|

|
|
|
| အမည်ပြောင် |
: |
အပြာရောင် ဆာမူရိုင်း |
| ကိုယ်စားပြုဇုန် |
: |
အာရှ |
နည်းပြချုပ်
|
: |
တာကေရှီ အိုကာဒါ |
| အသင်းခေါင်းဆောင် |
: |
ကာဝါဂူချီ (ဂျူဘလို အီဝါတာ) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၄၅ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၃ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
ရှုံးထွက်အဆင့် |
ဂျပန် အသင်းဟာ အာရှမှာ ဘောလုံး အားကစား အအောင်မြင်ဆုံး အသင်းတစ်သင်း ဖြစ်ပြီး အာရှဖလားကို ၃ ကြိမ် ရရှိခဲ့ဖူး ပါတယ်။ နောက်ဆုံး ကျင်းပတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၄ ပွဲကို ဆက်တိုက် ၀င်ရောက်ယှဉ်ပြိုင် နိုင်ခဲ့တဲ့ အာရှအသင်း ဖြစ်ပြီး အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ရှုံးထွက် အဆင့်ထိ ရောက်ရှိခဲ့ဖူး ပါတယ်။ နာကာတာလို ဥရောပ အဆင့် ခြေစွမ်းရှိတဲ့ ကစားသမား မျိုးတွေတောင် ထွက်ပေါ်ခဲ့ဖူးတဲ့ ဂျပန်ရဲ့ ဘောလုံး အစဉ်အလာဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပုံမှန် ၀င်ပြိုင်ခွင့် ရဖို့ ထိုက်တန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အိမ်ရှင်အဖြစ် ကစားခဲ့တဲ့ ပြိုင်ပွဲကလွဲလို့ ကျန်တဲ့ အကြိမ်တွေမှာ အုပ်စုတွင်း နိုင်ပွဲ တစ်ပွဲမှ မရခဲ့တာကို တွေ့ရပါတယ်။
ဂျပန် အသင်းဟာ အာရှဇုန် ခြေစစ်ပွဲတွေမှာ တတိယ အဆင့်က စတင် ယှဉ်ပြိုင် ခဲ့ရပြီး အုပ်စု (၂)မှာ ဘာရိန်း၊ အိုမန်၊ ထိုင်း တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ ပါတယ်။ ဘာရိန်းဟာ အဝေးကွင်း တွေမှာ ဘာရိန်းကို ရှုံး၊ အိုမန်ကို သရေကျပြီး ကျန်ပွဲတွေ အားလုံး နိုင်ခဲ့လို့ အုပ်စုဗိုလ် ဖြစ်ပြီး စတုတ္တ အဆင့်ကို တက်ခွင့်ရ ပါတယ်။ စတုတ္တ အဆင့်မှာ သြစတြေးလျ၊ ဘာရိန်း၊ ကာတာ၊ ဥဇဘက် ကစ္စတန် တို့နဲ့ ရင်ဆိုင်ခဲ့ရပြီး ၄ ပွဲနိုင် ၃ ပွဲ သရေ ၁ ပွဲရှုံး ရလဒ်ကို ရခဲ့ပါတယ်။ ဒါကြောင့် သြစတြေးလျထက် ၅ မှတ်လျော့ပြီး အုပ်စ ဒုတိယ နေရာနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို တိုက်ရိုက် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရတာ ဖြစ်ပါတယ်။
နည်းပြ အိုကာဒါဟာ ပြီးခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂျပန် လက်ရွေးစင် အသင်းကို ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၇ မှာ ဂျပန် အသင်းကို တကျော့ပြန် ကိုင်တွယ်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် လတ်တလော ဂျပန် အသင်းရဲ့ ခြေစမ်းပွဲ ရလဒ်တွေ အားရစရာ မရှိလို့ ဖိအားတွေ ၀င်နေရ ပါတယ်။ ဂျပန် တိုက်စစ်မှာ ကာတာနီယာက မိုရီမိုတိုနဲ့ နာဂိုရာ ဂရန်းပက်က တာမာဒါတို့ အားထားရ ပါတယ်။ ကွင်းလယ်မှာလည်း ၀ုလ်ဗ်ဘတ် ကစားသမား ဟာဆီဘေး၊ ယိုကိုဟားမား ကစားသမား နာကာမူရာနဲ့ CSKA ကစားသမား ဟွန်ဒါတို့ ရှိနေပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းမှာ လောက်လောက် လားလား ကစားသမား မရှိသလို ဂိုးသမား နေရာမှာလည်း အသက် ၃၃ နှစ် ရှိပြီဖြစ်တဲ့ ကာဝါဂူဂျီကို အားကိုး နေရပါတယ်။ ဂျပန်အသင်းရဲ့ လူအင်အား၊ နည်းပြ အရည်အချင်း တွေဟာ ဥရောပ အသင်း တွေကို မမှီတာ သေချာနေ ပေမယ့် စိတ်ဓာတ်ပိုင်းနဲ့ ကစားမယ် ဆိုရင်တော့ ဘာမဆို ဖြစ်သွားနိုင် ပါတယ်။ ဂျပန်အသင်း အနည်းဆုံး ဖျက်မြင်း အဆင့်တော့ ရှိပါလိမ့်မယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
1
|
Seigo NARAZAKI
|
Nagoya Grampus Eight (JPN)
|
2
|
Yuki ABE
|
Urawa Reds (JPN)
|
3
|
Yuichi KOMANO
|
Jubilo Iwata (JPN)
|
4
|
Marcus Tulio TANAKA |
Nagoya Grampus Eight (JPN)
|
5
|
Yuto NAGATOMO
|
FC Tokyo (JPN)
|
6
|
Atsuto UCHIDA
|
Kashima Antlers (JPN)
|
7
|
Yasuhito ENDO
|
Gamba Osaka (JPN)
|
8
|
Daisuke MATSUI
|
Grenoble (FRA)
|
9
|
Shinji OKAZAKI |
Shimizu S-Pulse (JPN) |
10
|
Shunsuke NAKAMURA |
Yokohama F Marinos (JPN) |
11
|
Keiji TAMADA |
Nagoya Grampus Eight (JPN) |
12
|
Kisho YANO |
Albirex Niigata (JPN) |
13
|
Daiki IWAMASA |
Kashima Antlers (JPN) |
14
|
Kengo NAKAMURA |
Kawasaki Frontale (JPN) |
15
|
Yasuyuki KONNO |
FC Tokyo (JPN) |
16
|
Yoshito OKUBO |
Vissel Kobe (JPN) |
17
|
Makoto HASEBE |
Wolfsburg (GER) |
18
|
Keisuke HONDA |
CSKA Moscow (RUS) |
19
|
Takayuki MORIMOTO |
Catania (ITA) |
20
|
Junichi INAMOTO |
Kawasaki Frontale (JPN) |
21
|
Eiji KAWASHIMA |
Kawasaki Frontale (JPN) |
22
|
Yuji NAKAZAWA |
Yokohama F Marinos (JPN) |
23
|
Yoshikatsu KAWAGUCHI |
Jubilo Iwata (JPN) |
ဂျပန်နှင့် အခွင့်အရေးများ

ဂျပန်နှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
ဂျပန်နှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Friday, 11 June 2010 10:06 |