|

|
|
|
| အမည်ပြောင် |
: |
လာ အယ်ဘီဆယ်လီစတီ (အဖြူနှင့် မိုးပြာရောင်) |
| ကိုယ်စားပြုဇုန် |
: |
တောင်အမေရိက |
နည်းပြချုပ်
|
: |
မာရာဒိုနာ |
| အသင်းခေါင်းဆောင် |
: |
မာရှေယာနို (လီဗာပူးလ်) |
| ဖီဖာ ကမ္ဘာ့အဆင့် |
: |
၇
|
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
|
: |
၁၅ ကြိမ် |
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
|
: |
ချန်ပီယံ (၁၉၇၈၊ ၁၉၈၆) |
အာဂျင်တီးနား အသင်းဟာ ကမ္ဘာပေါ်မှာ နိုင်ငံတကာ ဆုဖလားတွေ အများဆုံး ရထားတဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ စုစုပေါင်း နိုင်ငံတကာ ဆုဖလား ၁၉ ကြိမ် ရဖူးပြီး ဥရုဂွေးနဲ့ စံချိန်ချင်း တူညီနေပါတယ်။ သူတို့ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့ဖူးပြီး အအောင်မြင်ဆုံး အသင်း တတွေထဲမှာ တစ်သင်း အပါအ၀င် ဖြစ်ပါတယ်။ ဒါ့အပြင် ကိုပါ အမေရိက ဖလား ၁၄ ကြိမ် ရရှိခဲ့ဖူးပြီး ၁၉၉၂ မှာ တိုက်ကြီးများ ဖလား ချန်ပီယံ၊ ၂၀၀၄ နဲ့ ၂၀၀၈ မှာ အိုလံပစ် ချန်ပီယံ ဆုတွေ ရရှိခဲ့ ပါတယ်။ ဒါကြောင့် အာဂျင် တီးနား အသင်းဟာ ပြင်သစ် အသင်းလိုပဲ ကမ္ဘာ့ဖလား၊ တိုက်ကြီးများ ဖလား၊ အိုလံပစ် ဖလား ၃ မျိုးစလုံး ရရှိဖူးတဲ့ အသင်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အာဂျင်တီးနား အသင်း ၁၅ ကြိမ် ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးပြီး ၁၉၇၈ နဲ့ ၁၉၈၆ မှာ ချန်ပီယံ ဖြစ်ခဲ့တယ်။ ကမ္ဘာ့ ဖလား ပြိုင်ပွဲ စတင်တဲ့ ၁၉၃၀ ကတည်းက စတင်ပါဝင် ခဲ့တဲ့ နိုင်ငံဖြစ်ပေမယ့် ၁၉၃၈ ကနေ ၁၉၅၄ အထိ ပြိုင်ပွဲဝင်ဖို့ ငြင်းဆန်ခဲ့ဖူး ပါတယ်။ ၁၉၅၈ ခုနှစ်မှ ပြန်လည် ပါဝင် လာခဲ့ပြီး ၁၉၇၀ ကမ္ဘာ့ဖလား မှာတော့ ခြေစစ်ပွဲ မအောင် ခဲ့တာကို တွေ့ရပါတယ်။
အာဂျင်တီးနား အသင်းဟာ တောင်အမေရိက ဇုန်မှာ ခြေစစ်ပွဲ ခရီးရှည်ကြီးကို ပါဝင်ယှဉ်ပြိုင် ခဲ့ရတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ နည်းပြ မာရာဒိုနာ အသင်းကို ကိုင်တွယ်ခဲ့ ပြီးတဲ့ နောက်ပိုင်း အာဂျင်တီးနား အသင်းဟာ ပထမဆုံး ၃ ပွဲဆက် အနိုင်ရခဲ့ ပေမယ့် ဘိုလစ်ဗီယား အသင်းကို သမိုင်းဝင် ရှုံးပွဲအဖြစ် (၆-၁)ဂိုးနဲ့ ရှုံးနိမ့်သွား ခဲ့တာကြောင့် ပရိသတ် ဝေဖန်မှုတွေ အကြီးအကျယ် ခံခဲ့ရ ပါတယ်။ ခြေစစ်ပွဲတွေ ပြီးဆုံးဖို့ နောက်ဆုံး ၂ ပွဲအလို အချိန်မှာလည်း အာဂျင်တီးနား အသင်းဟာ အဆင့်(၅) နေရာ ရောက်နေလို့ ခြေစစ်ပွဲမှ အောင့်ပါ့မလား ဆိုပြီး ပရိသတ်တွေ စိုးရိမ်ခဲ့ကြ ပါသေးတယ်။ ဒါပေမယ့် အဲဒီ လက်ကျန် နောက်ဆုံး ၂ ပွဲကို အနိုင်ကစား နိုင်ခဲ့လို့ အာဂျင်တီးနား အသင်းဟာ တောင်အမေရိက ဇုန် ထိပ်ဆုံး ၄ သင်း စာရင်း ၀င်သွားပြီး ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင် ခဲ့တာပါ။
