Friday, 24 May 2013
Home World World Cup Group E Denmark

အမည်ပြောင် : အော်လ်ဆန်၏ ၁၁ ယောက်
ကိုယ်စားပြုဇုန် : ဥရောပ
နည်းပြချုပ်
: မော်တန် အော်လ်ဆန်
အသင်းခေါင်းဆောင် : ဂျွန်ဒါးလ်တိုမာဆင် (ဖီယင်နု)
ဖီဖာ ကမ္ဘာ့အဆင့် : ၃၅
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
: ၃ ကြိမ်
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
: ကွာတားဖိုင်နယ်


ဒိန်းမတ် အသင်းဟာ ဥရောပ ဘောလုံး ဇာတ်ခုံမှာ ဂုဏ်သိက္ခာ ရှိရှိ ယှဉ်ပြိုင် ကစားနိုင်တဲ့ ခြေအဆင့်အတန်း ရှိတဲ့အသင်း ဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၈၀ နဲ့ ၁၉၉၀ တစ်ဝိုက် ကာလတွေဟာ ဒိန်းမတ်အသင်း ခြေစွမ်း အတက်ဆုံး အချိန် ဖြစ်ပြီး ၁၉၉၂ မှာ ဥရောပ ဖလားကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ၁၉၉၅ ကွန်ဖက်ဒရေးရှင်း ပြိုင်ပွဲမှာလည်း ဗိုလ်စွဲခဲ့ဖူးတဲ့ ဒိန်းမတ် အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ခြေစွမ်းခြေစ မသေးခဲ့ ပါဘူး။ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၃ ကြိမ် ၀င်ရောက်ယှဉ်ပြိုင် ရာမှာ ၃ ကြိမ်စလုံး အုပ်စု အဆင့်ကို ကျော်နိုင်ခဲ့ပြီး ရှုံးထွက်နဲ့ ကွာတားဖိုင်နယ် အဆင့်တွေကို ရောက်ခဲ့ပါတယ်။ ကျန်တဲ့နှစ်တွေ မှာတော့ ခြေစစ်ပွဲ မအောင်ခဲ့တာကို တွေ့ရတယ်။ ဒါကြောင့် ဒိန်းမတ် ဆိုတာ ခြေစစ်ပွဲ အောင်ရင် အနည်းဆုံး ရှုံးထွက် အဆင့်ကို တက်တဲ့ အစဉ်အလာ ရှိတယ်လို့ သုံးသပ် နိုင်ပါတယ်။

ဒိန်းမတ် အသင်းဟာ ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု ၁ မှာ ၀င်ရောက် ယှဉ်ပြိုင် ခဲ့ရပြီး ပေါ်တူဂီ၊ ဆွီဒင်၊ ဟန်ဂေရီ၊ အယ်ဘေးနီးယား၊ မော်လ်တာ အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ ပါတယ်။ ဒီအုပ်စုမှာ ပေါ်တူဂီသာ အုပ်စုဗိုလ် ဖြစ်မယ် ထင်ခဲ့ကြ ပေမယ့် တကယ်တမ်းမှာ ဒိန်းမတ်ဟာ ၆ ပွဲနိုင် ၃ ပွဲ သရေ ၁ ပွဲသာ ရှုံးပြီး ပေါ်တူဂီထက် အမှတ်ပိုများ ခဲ့တာကြောင့် အုပ်စုဗိုလ် ဖြစ်သွားပါတယ်။ ပိုပြီး အံ့သြစရာ ကောင်းတာက ဒိန်းမတ်ဟာ ပေါ်တူဂီထက် အမှတ်အသာ ရခဲ့ပေမယ့် သွင်းဂိုး အရေအတွက် မှာတော့ အုပ်စုဗိုလ် ဖြစ်ခဲ့တဲ့ အသင်း ၉ သင်းထဲမှာ အနည်းဆုံး ဖြစ်နေတာ ကိုလည်း တွေ့ရပါတယ်။ ဒိန်းမတ် အသင်းအတွက် ဂိုးအများဆုံး သွင်းပေးခဲ့သူက ဒူရစ်ဇ်ဘတ် တိုက်စစ်မှူး ဆိုရန် လော်ဆန်ပဲ ဖြစ်ပါတယ်။

