Saturday, 25 May 2013
Home World World Cup Group C Algeria

အမည်ပြောင် : ကန္တာရ မြေခွေး
ကိုယ်စားပြုဇုန် : အာဖရိက
နည်းပြချုပ်
: ရာဘတ် ဆာဒိန်း
အသင်းခေါင်းဆောင် : ရာဇ်ဒီ မန်ဆူရီ (လောရီးရန့်)
ဖီဖာ ကမ္ဘာ့အဆင့် : ၃၁
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
: ၂ ကြိမ်
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
: အုပ်စုအဆင့်


အာဖရိက တိုက်မှာ ကန္တာရ မြေခွေးတွေလို့ တင်စား ခေါ်ဝေါ်ခြင်း ခံရတဲ့ အယ်လ်ဂျီးရီးယား အသင်းဟာ အောင်မြင်မှု သမိုင်းကြောင်း သိပ်မကြီးခဲ့ဘူး ဆိုပေမယ့် အထောက် အလျှောက်တော့ နာမည် ရတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ၁၉၈၂ နဲ့ ၁၉၈၆ ခုနှစ်တွေမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို နှစ်ကြိမ် ဆက် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး နှစ်ကြိမ် စလုံးမှာ အုပ်စုအဆင့် ကနေပဲ လှည့်ပြန် ခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၉၀ မှာတော့ သူတို့နိုင်ငံမှာ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတဲ့ အာဖရိက နိုင်ငံများ ဖလား ပြိုင်ပွဲ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကျော် ပြင်သစ် ဘောလုံးသမား ဇီဒန်းရဲ့ မွေးရပ်မြေ နိုင်ငံ ဖြစ်ပေမယ့် လက်ရှိ အချိန် မှာ ပို့စ်မောက်ရဲ့ ဘဲလ်ဟတ်ဂ်ျ၊ ဆီနာရဲ့ ဂီဇယ် တို့လောက်သာ နာမည် အသင့်အတင့် ရှိတဲ့ ကစားသမား ပါဝင်ပါတယ်။

အယ်လ်ဂျီးရီးယား ဟာ အာဖရိကဇုန် ခြေစစ်ပွဲ ဒုတိယ အဆင့်ကနေ စတင် ယှဉ်ပြိုင်ခဲ့ ရပြီး အုပ်စု ၆ မှာ ဂမ်ဘီယာ၊ ဆီနီဂေါ၊ လိုက်ဘေးရီးယား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ ပါတယ်။ စုစုပေါင်း ပွဲစဉ် ၆ ပွဲ ကစားရာမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၁၀ မှတ်နဲ့ အုပ်စု ပထမ ရခဲ့တာကြောင့် နောက်တစ်ဆင့်ကို တက်ခွင့် ရခဲ့ပါတယ်။ ခြေစစ်ပွဲ တတိယ အဆင့် မှာတော့ အယ်လ်ဂျီးရီးယားဟာ အီဂျစ်၊ ဇမ်ဘီယာ၊ ရ၀မ်ဒါ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ ပါတယ်။ ဒီအုပ်စုမှာ အယ်လ်ဂျီးရီးယားနဲ့ အီဂျစ် တို့ဟာ ရမှတ်၊ ရဂိုး၊ ပေဂိုး အားလုံး တူညီနေ တာကြောင့် Paly-off တစ်ပွဲ ပြန်ကစား ရပါတယ်။ ဒီပွဲမှာ အယ်လ်ဂျီးရီးယားက (၁-၀)ဂိုးနဲ့ နိုင်ခဲ့လို့ ခြေစစ်ပွဲ အောင်သွားတာပါ။

အယ်လ်ဂျီးရီးယား လူမျိုး နည်းပြကြီး ရာဘတ် ဆာဒိန်းဟာ အသင်းကို ၁၉၈၁ ခုနှစ် ကတည်းက စကိုင်ခဲ့ ဖူးတဲ့ သက်တမ်းရှည် နည်းပြကြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခု အချိန်ထိ တောက်လျှောက် ကိုင်ခဲ့ရတာ မဟုတ်ဘဲ ကြားထဲမှာ အခြား အသင်းတွေကို အကြိမ်ကြိမ် ပြောင်းလဲ ကိုင်တွယ်ခဲ့ ဖူးပြီး ယီမင် လက်ရွေးစင် အသင်းကိုလည်း ကိုင်တွယ် ခဲ့ဖူးပါတယ်။ ၁၉၈၆ တုန်းက အယ်လ်ဂျီးရီးယား အသင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ ၀င်ခွင့်ရတော့ ကိုင်တွယ်ခဲ့တာ ရာဘတ် ဆာဒိန်း ပါပဲ။ ကစားသမား တွေထဲမှာ ဥရောပ ရောက်နေတဲ့ သူတွေ အများအပြား ရှိပေမယ့် အများအားဖြင့် နာမည် မထင်ရှားတဲ့ ကစား သမားတွေ ဖြစ်ပါတယ်။ ဒီလူအင်အား၊ ဒီနည်းပြ နဲ့ဆိုရင် အယ်လ်ဂျီးရီးယားတို့ အင်္ဂလန်နဲ့ အမေရိကန်ကို ကျော်ပြီး အုပ်စုတက်ဖို့ သိပ် မလွယ်ပါဘူး။

အသင်း လူစာရင်း

Squad No. Name Club
1
Lounes GAOUAOUI
Chlef (ALG)
2
Madjid BOUGHERRA
Rangers (SCO)
3 Nadir BELHADJ
Portsmouth (ENG)
4
Anther YAHIA
Bochum (GER)
5
Rafik HALLICHE
Nacional Madeira (POR)
6 Yazid MANSOURI
Lorient (FRA)
7
Ryad BOUDEBOUZ
Sochaux (FRA)
8
Medhi LACEN
Racing Santander (ESP) 
9
Abdelkader GHEZZAL
Siena (ITA)
10
Rafik SAIFI
Istres (FRA)
11
Rafik DJEBBOUR
AEK Athens (GRE)
12
Habib BELLAID
Boulogne (FRA)
13
Karim MATMOUR
Borussia Moenchengladbach (GER)
14
Abdelkader LAIFAOUI
Setif (ALG)
15
Karim ZIANI
Wolfsburg (GER)
16
Faouzi CHAOUCHI
Setif (ALG)
17
Adlane GUEDIOURA
Wolverhampton (ENG)
18
Carl MEDJANI
Ajaccio (FRA)
19
Hassan YEBDA
Portsmouth (ENG)
20
Djamel MESBAH
Lecce (ITA)
21
Foued KADIR
Valenciennes (FRA)
22
Djamal ABDOUN
Nantes (FRA)
23
Rais M BOLHI
Slavia Sofia (BUL)


အယ်လ်ဂျီးရီယားနှင့် အခွင့်အရေးများ



အယ်လ်ဂျီးရီယားနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက်



အယ်လ်ဂျီးရီယားနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

Last Updated on Friday, 11 June 2010 09:09
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.