Friday, 03 September 2010
Home World World Cup Lastest News ရေဘ၀ဲ ပေါလ်အတွက် ပြိုင်ဘက် တစ်ယောက် ထွက်ပေါ်လာ ~ ကြက်တူရွေး မာနီက ဟော်လန် ဗိုလ်စွဲမည်ဟု ခန့်မှန်း

ရေဘ၀ဲ ပေါလ်အတွက် ပြိုင်ဘက် တစ်ယောက် ထွက်ပေါ်လာ ~ ကြက်တူရွေး မာနီက ဟော်လန် ဗိုလ်စွဲမည်ဟု ခန့်မှန်း PDF Print E-mail
Written by Editor SM   
Saturday, 10 July 2010 15:53
Share |

ကမ္ဘာ့ဖလား ပြိုင်ပွဲများကို အမှားအယွင်း မရှိ ခန့်မှန်းပေး နေသော စိတ်တန်ခိုးရှင် ရေဘ၀ဲ ပေါလ်သည် ဗိုလ်လုပွဲတွင် မာနီ ဟူသည့် ကြက်တူရွေး တစ်ကောင်နှင့် ပြိုင်ဆိုင် ရတော့မည် ဖြစ်ကြောင်း သိရသည်။

ရေဘ၀ဲ ပေါလ်သည် ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဂျာမနီ အသင်း၏ ပွဲစဉ် ၆ ပွဲကို ခန့်မှန်းခဲ့ရာ ၆ ပွဲစလုံး ဆက်တိုက် မှန်ကန်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ၎င်းအား ရှုံးနိမ့်သွားသည့် အသင်းများ၏ ပရိသတ် များကပင် သတ်ပစ်ချင်သည် အထိ ဒေါသထွက်ခြင်းကို ခံနေရ သူလည်း ဖြစ်သည်။ သို့သော် သူသည် ဗိုလ်လုပွဲ တွင်မူ ပြိုင်ဘက် တိရစ္ဆာန် တစ်ကောင်နှင့် အပြိုင်အဆိုင် ခန့်မှန်း ရတော့မည့် အနေအထား ဖြစ်လာခဲ့သည်။ အဆိုပါ တိရစ္ဆာန်မှာ စင်ကာပူ နိုင်ငံမှ နေ၍ ကမ္ဘာ့ဖလား ပွဲစဉ်များကို မှန်ကန်အောင် ခန့်မှန်း ပေးနေသည့် မာနီ ဆိုသော ကြက်တူရွေး တစ်ကောင် ဖြစ်သည်။ အသက် ၁၃ နှစ် အရွယ် ရှိနေပြီ ဖြစ်သူ မာနီသည် ကွာတားဖိုင်နယ် ၄ ပွဲစလုံး ခန့်မှန်း ပေးခဲ့သူဖြစ်ပြီး စပိန်အသင်း ဂျာမနီကို အနိုင်ရမည် ဟုလည်း မှန်ကန်အောင် ခန့်မှန်းပေး နိုင်ခဲ့ကြောင်း သိရသည်။



ကြက်တူရွေး မာနီ၏ ခန့်မှန်းပုံမှာ အလံများ ရေးဆွဲထားသော စက္ကူပြား များကို စားပွဲပေါ်တွင် မှောက်ထားပြီး မာနီအား လှောင်အိမ်ထဲမှ လွှတ်ပေးကာ ရွေးချယ်စေခြင်း ဖြစ်သည်။ မာနီက အနိုင်ရမည့် အသင်း၏ အလံပါသော စက္ကူပြားကို ရွေး၍ လှန်ပြသည် ဟုလည်း သိရသည်။ မာနီသည် နောက်ဆုံး ဗိုလ်လုပွဲ အတွက် ခန့်မှန်းရာတွင် ဟော်လန် အသင်း အလံပုံ ပါရှိသော စက္ကူပြားကို လှန်ပြခဲ့သဖြင့် စပိန် အသင်း ဗိုလ်စွဲမည်ဟု ခန့်မှန်းထားသော ရေဘ၀ဲ ပေါလ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ထို့ကြောင့် အဆိုပါ တိရစ္တာန် ၂ ကောင်သည် ဗိုလ်လုပွဲတွင် မည်သူက မှန်အောင် ခန့်မှန်း နိုင်မည်ကို ပြိုင်ဆိုင်ကြ ရတော့မည် ဖြစ်ကြောင်း သိရသည်။

