုံးသပ်ချက် ဘာမင်ဂမ်ဟာ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရှိထားပြီး ကြားပွဲ ကစားထား ရလို့လည်း ပွဲပန်းနေတယ်။ ဒါပေမယ့် တန်းဆင်းဇုန် ရောက်နေတဲ့ ဗီလာကလည်း ရလဒ်ပိုင်း အားရဖွယ်ရာ မမြင်တာကြောင့် အိမ်ရှင် အသင်းကို ပိုကြိုက် မိတယ်။
ဆန်းဒါးလန်း - နယူးကာဆယ်
ကစားမည့် နေ့ရက် - ၁၆-၁-၂၀၁၁ (တနင်္ဂနွေ) ကစားမည့် အချိန် -၁၈း၃၀ (မြန်မာ စံတော်ချိန်)
နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ် ဆန်းဒါးလန်း - L L W W L နယူးကာဆယ် - L L W W L
ဒဏ်ရာရရှိနေသူများ ဆန်းဒါးလန်း - ကမ်းဘဲ၊ မေလာ၊ တာနာ နယူးကာဆယ် - တိုတီ (ပွဲပယ်)၊ ဘန်အာဖာ၊ တေလာ
ခန့်မှန်းရလဒ် ဆန်းဒါးလန်း ၁-၁ နယူးကာဆယ်
ပွဲသုံးသပ်ချက် တိုက်တိုက် ဆိုင်ဆိုင်ပဲ ၂ သင်းစလုံးရဲ့ လတ်တလော အရှုံးအနိုင် အနေအထားက တစ်ထပ်တည်း ဖြစ်နေတယ်။ အဆင့်ချင်း ကလည်း အပေါ်အောက် နီးပါး ကပ်နေတာကြောင့် သရေပွဲ ဖြစ်သွားနိုင်တဲ့ ပွဲတစ်ပွဲပါ။
လီဗာပူးလ် - အဲဗာတန်
ကစားမည့် နေ့ရက် - ၁၆-၁-၂၀၁၁ (တနင်္ဂနွေ) ကစားမည့် အချိန် -၂၀း၃၅ (မြန်မာ စံတော်ချိန်)
နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ် လီဗာပူးလ် - L W L L L အဲဗာတန် - W D L W W
ဒဏ်ရာရရှိနေသူများ လီဗာပူးလ် - ဂျရတ် (ပွဲပယ်)၊ ကာရေဂါ အဲဗာတန် - ကာဟေးလ် (အာရှဖလား)
ခန့်မှန်းရလဒ် လီဗာပူးလ် ၀-၀ အဲဗာတန်
ပွဲသုံးသပ်ချက် လီဗာပူးလ် အသင်းဟာ နည်းပြသစ် ဒဲဂလစ်ရှ် လက်ထဲမှာ ရာနှုန်းပြည့် အရှုံး ရလဒ်နဲ့ ကြူံနေရပေမယ့် အသင်း ကစားပုံ အပေါ် ပရိသတ်က ကျေနပ်နေကြ ပါတယ်။ နိုင်ပွဲ မရသေးဘူး ဆိုပေမယ့် တစ်သင်းလုံးရဲ့ အားကြိုးမာန်တက် ကစားပုံက အားရဖို့ ကောင်းပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ဂျရတ် ပွဲပယ် ခံထားရတာ ကတော့ အသင်းအတွက် ထိုးနှက်ချက် တစ်ခုပါပဲ။ အဲဗာတန် ကတော့ နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲသာ ရှုံးထားပြီး ခြေစွမ်း ပြန်တက်လာတဲ့ အသင်း ဖြစ်တယ်။ ခြေစွာပါတယ် ဆိုတဲ့ စပါးကိုတောင် ပူပူနွေးနွေး အနိုင်ယူ ထားတာကြောင့် လီဗာပူးလ် အိမ်ကွင်းမှာ ဖြစ်ပေမယ့် အဲဗာတန် မရှုံးလောက် ပါဘူး။
စပါး - မန်ယူ
ကစားမည့် နေ့ရက် - ၁၆-၁-၂၀၁၁ (တနင်္ဂနွေ) ကစားမည့် အချိန် -၂၂း၄၀ (မြန်မာ စံတော်ချိန်)
နောက်ဆုံး ကစားခဲ့သည့် ပွဲစဉ် (၅)ပွဲ ရလဒ် စပါး - W W W L W မန်ယူ - W D W W W
ဒဏ်ရာရရှိနေသူများ စပါး - ဟက်ဒယ်စတုန်း၊ ကင်း၊ အိုဟားရား၊ ၀ုဒ်ဂိတ် မန်ယူ - ပတ်ဂျီဆန် (အာရှဖလား)၊ ဟားဂရေ့ဗ်၊ ဗလင်စီယာ
ခန့်မှန်းရလဒ် စပါး ၁-၁ မန်ယူ
ပွဲသုံးသပ်ချက် နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ နှစ်သင်းစလုံး ၄ ပွဲစီ နိုင်ထားတာက စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက် တစ်ချက်ပါ။ စပါးဟာ မမျှော်လင့်ဘဲ အဲဗာတန်ကို ရှုံးခဲ့ပေမယ့် ခြေစွမ်း ယိုင်မသွားဘဲ ချာတန်ကို ၃ ဂိုးပြတ် အနိုင်ပြန်ယူ ပြခဲ့တယ်။ ဗန်ဒါဗတ်ရော ဘေးလ်ပါ အင်အား အပြည့် ရှိနေတာကြောင့် စပါးဟာ ကြောက်စရာ အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ မန်ယူကလည်း ရှုံးပွဲမရှိ ဆိုတဲ့ စံချိန်ကို ထက်မြက်တဲ့ ခြေစွမ်းနဲ့ ထိုက်ထိုက်တန်တန် ရရှိထားတဲ့ အသင်း ဖြစ်ပါတယ်။ လူအင်အား အရလည်း မန်ယူမှာ အဓိက ကစားသမား အားလုံးနီးပါး အဆင်သင့် ဖြစ်နေတယ်။ ပွဲကတော့ တော်တော်လေး ကြည့်ကောင်းတဲ့ ပွဲဖြစ်နိုင်ပြီး မန်ယူရဲ့ ရှုံးပွဲမရှိ စံချိန် မပျက်နိုင် သလို စပါးလည်း မရှုံးနိုင်ဘူးလို့ ခန့်မှန်းရ ပါတယ်။
|
|
Last Updated on Saturday, 15 January 2011 12:55 |