| အတွင်းခံ အ၀တ်အစား ကြော်ငြာ မော်ဒယ် သရုပ်ဆောင်နှင့် ချစ်ကြိုးသွယ် နေသည့် ဟီဂူအင် |
|
|
|
| Written by Editor SM |
| Friday, 30 July 2010 20:21 |
ရီးယဲယ် အသင်း၏တိုက်စစ်မှူး ဖြစ်သူ ဂွန်ဇာလို ဟီဂူအင်သည် အာဂျင်တီးနား သရုပ်ဆောင်နှင့် မော်ဒယ် တစ်ဦး ဖြစ်သူ ဆိုလီဒက် ဖန်ဒီနိုနှင့် ချစ်ကြိုက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် တစ်ဦးတည်းသော ဟတ်ထရစ် သွင်းဂိုးရှင် ဟီဂူအင်သည် ဂိုးသွင်း ဘုရင် ရွှေဖိနပ်ဆုနှင့် လွဲချော်ခဲ့ သော်လည်း ကမ္ဘာ့ဖလား အပြီးတွင် မော်ဒယ် ဖန်ဒီနိုနှင့် ချစ်ကြိုက်သွား ကြပြီဖြစ်ကြောင်း သိရသည်။ ဖန်ဒီနိုသည် အာဂျင် တီးနား ပြည်တွင် ရုပ်ရှင်၊ ပြဇာတ်နှင့် မော်ဒယ် လောကတွင် နာမည်ကြီးသူ တစ်ဦး ဖြစ်သည်။ ရုပ်ရှင် မင်းသမီး ဘ၀ဖြင့် ထူးချွန်ဆုများ ရွေးချယ်ရာ၌ ဆန်ကာတင် စာရင်း ၀င်ခဲ့ဖူးသူ ဖြစ်ပြီး နာမည်ကြီး ဇာတ်လမ်း တစ်ခု ဖြစ်သော " အဲလစ်နှင့် အံ့ဖွယ် တိုင်းပြည်" ပြဇာတ်အား ကပြရာတွင်လည်း ခေါင်းဆောင် မင်းသမီး အဲလစ် အဖြစ် ပါဝင် သရုပ်ဆောင် ရသူ ဖြစ်သည်။ အသက် ၂၈ နှစ် ရှိပြီ ဖြစ်သူ ဖန်ဒီနိုသည် မကြာသေး မီက "မာဆီလာ ကူလီ" အတွင်းခံ အ၀တ် အထည်များ ကြော်ငြာ အဖြစ် ပုရိသ အကြိုက် ပုံများ ရိုက်ကူးခဲ့ သောကြောင့် အာဂျင်တီးနား ပြည်တွင်း ကျော်ကြားသူ ဖြစ်သည်။ အသက် ၂၂ နှစ်သာ ရှိသေးသူ ဟီဂူအင်သည် ရီးယဲယ် အသင်းတွင် ၃ ရာသီကြာ ကစားခဲ့ပြီး ဂိုးပေါင်း ၅၉ ဂိုး သွင်းထားသူ ဖြစ်သည်။ သို့သော် ပြင်သစ် နိုင်ငံတွင် မွေးဖွားခဲ့သူ ဟီဂူအင်သည် အာဂျင်တီးနား လက်ရွေးစင် အသင်းကြီး အတွက် ၉ ပွဲသာ ပါဝင် ကစားခွင့် ရရှိသေးသူ ဖြစ်သည်။ ဟီဂူအင်သည် ၎င်းပါဝင်ခွင့် ရသည့် ပွဲစဉ် ၉ ပွဲတွင် ၆ ဂိုး သွင်းယူ ပေးထားသည်။ Tags: |



ရီးယဲယ် အသင်း၏တိုက်စစ်မှူး ဖြစ်သူ ဂွန်ဇာလို ဟီဂူအင်သည် အာဂျင်တီးနား သရုပ်ဆောင်နှင့် မော်ဒယ် တစ်ဦး ဖြစ်သူ ဆိုလီဒက် ဖန်ဒီနိုနှင့် ချစ်ကြိုက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် တစ်ဦးတည်းသော ဟတ်ထရစ် သွင်းဂိုးရှင် ဟီဂူအင်သည် ဂိုးသွင်း ဘုရင် ရွှေဖိနပ်ဆုနှင့် လွဲချော်ခဲ့ သော်လည်း ကမ္ဘာ့ဖလား အပြီးတွင် မော်ဒယ် ဖန်ဒီနိုနှင့် ချစ်ကြိုက်သွား ကြပြီဖြစ်ကြောင်း သိရသည်။ ဖန်ဒီနိုသည် အာဂျင် တီးနား ပြည်တွင် ရုပ်ရှင်၊ ပြဇာတ်နှင့် မော်ဒယ် လောကတွင် နာမည်ကြီးသူ တစ်ဦး ဖြစ်သည်။ ရုပ်ရှင် မင်းသမီး ဘ၀ဖြင့် ထူးချွန်ဆုများ ရွေးချယ်ရာ၌ ဆန်ကာတင် စာရင်း ၀င်ခဲ့ဖူးသူ ဖြစ်ပြီး နာမည်ကြီး ဇာတ်လမ်း တစ်ခု ဖြစ်သော " အဲလစ်နှင့် အံ့ဖွယ် တိုင်းပြည်" ပြဇာတ်အား ကပြရာတွင်လည်း ခေါင်းဆောင် မင်းသမီး အဲလစ် အဖြစ် ပါဝင် သရုပ်ဆောင် ရသူ ဖြစ်သည်။ အသက် ၂၈ နှစ် ရှိပြီ ဖြစ်သူ ဖန်ဒီနိုသည် မကြာသေး မီက "မာဆီလာ ကူလီ" အတွင်းခံ အ၀တ် အထည်များ ကြော်ငြာ အဖြစ် ပုရိသ အကြိုက် ပုံများ ရိုက်ကူးခဲ့ သောကြောင့် အာဂျင်တီးနား ပြည်တွင်း ကျော်ကြားသူ ဖြစ်သည်။ 