Comments (14)
  • zayyatu.ygn
    သေချာရွေးကြလောင်းထားတာပလုံသွားမယ်ကွ။ :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry: :angry:
  • saikoko
    avatar
    အာရုံနောက်အောင်မနောက်ပါနဲမာနီရယ်...ငါကပေါလ်ဘက်ကလောင်းထားတာ....၂၀၁၄ ကျမှမှန်းတောကွာ....
  • ဆေးလိပ်တို  - ရိုက်သတ်ပစ်
    avatar
    အဲ့ဒိကြက်တူရွေးကို ရိုက်သတ်ကြစမ်း နမိတ်မရှိ လဘ်ပိတ်တဲ့အကောင် ချက်ပြီး ဇေနဲ့မြည်းတာဘဲ ကောင်းတယ် :angry: :angry: :angry: :angry:
  • htoo_z  - အမြဲမှန်တဲ့ကောင်
    avatar
    ဒီနေ.ကတော့ရေဘ၀ဲ ပေါလ်အမှန်ကန်ဆုံးဖြစ်ပါစေလိုဆုတောင်းတယ်ကွာ မမှန်ရင်ငါကွဲမှာကွရှိသမျှအကုန်ထည့်ထားတာမမှန်လိုကတော့ဆူကီလုပ်ပြီးအချဉ်ရေနဲတို့တို့ပြီစားပလိုက်မယ် :angry:
  • ခရမ်းပြာ  - ကြက်တူရွေး ဒန် တန့် တန်
    avatar
    ဟော်လန်ပဲ နိုင်စေချင်တယ်... :) ရေဘ၀ဲရေ.. ဒီတစ်ခါတော့ မှားလိုက်ဦးနော်.. :evil:
  • yadanarEpon  - ကြိုက်တယ်
    avatar
    ဟော်လန်ကြိုက်တယ်။ ကြက်တူရွေးကို အားပေးလိုက်မယ် .... :D
  • hurricane
    avatar
    ပာား................ကြက်တူရွေး.......ရေဘေ၀ဲ......... ဘယ်ပာာယုံရမျာလဲ၊?????? :0 ၂ကောင်လုံးသတ်ပြစ်တာပဲကောင်းတယ်........... :angry:
  • စိုးပိုင်ခ  - လူမှန်နေရာမှန်
    2010 က တိရစ္ဆာန်တွေ လူနေရာ ၀င်ယူချင်နေကြတာလေ။ အဲဒီတိရစ္ဆာန်တွေကို ကြော်ငြာပြီး မြှောက်ပေးနေတဲ့လူတွေကလည်းရှိတာကိုးဗျ။ ဒါကို သေချာမသိတဲ့ လူသားတွေက သာ တိရစ္ဆာန်တွေကို နေရာပေးလိုက်ရင် အားလုံးပျက်ြ့ပီပေါ့ဗျာ။ ကျွန်တော်တို့စဉ်းစားပြီးလုပ်ဖို့ က တိရစ္ဆာန်ကို လူနေရာ မပေးဖို့ဘဲ။ အဓိက အရေးကြီးဆုံးက လူမှန်နေရာမှန် ရောက်ဖို့ပါဘဲ။
  • nyanhtun  - ----
    avatar
    မဟုတ်သေးဘူး ညီရဲ့။ ရေဘ၀ဲလေးက အင်္ဂလန်နဲ့ ဆားဘီးယား ပွဲတွေမှာ ဘယ်ဘက်က ပုံးကို ရွေးခဲ့တာ။ နောက်ပြီးတော့ ဘယ်ညာဆိုတာက တိတိ ကျကျ ပြောလို့ မရဘူး။ ဓာတ်ပုံ ဆရာတွေက မှန်ပုံးကို ရှေ့ကရော၊ နောက်ကပါ ပတ်လည်က ရိုက်တာလေ။ ဒီတော့ ရေဘ၀ဲက အံ့သြ စရာ ကောင်းလောက်အောင် တိုက်ဆိုင်တာ ဒါမှမဟုတ် တကယ် စိတ်တန်ခိုး ရှိတာလို့ပဲ သတ်မှတ်ရမယ့် အနေအထားပါ။
  • အင်း ရေဘဝဲကြိးရဲ့  လှို့ဝှက်ချက်တော့ သိပြီ တစ်ကယ်တော့ ရေဘဝဲကြီးက အရင်ပွဲတွေပါ ပြန်ကြည့်လိုက်ပါ ကိုယ့်ဘက်ကကြည့်ရင် ညာဘက်ပုံကိုပဲ စားတာ ဂျာမဏီနိုင်တဲ့ ပွဲတွေရော ဂျာမဏီ ရှူံးတဲ့ပွဲတွေရော အကုန်ပါတယ်။ အခုနောက်ဆုံး စပိန် နိုင်မယ် ဆိုတာရော ဂျာမဏီနိုင်မယ် ဆိုတာရော ပြန်ကြည့်လိုက်ပါ တူတူပဲ ညာဘက် ပုံးထဲက အစာကို ယူစားတာ တော်ပြီ မနက်ဖြန်ကို ဒို့ ဟော်လန်ပဲ အားပေးမယ်။
  • xabi alonso  - :D
    avatar
    nyar tan yay ba wel nae ... sat su tae kyat tu yway bal tu ng ma lae ?
  • meemee
    အမှန်တကယ်တော. ဘောလုံးပွဲနဲ.အကောင်တွေနဲ.ဘာမှမဆိုင်ပါဘူး
  • royalhero
    avatar
    ကျတော့် အိမ်က ခွေးကြီးကတော့ အရမ်းမှန်တယ် ဗျာ....ပြင်သစ်ကလာတဲ့ ဘတ်တာကိတ်နဲ့ ..တောင်အာဖရိက ကလာတဲ့ အမဲရိုး ယှဉ်ကျွေးတာ တောင်အာဖရိက ကအမဲရိုးကို စားသွားတယ် ....ဒါကြောင့်တောင်အာဖရိက အသင်းက ပြင်သစ် အသင်းကို နိုင်သွားတာ။
  • EnemA  - မြင်သေးတယ်
    avatar
    အင်းတော်ကြာ ဘွတ်ကီတွေမှာ ဘယ်ကောင်မှန်လဲ ကြေးဖွင့်ကျအုံးမယ်ထင်တယ် :P
Only registered users can write comments!
 

နောက်ဆုံး သတင်းဆောင်းပါးများ

logo sponsors

Rich Coffee
Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.