|

|
|
|
| အမည်ပြောင် |
: |
မရှိ |
| ကိုယ်စားပြုဇုန် |
: |
ဥရောပ |
နည်းပြချုပ်
|
: |
မက်ဂျက်ဇ်ကတ် |
| အသင်းခေါင်းဆောင် |
: |
ရောဘတ်ကိုရန် (၀က်စ်ဘရွန်း) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၂၃ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၁ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
အုပ်စုအဆင့် |
ဆလိုဗေးနီးယား ဆိုတာ ယူဂို ဆလားဗီယား ပြည်ထောင်စု ကနေ ၁၉၉၁ ခုနှစ်မှာ ခွဲထွက်လာတဲ့ နိုင်ငံငယ်လေး ဖြစ်ပါတယ်။ အဲဒီ မတိုင်မီက ဆလိုဗေးနီယား ကစားသမား တွေဟာ ယူဂိုဆလပ် လက်ရွေးစင် အသင်းမှာ ကစားခဲ့ ကြပြီး ၁၉၉၂ မှာမှ ပထမဆုံး ဆလိုဗက်နီးယား လက်ရွေးစင် အသင်းကို ဖွဲ့စည်း ကစားဖြစ် ခဲ့တာပါ။ ဆလိုဗေးနီယား အသင်းဟာ ၂၀၀၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အံ့ဖွယ် ခြေစွမ်းပြပြီး ခြေစစ်ပွဲ အောင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ခြေစစ်ပွဲ တောက်လျှောက် လုံးဝ ရှုံးပွဲမရှိ ခဲ့သလို အဆုံးအဖြတ် Play-off ပွဲစဉ်မှာ ရိုမေးနီးယားကို အနိုင်ယူ ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့် ပြိုင်ပွဲမှာ အုပ်စုတွင်း ပွဲစဉ် ၃ ပွဲစလုံး ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရ ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလား မှာလည်း ခြေစစ်ပွဲ မအောင်ခဲ့ ပေမယ့် အီတလီ အသင်းကို အိမ်ကွင်းမှာ မထင်မှတ်ဘဲ အနိုင်ရ ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ချီယေဗိုက ဆီဇာနဲ့ ဂျိုကစ်၊ အင်တာ လူငယ် ကစားသမားလေး ကာဟင် တို့ဟာ ဆလိုဗေးနီးယား လက်ရွေးစင်တွေ ဖြစ်ကြပါတယ်။
ဆလိုဗေးနီယားဟာ ဥရောပဇုန် ခြေစစ်ပွဲမှာ အုပ်စုကျပ်ထဲ ကျရောက်ခဲ့ပြီး ဆလိုဗက်ကီးယား၊ ချက်၊ မြောက် အိုင်ယာလန်၊ ပိုလန်၊ ဆမ်မာရီနို တို့နဲ့အတူ အုပ်စု ၃ မှာ ကစားရ ပါတယ်။ ဆလိုဗေး နီးယားဟာ ချက်၊ ပိုလန် စတဲ့ အသင်းတွေကို ကျော်ပြီး ၆ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံး ရလဒ်နဲ့ အုပ်စု ဒုတိယ ရခဲ့တယ်။ ဒါကြောင့် Play-off ပွဲစဉ် ကစားခဲ့ ရာမှာ တစ်ချိန်က တစ်နိုင်ငံတည်း ဖြစ်ခဲ့ဖူးတဲ့ ရုရှား အသင်းနဲ့ ရင်ဆိုင်ရပြီး နှစ်ကျော့ပေါင်း (၂-၂)ဂိုး သရေကျ ခဲ့ပေမယ့် အဝေးဂိုး စည်းမျဉ်းအရ အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၄၈ နှစ်သာ ရှိသေးတဲ့ ဆလိုဗေးနီးယား နည်းပြ မက်ဂျက်ဇ်ကက်ဟာ ပြည်တွင်း နည်းပြ တစ်ဦးသာ ဖြစ်ပြီး အတွေ့အကြုံ ၀ါနုလွန်း နေပါတယ်။ ပြည်တွင်းကလပ် မာရီဘော် အသင်းကို ၆ နှစ်ကြာ ကိုင်တွယ်ခဲ့ပြီး ဆလိုဗေးနီးယား ယူ-၁၅ အသင်းကို ကိုင်တွယ်ခွင့် ရခဲ့တယ်။ အဲဒီကနေမှ ယူ-၁၆၊ လက်ရွေးစင် အသင်း စသဖြင့် တဆင့်ပြီး တဆင့် တိုးမြှင့် တာဝန် ထမ်းဆောင် ခဲ့ရတာ ဖြစ်လို့ ထိပ်တန်း အရည်အသွေးမျိုး ရှိမနေ ပါဘူး။ ပြည်တွင်း ကလပ်မှာ ပါဝင် ကစားနေတဲ့သူ ၃ ဦးပဲ ပါတဲ့ ဆလိုဗေးနီယား လက်ရွေးစင် အသင်းဟာ ဥရောပ ထိပ်တန်း လိဂ်တွေက ကစားသမားတွေ အများအပြား ရှိနေတဲ့ အတွက် အင်အားကို လျှော့တွက်လို့ မရနိုင် ပါဘူး။ ဆလိုဗေးနီးယားတို့ ဒီအုပ်စုမှာ အကောင်းဆုံး ဖျက်မြင်း ဖြစ်လာလိမ့်မ ယ် ထင်ပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
1
|
Samir HANDANOVIC
|
Udinese (ITA)
|
2
|
Miso BRECKO
|
FC Cologne (GER)
|
3
|
Elvedin DZINIC
|
Maribor (SVN)
|
4
|
Marko SULER
|
Gent (BEL)
|
5
|
Bostjan CESAR
|
Grenoble (FRA)
|
6
|
Branko ILIC
|
Lokomotiv Moscow (RUS)
|
7
|
Nejc PECNIK
|
Nacional Madeira (POR)
|
8
|
Robert KOREN
|
West Bromwich Albion (ENG)
|
9
|
Zlatan LJUBIJANKIC
|
Gent (BEL)
|
10
|
Valter BIRSA
|
Auxerre (FRA)
|
11
|
Milivoje NOVAKOVIC
|
FC Cologne (GER)
|
12
|
Jasmin HANDANOVIC
|
Mantova (ITA)
|
13
|
Bojan JOKIC
|
Chievo (ITA)
|
14
|
Zlatko DEDIC
|
Bochum (GER)
|
15
|
Rene KRHIN
|
Inter (ITA)
|
16
|
Aleksander SELIGA
|
Sparta Rotterdam (NED)
|
17
|
Andraz KIRM
|
Wisla Krakow (POL)
|
18
|
Aleksandar RADOSAVLJEVIC
|
Larissa (GRE)
|
19
|
Suad FILEKOVIC
|
Maribor (SVN)
|
20
|
Andrej KOMAC
|
Maccabi Tel-Aviv (ISR)
|
21
|
Dalibor STEVANOVIC
|
Vitesse Arnhem (NED)
|
22
|
Matej MAVRIC
|
TuS Koblenz (GER)
|
23
|
Tim MATAVZ
|
Groningen (NED)
|
ဆလိုဗေးနီယားနှင့် အခွင့်အရေးများ

ဆလိုဗေးနီယားနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
ဆလိုဗေးနီယားနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Friday, 11 June 2010 09:38 |