Friday, 24 May 2013
Home World World Cup Group H Honduras

အမည်ပြောင် : လော့စ် ကာထရာချော့စ်
ကိုယ်စားပြုဇုန် : ကွန်ကာကပ်ဖ်
နည်းပြချုပ်
: ရိန်နယ်ဒို ရူဒါ
အသင်းခေါင်းဆောင် : အာမန်ဒို ဂွေဗာရာ (မိုတာဂွာ)
ဖီဖာ ကမ္ဘာ့အဆင့် : ၃၈
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
: ၁ ကြိမ်
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
: အုပ်စုအဆင့်


ဟွန်ဒူးရပ်စ် အသင်းဟာ ကွန်ကာကပ်ဖ် ဇုန်မှာ တရိပ်ရိပ် တိုးတက်နေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ အသင်းမှာ ပြည်ပရောက် ကစားသမားတွေ အများကြီး ပါဝင်နေပြီး အဲဒီ ကစားသမား တွေကလည်း သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်း အသီးသီးမှာ ထင်ပေါ်နေကြ သူတွေ ဖြစ်ကြပါတယ်။ ဟွန်ဒူးရပ်စ် အသင်းဟာ ၁၉၈၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တစ်ကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့ ပေမယ့် အုပ်စု အဆင့်ကနေပဲ ကျေနပ်ခဲ့ရ ပါတယ်။ ဒီတစ်ကြိမ် ပြိုင်ပွဲမှာတော့ အရင်တစ်ခေါက် ကထက် ပိုပြီး အင်အား တောင့်တင်း လာပြီ ဖြစ်တဲ့အတွက် အိပ်မက် အသစ်တွေ မက်နေကြမှာ အမှန်ပါပဲ။

ဟွန်ဒူးရပ်စ်ဟာ ကွန်ကာကပ်ဖ်ဇုန် ခြေစစ်ပွဲကို ဒုတိယ အဆင့်က စတင် ပါဝင်ယှဉ်ပြိုင် ခဲ့ရပါတယ်။ ဒီအဆင့်မှာ ပွာတိုရီကို အသင်းကို နှစ်ကျော့ပေါင်း (၆-၂)ဂိုးနဲ့ အနိုင်ယူပြီး တတိယ အဆင့်ကို တက်ရောက်နိုင် ခဲ့ပါတယ်။ ဒီအဆင့်မှာ ခြေစစ်ပွဲ အုပ်စု(၂)ကို ကျရောက် ခဲ့ တာကြောင့် မက္ကဆီကို၊ ဂျမေကာ၊ ကနေဒါ တို့နဲ့ ရင်ဆိုင်ခဲ့ ရပြီး ခက်ခက်ခဲခဲ ရုန်းကန် ခဲ့ရပါတယ်။ ဒါပေမယ့် ဟွန်ဒူးရပ်စ် အသင်းဟာ ၄ ပွဲနိုင် ၂ ပွဲရှုံး ရလဒ်နဲ့ အုပ်စု ပထမ ရခဲ့ပြီး တိုက်ရိုက် ခြေစစ်ပွဲ အောင်သွားတာ ဖြစ်ပါတယ်။ ဒီပွဲစဉ်တွေမှာ ဟွန်ဒူးရပ်စ် တိုက်စစ်မှူး ပါဗွန် အထူး ခြေစွမ်းပြ ခဲ့ပြီး ၆ ပွဲမှာ ၇ ဂိုး သွင်းပေးခဲ့ ပါတယ်။

ဟွန်ဒူးရပ် နည်းပြ ရူဒါဟာ ကိုလံဘီယာ လက်ရွေးစင် အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ ဟွန်ဒူးရပ်စ် အသင်းကို ၂၀၀၆ ခုနှစ်မှာ စတင်ကိုင်တွယ် ခဲ့သူ ဖြစ်ပါတယ်။ အတွေ့အကြုံ နုနယ်သေး ပေမယ့် ခြေစစ်ပွဲ အောင်အောင် စွမ်းဆောင်ပေး နိုင်ခဲ့တဲ့ စွမ်းရည်ကြောင့် အရည်အချင်း ရှိသူလို့ သတ်မှတ်ရပါမယ်။ ကစားသမား တွေထဲမှာ ခြေစစ်ပွဲ တွေကို ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး ပါဗွန်နဲ့ ဂီနိုအားက ဆွာဇိုတို့ကို အားထားရပါမယ်။ အလယ်တန်းမှာ ၀ီဂန်ရဲ့ သောမတ်၊ စပါးရဲ့ ပလာစီယို့စ်နဲ့ တိုရီနိုရဲ့ ဆီဇာတို့ဟာ ကစားသမား ကောင်းတွေ ဖြစ်ကြပြီး ဖီဂွယ်ရိုအာ ဦးဆောင်တဲ့ ခံစစ်ကလည်း အထိုက်အလျှောက် အားရဖို့ ကောင်းပါတယ်။ ဟွန်ဒူးရပ်စ် အသင်း အနေနဲ့ ဒီအုပ်စုမှာ အင်အား အနည်းဆုံးလို့ ဆိုနိုင်ပေမယ့် နောက်တစ်ဆင့် တက်ဖို့ မျှော်မှန်းနိုင်ခွင့် ရှိနေတာ ကိုလည်း တွေ့ရပါတယ်။

အသင်း လူစာရင်း

Squad No. Name Club
1
Ricardo CANALES Motagua (HON)
2
Osman CHAVEZ Platense (HON)
3
Maynor FIGUEROA Wigan (ENG)
4
Jhony PALACIOS Olimpia Tegucigalpa (HON)
5
Victor BERNARDEZ Anderlecht (BEL)
6
Hendry THOMAS Wigan (ENG)
7
Ramon NUNEZ Olimpia Tegucigalpa (HON)
8
Wilson PALACIOS Tottenham Hotspur (ENG)
9
Carlos PAVON Real Espana (HON
10
Julio Cesar DE LEON   
Torino (ITA)   
11 David SUAZO
Genoa (ITA)
12
George WELCOME
Motagua (HON)
13
Roger ESPINOZA
Kansas City Wizards (USA)
14
Oscar GARCIA
Olimpia Tegucigalpa (HON)
15
Walter MARTINEZ
Marathon (HON)
16
Mauricio SABILLON
Hangzhou Greentown (CHN)
17
Edgar ALVAREZ
Bari (ITA)
18
Noel VALLADARES
Olimpia Tegucigalpa (HON)
19
Danilo TURCIOS Olimpia Tegucigalpa (HON)
20
Amado GUEVARA Motagua (HON)
21
Emilio IZAGUIRRE Motagua (HON)
22
Donis ESCOBER Olimpia Tegucigalpa (HON)
23
Sergio MENDOZA Motagua (HON)


ဟွန်ဒူးရပ်စ်နှင့် အခွင့်အရေးများ


ဟွန်ဒူးရပ်စ်နှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက်



ဟွန်ဒူးရပ်စ်နှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

Last Updated on Thursday, 10 June 2010 15:01
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.