|

|
|
|
| အမည်ပြောင် |
: |
အဇူရီ |
| ကိုယ်စားပြုဇုန် |
: |
ဥရောပ |
နည်းပြချုပ်
|
: |
မာဆယ်လို လစ်ပီ |
| အသင်းခေါင်းဆောင် |
: |
ကန်နာဗာရို (အယ်လ်အာလီ) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၅ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၁၆ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
ချန်ပီယံ (၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂၊ ၂၀၀၆) |
ကမ္ဘာ့ဖလား သမိုင်းမှာ ဘရာဇီးလ် အသင်းပြီးရင် ဒုတိယ အအောင်မြင်ဆုံး အသင်းကို ပြပါ ဆိုရင်တော့ လက်ရှိ ချန်ပီယံ အီတလီ အသင်းကို လက်ညှိုးထိုး ပြရမှာပါပဲ။ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံ ၄ ကြိမ် ဖြစ်ဖူးပြီး ဥရောပ ဖလား(၁၉၆၈)၊ အိုလံပစ် ချန်ပီယံ (၁၉၃၆) ဆုတွေ ကိုလည်း ရခဲ့ပါတယ်။ ကမ္ဘာ့ ဘောလုံး ပရိသတ်တွေ အသည်းစွဲ အသင်း တစ်သင်း ဖြစ်တဲ့ အဇူရီ အပြာရောင် အင်္ကျီနဲ့ အီတလီ အသင်းဟာ ခေတ် အဆက်ဆက် ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေ မွေးထုတ်ပေးတဲ့ နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒီနိုဇော့ဖ်၊ ဖာချက်တီတို့ ခေတ်ကနေ ဘက်ဂီယို၊ မာလ်ဒီနီ၊ ဒယ်ပီယာရို၊ တော့တီ၊ အဲဒီနောက် ကန်နာဗာရို၊ နက်စတာ၊ ဘူဖွန်၊ ဗီယာရီ၊ အင်ဇာဂီ၊ အခုနောက်ဆုံး ပါလို၊ ဒီရော့ဆီ၊ ဂီလာဒီနိုတို့ လက်ထက်အထိ မျိုးဆက်တွေ အဆင့်ဆင့် ပြောင်းပြီး ကမ္ဘာ့ထိပ်တန်း အသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်လက် ထိန်းသိမ်းနိုင် ခဲ့ပါတယ်။
အီတလီ အသင်းဟာ ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု (၈)မှာ အိုင်ယာလန်၊ ဘူဂေးလ်ရီးယား၊ ဆိုက်ပရပ်စ်၊ မွန်တီနီဂရိုး၊ ဂျော်ဂျီယာ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ ပါတယ်။ အိုင်ယာလန်နဲ့ နှစ်ကျော့စလုံး၊ ဘူလ်ဂေးရီးယား အဝေးကွင်း ပွဲတွေမှာ သရေကျ ခဲ့ပြီး ကျန်ပွဲတွေမှာ အားလုံး နိုင်ခဲ့တာကြောင့် ရှုံးပွဲမရှိ စံချိန်နဲ့ ခြေစစ်ပွဲ အောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ခြေစစစ်ပွဲတွေ ကစားပုံ အရတော့ အီတလီ အသင်းဟာ တိုက်စစ်ပိုင်းမှာ တစ်ဦး တစ်ယောက်တည်း အပေါ် မမှီခို ခဲ့ဘဲ ဂီလာဒီနို တစ်ဦးတည်းသာ ၄ ဂိုး သွင်းပြီး ကျန်ကစားသမား တွေက ဂိုတွေ မျှသွင်း ပေးခဲ့တာကို တွေ့ရပါတယ်။ ခြေစစ်ပွဲမှာ ၂ ဂိုး သွင်းပေးခဲ့တဲ့ လီဗာပူးလ်ရဲ့ အကွီလာနီ ကတော့ အီတလီ နောက်ဆုံး လူစာရင်းမှာ မပါနိုင် ခဲ့တာကို တွေ့ရပါတယ်။
