|

|
|
|
| အမည်ပြောင် |
: |
ဖလိုင်းရင်း ဒတ်ခ်ျမန်း (အမြင့်ပျံ ဒတ်ခ်ျလူမျိုးများ) |
| ကိုယ်စားပြုဇုန် |
: |
ဥရောပ |
နည်းပြချုပ်
|
: |
ဘတ်ဗန်မားဝစ် |
| အသင်းခေါင်းဆောင် |
: |
ဗန်ဘရွန်ခေါ့ (ဖီယင်နု) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၎ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၈ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
ဒုတိယ (၁၉၇၄၊ ၁၉၇၈) |
ဟော်လန်၊ နယ်သာလန်၊ ဒတ်ခ်ျ ဆိုတဲ့ အမည် ၃ မျိုးနဲ့ နိုင်ငံဟာ တစ်ချိန်က Total Football ဆိုတဲ့ ထူးထူးဆန်းဆန်း ကစားနည်း ကြီးနဲ့ ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ အသင်းပါ။ ယူရို ၈၈ မှာ ချန်ပီယံ ဖြစ်ခဲ့သလို ၁၉၇၄ နဲ့ ၁၉၇၈ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်တိုက် ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ သူတို့ရဲ့ သမိုင်း အစဉ်အလာဟာ ပေါ့သေးသေး မဟုတ်ပါဘူး။ လက်ရှိမှာလည်း ကမ္ဘာ့အဆင့် ၄ ရှိနေတဲ့ ဟော်လန် နိုင်ငံဟာ ထိပ်တန်း ကစားသမားတွေ အများအပြား မွေးထုတ်ပေး ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဂျိုဟန်ခရိုက်၊ ရုဒ်ဂူးလစ်တို့ လက်ထက်ကနေ ဘားကမ့်၊ အိုဗားမား၊ ဒေးဗစ်တို့ကို လက်ဆင့်ကမ်း ပေးခဲ့တယ်။ သူတို့ကနေ နစ္စတယ်ရွိုင်း၊ ဟက်ဆယ်ဘိန့်၊ ဆီးဒေါ့ ၊ ဗန်ဘွန်မယ်တို့ဆီ ရောက်ခဲ့ပြီး အခု ရော်ဘင်၊ ဗန်ပါစီ၊ ရှနိုက်ဒါတို့ လက်ထက်အထိ ထိပ်တန်း ဘောလုံးသမား မျိုးဆက်က စဉ်ဆက်မပြတ် ထွက်ပေါ် နေတာကို တွေ့ရပါတယ်။ သူတို့ ၀င်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ တစ်နေရာ အမြဲ ချန်ထားရတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ဥရောပဇုန် ခြေစစ်ပွဲမှာ ဟော်လန် အသင်းဟာ အုပ်စု ၉ မှာ ကျရောက်ခဲ့လို့ နော်ဝေ၊ စကော့တလန်၊ မက်ဆီဒိုးနီးယား၊ အိုက်စ္စလန် တို့နဲ့ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ရ ပါတယ်။ တခြား အုပ်စုတွေထက် တစ်သင်း လျော့နေတဲ့ ဒီအုပ်စုမှာ ဟော်လန် အသင်းဟာ ၈ ပွဲစလုံး ရာနှုန်းပြည့် အနိုင်ကစားပြီး တိုက်ရိုက် ခြေစစ်ပွဲ အောင်ခဲ့တာပါ။ ပိုပြီး အံ့သြစရာ ရှိတာက တစ်ချိန်က တိုက်စစ် အကောင်းဆုံးလို့ နာမည်ကြီးခဲ့တဲ့ ဟော်လန်ဟာ ဒီခြေစစ်ပွဲ တွေမှာ ခံစစ်ကို အသိပ်သည်းဆုံး ဖြစ်နေအောင် ကစားပြသွား တာပါပဲ။ အိုက်စ္စလန် အသင်းကို အိမ်ကွင်း အဝေးကွင်း တစ်ဂိုးစီ ပေးခဲ့ရတာက လွဲလို့ ကျန်ပွဲတွေမှာ လုံးဝ ပေးဂိုးမရှိအောင် ကစားပြီး Clean Sheet ၆ ပွဲ အံ့ဖွယ် ရယူပြသွား ခဲ့ပါတယ်။
