|

|
|
|
| အမည်ပြောင် |
: |
မရှိ |
| ကိုယ်စားပြုဇုန် |
: |
ဥရောပ |
နည်းပြချုပ်
|
: |
အော်တို ရီဟာဂျယ် |
| အသင်းခေါင်းဆောင် |
: |
ကာရာဂူးနစ် (ပါနာသီယန်ကို့စ်) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၁၂ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၁ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
အုပ်စုအဆင့် |
ဂရိဆိုရင် ၂၀၀၄ ဥရောပ ဖလား ပြိုင်ပွဲမှာ မထင်မှတ်ဘဲ ဗိုလ်စွဲထားတဲ့ အသင်းလို့ လူတိုင်း မှတ်မိနေကြ ဦးမယ်လို့ ထင်ပါတယ်။ ဥရောပမှာ ခြေစွမ်း ထက်မြက်တဲ့ ဂရိဟာ တကယ်တော့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ တစ်ကြိမ်သာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အသင်း ဖြစ်ပါတယ်။ ၁၉၃၄ ခုနှစ် ကတည်းက ခြေစစ်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် တကယ်တမ်း ခြေစစ်ပွဲ အောင်ခဲ့တာက ၁၉၉၄ ခုနှစ်မှ ဖြစ်ပါတယ်။ အဲဒီနှစ်မှာတောင် ဂရိ အသင်းဟာ အုပ်စုတွင်း ပွဲစဉ် ၃ ပွဲကစား၊ ၃ ပွဲလုံး ရှုံးပြီး သွင်းဂိုး လုံးဝ မရှိခဲ့ပါဘူး။ ဥရောပ ချန်ပီယံ တစ်ကြိမ် ဖြစ်ခဲ့ဖူးတဲ့ ဂရိ အသင်းမှာ အဲဒီ ယူရို-၂၀၀၄ ရဲ့ အမာခံ ကစားသမားတွေ ဖြစ်ခဲ့တဲ့ ခရစ္စတေ့ (နူရင်ဘတ်)၊ ကာရာဂူးနစ် (ပါနာသီယန်ကို့စ်) စတဲ့ ၀ါရင့် ကစားသမား ဟောင်းတွေ ဆက်ကစားနေ တုန်းပါပဲ။
ဂရိအသင်းဟာ ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု ၂ မှာ ပါဝင်ခဲ့ပြီး ဆွစ်ဇာလန်၊ လတ်ဗီးယား၊ အစ္စရေး၊ လူဇင်ဘတ်၊ မော်လ်ဒိုဗာ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ ပါတယ်။ ဂရိ အသင်းဟာ အုပ်စု ပထမ ရတဲ့ ဆွစ်ဇာလန်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ စလုံး ရှုံးနိမ့် ခဲ့တာက လွဲပြီး ကျန်ပွဲတွေမှာ ရှုံးပွဲမရှိ ကစားနိုင်ခဲ့ ပါတယ်။ ဒါကြောင့် ပွဲစဉ်အားလုံး အပြီးမှာ ဂရိဟာ ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ်နဲ့ အုပ်စု ဒုတိယ ရခဲ့ပါတယ်။ ဒါကြောင့် ဂရိအသင်း Play-off ကစားခွင့် ရခဲ့ပြီး ယူကရိန်း အသင်းကို နှစ်ကျော့ပေါင်း (၁-၀)ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်ခဲ့တာ ဖြစ်ပါတယ်။
ဂရိနည်းပြကြီး အော်တို ရီဟာဂျယ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၀၄ တုန်းကလည်း ဂရိအသင်းကို ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ ဂရိအသင်း ဥရောပ ချန်ပီယံ ဖြစ်ခဲ့တာဟာ ဒီ ဂျာမန်နည်းပြ ကြီးရဲ့ နည်းဗျူဟာ၊ အရည်အချင်း တွေနဲ့ အဓိက သက်ဆိုင် နေတာကြောင့် ဒီပြိုင်ပွဲမှာ သတိထား စောင့်ကြည့်ရမယ့် နည်းပြကောင်း တစ်ဦး ဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာ ခရစ်စတေ့၊ ဂီးကပ် တို့ အပြင် အိုလံပီယာကော့စ်က လူငယ် တိုက်စစ်မှူးလေး မီထရိုဂလူး ကိုလည်း အားကိုးရ ပါမယ်။ ကွင်းလယ်မှာ ကာရာဂူးနစ်က ကျောရိုးဖြစ်ပြီး ဆီနာက ဇီယိုးလစ်၊ လူငယ် ကစားသမားလေး နီနစ်တို့ကို စောင့်ကြည့် ရပါမယ်။ ခံစစ်မှာ လီဗာပူးလ်က ခရိုင်ဂျီယာကော့နဲ့ ဆီတာရီဒစ်တို့ အဓိက ကစားဖို့ ရှိနေပြီး လူငယ် ကစားသမား အများအပြားနဲ့ သွေးသစ် လောင်းထားပါတယ်။ ဂရိရဲ့ လက်ရှိ လူအင်အားနဲ့ နည်းပြ ရီဟာဂျယ်တို့ အစွမ်း ပေါင်းစပ်လိုက်ရင် အုပ်စုကကျော်ဖို့ မျှော်လင့်နိုင် ပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
1
|
Konstantinos CHALKIAS
|
PAOK (GRE)
|
2
|
Giourkas SEITARIDIS
|
Panathinaikos (GRE)
|
3
|
Christos PATSATZOGLOU
|
Omonia (CYP)
|
4
|
Nikos SPIROPOULOS
|
Panathinaikos (GRE)
|
5
|
Vangelis MORAS
|
Bologna (ITA)
|
6
|
Alexandros TZIOLIS
|
Siena (ITA)
|
7
|
Georgios SAMARAS
|
Celtic (SCO)
|
8
|
Avraam PAPADOPOULOS
|
Olympiacos (GRE)
|
9
|
Angelos CHARISTEAS
|
Nuremberg (GER)
|
10
|
Georgios KARAGOUNIS
|
Panathinaikos (GRE)
|
11
|
Loukas VYNTRA
|
Panathinaikos (GRE)
|
12
|
Alexandros TZORVAS
|
Panathinaikos (GRE)
|
13
|
Michail SIFAKIS
|
Aris Thessaloniki (GRE)
|
14
|
Dimitrios SALPINGIDIS
|
Panathinaikos (GRE)
|
15
|
Vasileios TOROSIDIS
|
Olympiacos (GRE)
|
16
|
Sotirios KYRGIAKOS
|
Liverpool (ENG)
|
17
|
Theofanis GEKAS
|
Hertha Berlin (GER)
|
18
|
Sotiris NINIS
|
Panathinaikos (GRE)
|
19
|
Sokratis PAPASTATHOPOULOS
|
Genoa (ITA)
|
20
|
Pantelis KAPETANOS
|
Steaua (ROU)
|
21
|
Konstantinos KATSOURANIS
|
Panathinaikos (GRE)
|
22
|
Stelios MALEZAS
|
PAOK (GRE)
|
23
|
Athanasios PRITTAS
|
Aris Thessaloniki (GRE)
|
ဂရိနှင့် အခွင့်အရေးများ

ဂရိနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
ဂရိနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Thursday, 10 June 2010 16:20 |