|

|
|
|
| အမည်ပြောင် |
: |
ဆော်ကာရူးစ် (ဘောလုံးနှင့် သားပိုက်ကောင်ကို ပေါင်းစပ်ထားသည့် အမည်) |
| ကိုယ်စားပြုဇုန် |
: |
အာရှ |
နည်းပြချုပ်
|
: |
ပင်ဘားဘိခ် |
| အသင်းခေါင်းဆောင် |
: |
လူးကပ်နေးလ် (ဂါလာတာစရေး) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၂၀ |
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၂ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
ရှုံးထွက်အဆင့် |
သြစတြေးလျ အသင်းဟာ အရင်က ကမ္ဘာ့ဖလား ခြေစစ်ပွဲကို သမုဒ္ဒရာပိုင်း ဇုံကနေ ကစားခဲ့ရပြီး အခုဆိုရင် အာရှ အသင်း တစ်သင်းအဖြစ် အသိအမှတ် ပြလုပ်ခံ ထားရတာကြောင့် ခြေစစ်ပွဲကို အာရှဇုန် ကနေ ၀င်ရောက် အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ အသင်းဟာ ၂၀၀၆ ခုနှစ် ကနေမှ စတင်ပြီး အာရှဇုန် ပြောင်းခဲ့တာမို့ အာရှဇုန် ကနေ ပထထဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်တာလို့ ဆိုနိုင်ပါတယ်။ သမုဒ္ဒရာပိုင်း ဇုန်မှာ ပြိုင်ဘက် မရှိ အောင်မြင်မှု အများဆုံး အသင်း ဖြစ်တဲ့ သြစတြေးလျဟာ သေတွင်း ချန်ပီယံ ၄ ကြိမ် ဖြစ်ခဲ့ဖူးပြီး ကမ္ဘာ့ဖလား မှာတော့ နှစ်ကြိမ်သာ ၀င်ရောက် ယှဉ်ပြိုင် ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားမှာ အုပ်စု အဆင့်က ကျော်ဖြတ် နိုင်ခဲ့တဲ့ သြစတြေးလျဟာ ဒီတစ်ကြိမ် မှာလည်း ကီးဝဲလ် (ဂါလာတာ စရေး)၊ အီမာတန် (ဘလက်ဘန်း)၊ တင်ကာဟေးလ် (အဲဗာတန်) စတဲ့ ကစားသမား တွေနဲ့ ဘယ်အဆင့်ထိ ရောက်မလဲ ကြည့်ရပါမယ်။
သြစတြေးလျဟာ အာရှဇုန် ခြေစစ်ပွဲမှာ တတိယ အဆင့် ရောက်မှ ၀င်ရောက် ယှဉ်ပြိုင်ရတာ ဖြစ်ပြီး ပထမ အဆင့်နဲ့ ဒုတိယ အဆင့်ကို အလိုအလျှောက် အောင်မြင်ခဲ့ ပါတယ်။ တတိယ အဆင့်မှာ သြစတြေးလျဟာ အုပ်စု (၁)မှာ ကျရောက်နေပြီး ကာတာ၊ အီရတ်၊ တရုတ် တို့နဲ့ ယှဉ်ပြိုင်ခဲ့ ရပါတယ်။ သြစတြေးလျဟာ ၃ပွဲနိုင်၊ ၁ပွဲ သရေ၊ ၂ ပွဲရှုံး ရလဒ်သာ ရခဲ့တာကြောင့် ကာတာနဲ့ အမှတ်တူ ခဲ့ပြီး ဂိုးကွာခြားချက် အသာနဲ့သာ အုပ်စု ပထမ ရခဲ့တယ်။ ဒီလိုနဲ့ ခြေစစ်ပွဲ စတုတ္တ အဆင့်ကို တက်ခွင့် ရခဲ့ပြီး အုပ်စု(A)မှာ ဂျပန်၊ ဘာရိန်း၊ ကာတာ၊ ဥဇဘက် ကစ္စတန် တို့နဲ့ ကျရောက်ခဲ့ ပြန်ပါတယ်။ ဒီတစ်ခါမှာတော့ သြစတြေးလျဟာ ၆ ပွဲနိုင်၊ ၂ ပွဲသရေ ရှုံးပွဲ မရှိနဲ့ အုပ်စုဗိုလ် ဖြစ်ပြီး တိုက်ရိုက် ခြေစစ်ပွဲ အောင်သွားခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယား၊ ယူအေအီး အသင်းတွေနဲ့ နိုင်ငံတကာ နည်းပြ အတွေ့အကြုံ ရှိခဲ့ဖူးတဲ့ ဘားဘိခ်ဟာ သြစတြေးလျ အသင်းကို ၂၀၀၇ ခုနှစ် ကတည်းက ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးရင် မော်ရိုကို အသင်းမှာ လူငယ် အသင်း နည်းစနစ် ဒါရိုက်တာ တာဝန် သွားရောက် ထမ်းဆောင်ဖို့ သဘောတူ ထားပြီး ဖြစ်ပါတယ်။ ဥရောပရောက် ကစားသမား အများအပြာ ပါဝင်တဲ့ သြစတြေးလ လက်ရွေးစင် လူစာရင်းဟာ အားရဖို့ ကောင်းပါတယ်။ ရှေ့တန်းမှာ ကီးဝဲလ်၊ အလယ်တန်းမှာ ကာဟေး၊ ဂရေလာ၊ ဘရက်စီယာနို၊ ကူလီနာ၊ နောက်တန်းမှာ လူးကပ်နေးလ်၊ ရိုင်းစ်ဝီလျံ၊ ဂိုးသမား ရှဝါဇာ၊ ဘရတ်ဂျုံး စတဲ့ ကစားသမား တွေဟာ ပရီးမီးယားနဲ့ ဥရောပ ထိပ်တန်း လိဂ်တွေက နာမည်ကျော် ကစားသမားတွေ ဖြစ်ပါတယ်။ လက်ရှိ လူအင်အား အနေအထားနဲ့ နည်းပြရဲ့ အတွေ့အကြုံ ပေါင်းစပ်လိုက်ရင် အုပ်စုက ကျွတ်ဖို့ မျှော်လင့်နိုင် ပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
1
|
Mark SCHWARZER
|
Fulham (ENG)
|
2
|
Lucas NEILL
|
Galatasaray (TUR)
|
3
|
Craig MOORE
|
no club affiliation (UNK)
|
4
|
Tim CAHILL
|
Everton (ENG)
|
5
|
Jason CULINA
|
Gold Coast United (AUS)
|
6
|
Michael BEAUCHAMP
|
Al Jazira (UAE)
|
7
|
Brett EMERTON
|
Blackburn Rovers (ENG)
|
8
|
Luke WILKSHIRE
|
Dynamo Moscow (RUS)
|
9
|
Joshua KENNEDY
|
Nagoya Grampus Eight (JPN)
|
10
|
Harry KEWELL
|
Galatasaray (TUR)
|
11
|
Scott CHIPPERFIELD
|
Basel (SUI)
|
12
|
Adam FEDERICI
|
Reading (ENG)
|
13
|
Vince GRELLA
|
Blackburn Rovers (ENG)
|
14
|
Brett HOLMAN
|
AZ Alkmaar (NED)
|
15
|
Mile JEDINAK
|
Antalyaspor (TUR)
|
16
|
Carl VALERI
|
Sassuolo (ITA)
|
17
|
Nikita RUKAVYTSYA
|
Twente Enschede (NED)
|
18
|
Eugene GALEKOVIC
|
Adelaide Utd. (AUS)
|
19
|
Richard GARCIA
|
Hull City (ENG)
|
20
|
Mark MILLIGAN
|
JEF United Ichihara (JPN)
|
21
|
David CARNEY
|
Twente Enschede (NED)
|
22
|
Dario VIDOSIC
|
MSV Duisburg (GER)
|
23
|
Marco BRESCIANO
|
Palermo (ITA)
|
သြစတြေးလျနှင့် အခွင့်အရေးများ

သြစတြေးလျနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
သြစတြေးလျနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Friday, 11 June 2010 10:16 |