Saturday, 25 May 2013
Home Features Exclusive Interviews မြန်မာ အသင်းကို ကျွန်တော်တို့ ဘယ်တုန်းကမှ လျှော့မတွက် ခဲ့ပါဘူး ~ ဗီယက်နမ် နည်းပြ ကယ်လစ္စတိုနှင့် တွေ့ဆုံခြင်း
မြန်မာ အသင်းကို ကျွန်တော်တို့ ဘယ်တုန်းကမှ လျှော့မတွက် ခဲ့ပါဘူး ~ ဗီယက်နမ် နည်းပြ ကယ်လစ္စတိုနှင့် တွေ့ဆုံခြင်း PDF Print E-mail
Written by ဇင်သော်နိုင်   
Thursday, 02 December 2010 02:40
Share |

မြန်မာ့ လက်ရွေးစင် အသင်းဟာ ဆူဇူကီး ဖလား ပြိုင်ပွဲ အဖွင့်ပွဲ အနေနဲ့ ဒီဇင်ဘာ ၂ ရက်နေ့ (ယနေ့) မြန်မာ စံတော်ချိန် ည ၇း၀၀ နာရီ အချိန်မှာ ဗီယက်နမ် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဗီယက်နမ် အသင်းဟာ လက်ရှိ ချန်ပီယံလည်း ဖြစ်သလို အိမ်ရှင် အသင်းလည်း ဖြစ်နေတာကြောင့် မြန်မာ အသင်း အတွက် အခက်ခဲဆုံး ပြိုင်ဘက်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဗီယက်နမ် အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ကယ်လစ္စတိုရဲ့ မြန်မာ အသင်းအပေါ် ထားတဲ့ အမြင်ကို အနည်းငယ် မေးမြန်း တင်ပြလိုက်ရ ပါတယ်။

မေး - မင်္ဂလာပါ။ မြန်မာနဲ့ ကစားမယ့် ပွဲနဲ့ ပတ်သတ်ပြီး ခင်ဗျားရဲ့ အမြင်လေး သိပါရစေ။

ဖြေ - မြန်မာ အသင်းဟာ အသင်းကောင်း တစ်သင်း ဖြစ်ပါတယ်။ သူတို့ဟာ ဒီကို မလာခင် တရုတ်အသင်း တစ်သင်းနဲ့ ခြေစမ်းခဲ့တယ်လို့ သိရပြီး သူတို့ထက် လူကောင် ပိုကြီးတဲ့ အဲဒီအသင်းကို အနိုင်ရခဲ့ တယ်လို့ သိရပါတယ်။ မြန်မာ အသင်းရဲ့ သတင်းကို တခြား အသင်းတွေထက် ပိုပြီး ရှာရခက်လို့ သူတို့ အနေအထား ပြည့်ပြည့်စုံစုံ မသိသေးပါဘူး။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ မြန်မာ အသင်းကို ဘယ်တုန်းကမှ လျှော့မတွက် ခဲ့ပါဘူး။ ဒီလို အဆင့်မျိုးကို ရောက်လာတဲ့ အသင်းတိုင်းဟာ အရည် အချင်း ရှိပြီး နိုင်လိုစိတ် ပြင်းပျ နေကြလိမ့်မယ် ဆိုတာကို ကျွန်တော် သဘောပေါက် ပါတယ်။ သူတို့ အသင်းမှာ လူငယ် တစ်ချို့ ပါလာပေမယ့် ရန်ပိုင်၊ ထွန်းထွန်းဝင်း တို့လို ၀ါရင့် ကစားသမား တွေလည်း ပါဝင်နေတယ်။ ဒါကြောင့် ဒီပွဲဟာ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လိမ့်မယ် ဆိုတာ ကျွန်တော် အကြွင်းမရှိ လက်ခံပါတယ်။

မေး - ခင်ဗျားတို့ အသင်းဟာ လက်ရှိ ချန်ပီယံရော၊ အိမ်ရှင်ရော ဖြစ်နေတဲ့ အတွက် ဖိအား များနေတယ် မထင်မိ ဘူးလား။

ဖြေ - မှန်ပါတယ်။ ဗီယက်နမ် ပရိသတ် တွေဟာ အသင်းအပေါ် မျှော်လင့်ချက် ကြီးကြတာကြောင့် ပရိသတ် ဖိအားကို အထိုက်အလျှောက် ခံရနိုင် ပါတယ်။ လက်ရှိ ချန်ပီယံ ဖြစ်လို့လည်း ပြိုင်ဘက် တွေရဲ့ အာရုံ စိုက်ခြင်းကို ခံရပါတယ်။ ဒါပေမယ့် ပရိသတ် အားပေးမှုဟာ ကျွန်တော်တို့ အသင်း အတွက် အရေးပါတဲ့ တွန်းအား တစ်ခု ဖြစ်လာနိုင်သလို လက်ရှိ ချန်ပီယံ ဖြစ်နေတာ ကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးပွားစေ ပါတယ်။

မေး - ခင်ဗျားတို့ အသင်းဟာ နောက်ဆုံး ၁၀ ပွဲ နိုင်ပွဲ မရှိဘူးလို့ ကြားမိတယ်။ အဓိက တိုက်စစ်မှူး တွေလည်း ဒဏ်ရာကြောင့် လူစာရင်းမှာ မပါနိုင်ဘူးလို့ သိရတယ်။ အဲဒီ အနေအထားကို ဘယ်လို ဖြေရှင်းမလဲ။

ဖြေ - လီကောင်ဗင်နဲ့ ဖန်ဗန် ကုရင်တို့ကို ဆုံးရှုံးရ တာဟာ အသင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ဒါပေမယ့် အမှန်တရားနဲ့ အနီးစပ်ဆုံး တွေးရရင်တော့ သူတို့ နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတွေ ရထားပြီးပြီ ဖြစ်ပါတယ်။ ဒါဟာ ဗီယက်နမ် လူငယ် တိုက်စစ်မှူးတွေ အစွမ်းပြဖို့ အခွင့်အရေး ပါပဲ။ ၁၀ ဆက် နိုင်ပွဲ မရှိတဲ့ အပေါ်မှာ ကျွန်တော့်ကို ဝေဖန်မှုတွေ ရှိနေပေမယ့် ဘယ်သူမှ ဖြေရှင်းဖို့ နည်းလမ်း မပြောနိုင် ကြပါဘူး။ သတင်းစာ တွေက အမျိုးမျိုး ထိုးနှက် ဝေဖန်နေ ကြပြီး အသင်း စိတ်ဓာတ်ကို ပျက်ပြားအောင် လုပ်နေကြတယ်။ ဒါပေမယ့် ကျွန်တော့် ကစားသမား တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေကြပြီး ဝေဖန်မှု တွေကို အကောင်းဆုံး တုံ့ပြန်ပြ ပါလိမ့်မယ်။

မေး - မြန်မာနဲ့ ပွဲမှာ ဘယ်လို ရလဒ် ထွက်မယ်လို့ မျှော်လင့်ပါသလဲ။

ဖြေ - ပြိုင်ပွဲဝင်တယ် ဆိုတာ နိုင်ချင်လို့ ပြိုင်တာပေါ့ဗျာ။ နိုင်ဖို့ကိုပဲ မျှော်လင့်တာပေါ့။ ဒါပေမယ့် ဘောလုံးမှာ ပွဲမကစားခင် ဘာကိုမှ ကြိုပြောလို့ မရနိုင်ပါဘူး။ ဘယ်လို ရလဒ်မဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဘက်ကတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစား ကစားမှာပါ။

Tags:
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.