မော်တန် အော်လ်ဆန်ဟာ ဒိန်းမတ် လက်ရွေးစင် အသင်းကို ၁၀ နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ သက်တော်ရှည် နည်းပြကြီး ဖြစ်ပါတယ်။ ဒါကြောင့် သူ့အသင်းကို အော်လ်ဆန်ရဲ့ ၁၁ ယောက် လို့တောင် တင်စားခေါ်ဝေါ် ကြတာပါ။ ဒီလောက် အချိန် အကြာကြီး ကိုင်ခဲ့ပြီးပြီ ဖြစ်လို့ အော်လ်ဆန်ဟာ ကစာသမားတွေ အကြောင်းကို အူမချေးခါးက အစ သိနေပြီး သြဇာလည်း ညောင်းပါတယ်။ အသင်းရဲ့ တိုက်စစ်မှာ အာဆင်နယ်ရဲ့ ဘန်တနာ၊ ဖီယင်နုရဲ့ တိုမာဆင်နဲ့ ဒူးရစ်ဇ်ဘတ်ရဲ့ လော်ဆန် တို့ကြောင့် ထက်မြက်နေ ပါတယ်။ ကွင်းလယ်မှာ ကိုပင်ဟေဂင်က ၀ါရင့် ကွင်းလယ်လူ ဂရွန်ဂျာ၊ ဂျူဗင်တပ်က ပေါလ်ဆန်နဲ့ အေဂျက်က ရွန်မယ်ဒါတို့ ရှိနေပြီး ခံစစ်ကြောင်း ကိုတော့ လီဗာပူးလ်ရဲ့ ဒန်နီယယ် အဂ္ဂါက ဦးဆောင်ပါတယ်။ ဂိုးသမားကလည်း စတုတ်ရဲ့ ဆိုရင်ဆန် ရှိနေတယ်။ ရှေ့လယ်နောက် ကစားသမား ကောင်းတွေ ပေါများတဲ့ ဒိန်းမတ်တို့ အစဉ်အလာ အတိုင်း အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ဖို့ အခွင့်အလမ်း ကောင်းနေပါတယ်။

အသင်း လူစာရင်း

Squad No. Name Club
1 Thomas SORENSEN Stoke City (ENG)
2 Christian POULSEN Juventus (ITA)
3 Simon KJAER Palermo (ITA)
4 Daniel AGGER Liverpool (ENG)
5 William KVIST Copenhagen (DEN)
6 Lars JACOBSEN Blackburn Rovers (ENG)
7 Daniel JENSEN Werder Bremen (GER)
8 Jesper GRONKJAER Copenhagen (DEN)
9 Jon Dahl TOMASSON Feyenoord (NED)
10 Martin JORGENSEN AGF Aarhus (DEN)
11 Nicklas BENDTNER Arsenal (ENG)
12 Thomas KAHLENBERG Wolfsburg (GER)
13 Per KROLDRUP Fiorentina (ITA)
14 Jakob POULSEN AGF Aarhus (DEN)
15 Simon POULSEN AZ Alkmaar (NED)
16 Stephan ANDERSEN Brondby (DEN)
17 Mikkel BECKMANN Randers (DEN)
18 Soren LARSEN MSV Duisburg (GER)
19 Dennis ROMMEDAHL Ajax (NED)
20 Thomas ENEVOLDSEN Groningen (NED)
21 Christian ERIKSEN Ajax (NED)
22 Jesper CHRISTIANSEN Copenhagen (DEN)
23 Patrick MTILIGA Malaga (ESP)


ဒိန်းမတ်နှင့် အခွင့်အရေးများ



ဒိန်းမတ်နှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက်



ဒိန်းမတ်နှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

Last Updated on Friday, 11 June 2010 10:19
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.