အီတလီ နည်းပြ မာဆယ်လို လစ်ပီဟာ အီတလီ အသင်းကို ၂၀၀၄ ခုနှစ် ၂၀၀၆ ခုနှစ်အထိ တစ်ကြိမ် ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၀၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင် ပေးခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ မှာ အသင်းကို တကျော့ပြန် ကိုင်တွယ်ခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးရင် ဖီအိုရင်တီးနားက ပရင်ဒယ်လီ အတွက် လက်ရွေးစင် နည်းပြ နေရာကို ဖယ်ပေးမယ်လို့ သိရပါတယ်။ ကစားသမား တွေထဲမှာ တိုက်စစ်မှူး ဂီလာဒီနို၊ အယ်ကွင်တာ၊ ဒီနာတာလီ၊ ကွာဂလီရယ်လာ၊ ပက်ဇီနီတို့ အားလုံးဟာ ထိပ်တန်း ကစား သမားတွေ ဖြစ်နေပါတယ်။ ကွင်းလယ်မှာ ဂတ်တူဆို၊ ပါလိုတို့ရဲ့ အထိုင်ကို ရော့စီ၊ ကာမိုရာစီနီ တို့နဲ့ရံကစား ပါလိမ့်မယ်။ နောက်တန်းမှာ အသင်း ခေါင်းဆောင် ကန်နာဗားရိုးက ခြေစွမ်း ထက်နေဆဲ ဖြစ်ပြီး ဇမ်ဘရော့တာ၊ ချီလီနီ တို့လည်း အကောင်းဆုံး အနေအထား ဖြစ်ပါတယ်။ ဂိုးသမား ဘူဖွန်ပါ ပေါင်းစပ် လိုက်ရင်တော့ အီတလီ အင်အားဟာ အတောင့်တင်းဆုံး ဖြစ်သွားပါတယ်။ နည်းပြရဲ့ စွမ်းရည်နဲ့ပါ အကူအညီ ပေးမယ်ဆိုရင် အီတလီ အသင်းအတွက် ချန်ပီယံဆုကို ထိန်းသိမ်းနိုင်ဖို့ အခွင့်အရေး အများကြီး ရှိနေတာ တွေ့ရပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
| 1 |
Gianluigi BUFFON |
Juventus (ITA) |
| 2 |
Christian MAGGIO |
Napoli (ITA) |
| 3 |
Domenico CRISCITO |
Genoa (ITA) |
| 4 |
Giorgio CHIELLINI |
Juventus (ITA) |
| 5 |
Fabio CANNAVARO |
Juventus (ITA) |
| 6 |
Daniele DE ROSSI |
AS Roma (ITA) |
| 7 |
Simone PEPE |
Udinese (ITA) |
| 8 |
Gennaro GATTUSO |
AC Milan (ITA) |
| 9 |
Vincenzo IAQUINTA |
Juventus (ITA) |
| 10 |
Antonio DI NATALE |
Udinese (ITA) |
| 11 |
Alberto GILARDINO |
Fiorentina (ITA) |
| 12 |
Federico MARCHETTI |
Cagliari (ITA) |
| 13 |
Salvatore BOCCHETTI |
Genoa (ITA) |
| 14 |
Morgan DE SANCTIS |
Napoli (ITA) |
| 15 |
Claudio MARCHISIO |
Juventus (ITA) |
| 16 |
Mauro CAMORANESI |
Juventus (ITA) |
| 17 |
Angelo PALOMBO |
Sampdoria (ITA) |
| 18 |
Fabio QUAGLIARELLA |
Napoli (ITA) |
| 19 |
Gianluca ZAMBROTTA |
AC Milan (ITA) |
| 20 |
Giampaolo PAZZINI |
Sampdoria (ITA) |
| 21 |
Andrea PIRLO |
AC Milan (ITA) |
| 22 |
Riccardo MONTOLIVO |
Fiorentina (ITA) |
| 23 |
Leonardo BONUCCI |
Bari (ITA) |
အီတလီနှင့် အခွင့်အရေးများ

အီတလီနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
အီတလီနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Thursday, 10 June 2010 17:04 |