အာဂျင်တီးနားရဲ့ နည်းပြကြီး မာရာဒိုနာဟာ ကစားသမား ဘ၀မှာ လျှမ်းလျှမ်းတောက် ခဲ့ပေမယ့် နည်းပြဘ၀ စွမ်းဆောင်ရ်ည ကတော့ သံသယ ဖြစ်စရာ ရှိပါတယ်။ သူ့ရဲ့ နည်းပြဘ၀မှာ ထူးထူးခြားခြား နည်းဗျူဟာအရ ပြောင်မြောက်စွာ စွမ်းဆောင် နိုင်ခဲ့တာ တစ်ကြိမ်မှ မရှိခဲ့ပါဘူး။ ဒါ့အပြင် မီဒီယာ တွေနဲ့လည်း ဆက်ဆံရေး မပြေလည်တဲ့သူ ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲမှာ ရိုင်းရိုင်စိုင်းစိုင်း ပြောဆိုမိလို့ နှစ်လ ပွဲပယ် ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ တိုက်စစ်ပိုင်းမှာ အဂူရို၊ ဟီဂူအင်၊ မက်ဆီ၊ မီလီတို၊ တီဗက်ဇ် စတဲ့ ကစားသမားတွေ ပါဝင်နေလို့ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ် အင်အားစု လို့တောင် ဆိုနိုင်ပါတယ်။ ကွင်းလယ်မှာ မာရှေယာနို၊ ဒီမာရီယာ၊ ဂူတီရက်ဇ် စတဲ့ ခြေစွမ်း အကောင်းဆုံး ကစားသမားတွေ အပြင် ၀ါရင့် ကွင်းလယ်လူကြီး ဗာရွန်ကိုပါ ပြန်ခေါ်ထားတာ တွေ့ရပါတယ်။ ခံစစ်မှာလည်း ဆင်မြူရယ်၊ ဒီမစ်ချယ်လီ၊ ဘာဒစ်ဆို၊ ဟိန့်ဇီ စတဲ့ ကစားသမား တွေက ပြောစရာမလိုတဲ့ အနေအထားပါ။ လက်ရှိ လူအင်အား အနေအထား အရ အာဂျင်တီးနားတို့ အနည်းဆုံး ကွာတားဖိုင်နယ် အဆင့်လောက် ရောက်ဖို့ ရှိပါတယ်။
အသင်း လူစာရင်း
| Squad No. |
Name |
Club |
1
|
Diego POZO
|
Atletico Colon (ARG)
|
2
|
Martin DEMICHELIS
|
Bayern Munich (GER)
|
3
|
Clemente RODRIGUEZ
|
Estudiantes La Plata (ARG)
|
4
|
Nicolas BURDISSO
|
AS Roma (ITA)
|
5
|
Mario BOLATTI
|
Fiorentina (ITA)
|
6
|
Gabriel HEINZE
|
Marseille (FRA)
|
7
|
Angel DI MARIA
|
Benfica (POR)
|
8
|
Juan VERON
|
Estudiantes La Plata (ARG)
|
9
|
Gonzalo HIGUAIN
|
Real Madrid (ESP)
|
10
|
Lionel MESSI
|
Barcelona (ESP)
|
11
|
Carlos TEVEZ
|
Manchester City (ENG)
|
12
|
Ariel GARCE
|
Atletico Colon (ARG)
|
13
|
Walter SAMUEL
|
Inter (ITA)
|
14
|
Javier MASCHERANO
|
Liverpool (ENG)
|
15
|
Nicolas OTAMENDI
|
Velez Sarsfield (ARG)
|
16
|
Sergio AGUERO
|
Atletico Madrid (ESP)
|
17
|
Jonas GUTIERREZ
|
Newcastle Utd. (ENG)
|
18
|
Martin PALERMO
|
Boca Juniors (ARG)
|
19
|
Diego MILITO
|
Inter (ITA)
|
20
|
Maxi RODRIGUEZ
|
Liverpool (ENG)
|
21
|
Mariano ANDUJAR
|
Catania (ITA)
|
22
|
Sergio ROMERO
|
AZ Alkmaar (NED)
|
23
|
Javier PASTORE
|
Palermo (ITA)
|
အာဂျင်တီးနားနှင့် အခွင့်အရေးများ

အာဂျင်တီးနားနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက် 
အာဂျင်တီးနားနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

|
|
Last Updated on Thursday, 10 June 2010 15:46 |