Thursday, 23 May 2013
Home World World Cup Lastest News ၂၀၀၂ ကမ္ဘာ့ဖလားလို မဖြစ်ရအောင် ရုန်းကန် ရတော့မယ့် ပြင်သစ် အသင်း ~ ပြင်သစ် ၀-၀ ဥရုဂွေး

၂၀၀၂ ကမ္ဘာ့ဖလားလို မဖြစ်ရအောင် ရုန်းကန် ရတော့မယ့် ပြင်သစ် အသင်း ~ ပြင်သစ် ၀-၀ ဥရုဂွေး PDF Print E-mail
Written by Admin Team   
Saturday, 12 June 2010 03:32
Share |

ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက တောင်အာဖရိက နိုင်ငံ ကိပ်တောင်းမြို့၊ ကိပ်တောင်း အားကစား ကွင်းတွင် ကစားခဲ့သော ကမ္ဘာ့ဖလား ပွဲစဉ် ပြင်သစ်နှင့် ဥရုဂွေးတို့ (၀-၀)ဂိုး သရေကျ ခဲ့ကြောင်း သိရသည်။



အဆိုပါ ပွဲစဉ်တွင် နှစ်ဘက် စလုံးက အဖွင့်ပွဲစဉ်၌ မရှုံးစေရေးကို အဓိက ဦးတည်၍ ထိန်းကစားခဲ့ကြ သဖြင့် ပွဲမှာ အေးနေခဲ့ပြီး ကွင်းလယ်တွင်သာ ဘောလုံး အပျက်များနေ ခဲ့ကြောင်း တွေ့ရသည်။ ပြင်သစ်မှ ရီဘာရီနှင့် ဥရုဂွေးမှ ဖော်လန်တို့ အခွင့်အရေး အချို့ ရခဲ့သော်လည်း အဆုံးသတ် အားနည်းသွား ခဲ့သဖြင့် ဂိုးမရခဲ့ခြင်း ဖြစ်သည်။

၎-၅-၁ ကစားကွက်ကို အခြေခံ ကစားခဲ့သော ပြင်သစ်သည် တစ်ပွဲလုံးနီးပါး တိုက်စစ် မြှင့်တင်ခြင်း မပြုဘဲ ကွင်းလယ် အသားစီး ရအောင်သာ ကစားသွား ခဲ့ပြီး တိုက်စစ် အားသန်သည့် ကွင်းလယ် ကစားသမား မာလူဒါကိုပင် ဒုတိယပိုင်း တွင်မှ ထည့်သွင်း ခဲ့သည်ကို တွေ့ရသည်။ တိုက်စစ်တွင် တစ်ဦးတည်း တင်ထားသော အနယ်လ်ကာ မှာလည်း ခြေမပေါ် ခဲ့သဖြင့် အွန်နရီနှင့် ၇၂ မိနစ်တွင် လဲလှယ် ခဲ့ရသည်။

ဥရုဂွေး အသင်း၏ ဆွာရက်နှင့် ဖော်လန် အတွဲမှာလည်း ထင်သလောက် အလုပ်မဖြစ် ခဲ့ဘဲ အခွင့်အရေး အများအပြား လွဲချော်ခဲ့ သဖြင့် ဆွာရက်ကို အဘရူနှင့် လဲလှယ် ခဲ့ရသည်။ ပွဲချိန် ၈၁ မိနစ်တွင် ဥရုဂွေး ကစားသမား လိုဒီရီယိုသည် ပြင်သစ် နောက်ခံလူ ဆက်ဂ်နာထံမှ ဘောလုံးအား ၀င်လုရာ၌ ကြမ်းတမ်းစွာ ကစားခဲ့မိသဖြင့် ဒိုင်လူကြီးက နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခဲ့သည်။ ထို့ကြောင့် လိုဒီရီယိုသည် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ၏ ပထမဆုံး အနီကဒ် ပြခံရသူ အဖြစ် မှတ်တမ်း ၀င်သွားပြီ ဖြစ်သည်။

ဥရုဂွေး အသင်းသည် လူတစ်ယောက် လျော့သွား သော်လည်း လက်ကျန် ပွဲချိန်များကို ဆက်လက် ထိန်းကစား သွားနိုင်ခဲ့ပြီး ပြင်သစ်တို့ထံမှ သရေ တစ်မှတ်ကို ထိုက်ထိုက်တန်တန် ခွဲယူသွား နိုင်ခဲ့သည်။ ထို့ကြောင့် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်၌ အုပ်စု(A)တွင် အသင်းအားလုံး ရမှတ် တစ်မှတ်စီ ရနေပြီး မက္ကဆီကို အသင်းက သွင်းဂိုး အရသော် လည်းကောင်း၊ အက္ခရာစဉ် အရသော် လည်းကောင်း အုပ်စုကို ဦးဆောင်နိုင် နေကြောင်း တွေ့ရသည်။

 

 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.