နည်းပြ ဗန်မားဝစ်ဟာ လက်ရွေးစင် အသင်း နည်းပြတာဝန်ကို ဟော်လန် အသင်းနဲ့မှ စပြီး တာဝန်ထမ်းဆောင် ဖူးသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဖီယင်နုလို အသင်းမျိုးကို ယူအီး အက်ဖ်အေ ဖလား (ယခု ယူရိုပါလိဂ်) ချန်ပီယံ ဖြစ်အောင် လုပ်ပေးဖူးတဲ့ နည်းပြ ဖြစ်တာကြောင့် သူ့ရဲ့ အစွမ်းကို လျှော့တွက်လို့ မရပါဘူး။ အသင်းမှာ လက်ရှိ အကောင်းဆုံးလို့ ဆိုနိုင်တာက တိုက်စစ်ပိုင်း ဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ ဒါ့ကောက်နဲ့ ဘာဘယ်၊ အာဆင်နယ်ရဲ့ ဗန်ပါစီ၊ ဘိုင်ယန်ရဲ့ ရော်ဘင်၊ အေစီမီလန်ရဲ့ ဟန်တဲလားတို့ ရှိနေတာကြောင့် တစ်ဦးချင်းရော အဖွဲ့လိုက်ပါ ထက်မြက်တဲ့ တိုက်စစ် ဖြစ်လာဖို့ ရှိပါတယ်။ ကွင်းလယ် မှာလည်း အင်တာရဲ့ ရှနိုက်ဒါ၊ ရီးယဲယ်ရဲ့ ဗန်ဒါဗတ်နဲ့ ဘိုင်ယန်ရဲ့ ဘွန်မယ်တို့ ရှိနေတယ်။ အဲဗာတန်ရဲ့ ဟိုင်တီဂါနဲ့ ဟမ်းဘတ်ရဲ့ မက်သစ်ဂ်ျဆန် တို့ဟာ အားထားရတဲ့ နောက်တန်း ကျောက်ဆောင် တွေပါ။ ဒီလူအင်အား ဒီအခင်းအကျင်း နဲ့ဆို အနည်းဆုံး ကွာတားရောက်ဖို့ သေချာပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
| 1 |
Maarten STEKELENBURG |
Ajax (NED) |
| 2 |
Gregory VAN DER WIEL |
Ajax (NED) |
| 3 |
John HEITINGA |
Everton (ENG) |
| 4 |
Joris MATHIJSEN |
Hamburger SV (GER) |
| 5 |
Giovanni VAN BRONCKHORST |
Feyenoord (NED) |
| 6 |
Mark VAN BOMMEL |
Bayern Munich (GER) |
| 7 |
Dirk KUYT |
Liverpool (ENG) |
| 8 |
Nigel DE JONG |
Manchester City (ENG) |
| 9 |
Robin VAN PERSIE |
Arsenal (ENG) |
| 10 |
Wesley SNEIJDER |
Inter (ITA) |
| 11 |
Arjen ROBBEN |
Bayern Munich (GER) |
| 12 |
Khalid BOULAHROUZ |
VfB Stuttgart (GER) |
| 13 |
Andre OOIJER |
PSV Eindhoven (NED) |
| 14 |
Demy DE ZEEUW |
Ajax (NED) |
| 15 |
Edson BRAAFHEID |
Celtic (SCO) |
| 16 |
Michel VORM |
Utrecht (NED) |
| 17 |
Eljero ELIA |
Hamburger SV (GER) |
| 18 |
Stijn SCHAARS |
AZ Alkmaar (NED) |
| 19 |
Ryan BABEL |
Liverpool (ENG) |
| 20 |
Ibrahim AFELLAY |
PSV Eindhoven (NED) |
| 21 |
Klaas Jan HUNTELAAR |
AC Milan (ITA) |
| 22 |
Sander BOSCHKER |
Twente Enschede (NED) |
| 23 |
Rafael VAN DER VAART |
Real Madrid (ESP) |
ဟော်လန်နှင့် အခွင့်အရေးများ

ဟော်လန်နှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
ဟော်လန်နှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Friday, 11 June 2010 09:55 |