Wednesday, 22 May 2013
Home World World Cup Group A Mexico




အမည်ပြောင် : အယ်လ်ထရိုင် (သုံးရောင်ခြယ်)
ကိုယ်စားပြုဇုန် : ကွန်ကာကပ်ဖ်
နည်းပြချုပ်
: ဂ်ာဗီးယား အဂြီရီ
အသင်းခေါင်းဆောင် : ရာဖေးလ် မားကွက်ဇ်(ဘာစီလိုနာ)
ဖီဖာ ကမ္ဘာ့အဆင့် : ၁၇
ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့သည့် အကြိမ်
: ၁၃ ကြိမ်
အမြင့်ဆုံး ရောက်ခဲ့သည့် အဆင့်
: ကွာတားဖိုင်နယ်


၁၉၃၀ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်ကတည်းက ပါဝင်ခဲ့ဖူးတဲ့ မက္ကဆီကို အသင်းဟာ ဒီပြိုင်ပွဲမှာ ၁၃ ကြိမ်တိတိ ပါဝင်ယှဉ်ပြိုင် ခဲ့ဖူးတဲ့ အသင်း ဖြစ်ပါတယ်။ အမြင့်ဆုံး အဆင့် အဖြစ် ကွာတားဖိုင်နယ် အထိသာ ရောက်ဖူးပေမယ့် ခြေစွမ်း ထက်မြက်တဲ့ အသင်း တစ်သင်း အဖြစ် အသင်းကြီး တိုင်းက သတိထားရတဲ့ အသင်း ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း မားကွက်ဇ် (ဘာစီလိုနာ)၊ ဒေါ့ဆန်းတို့စ် (စပါး)၊ ကားလို့စ် ဗီလာ (အာဆင်နယ်) စတဲ့ ကစားသမား တွေနဲ့ ခြေစွာတဲ့ အသင်းတစ်သင်း အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မက္ကဆီကို အသင်းဟာ ကွန်ကာကပ်ဖ်ဇုန် ခြေစစ်ပွဲ ဒုတိယ အဆင့်ကနေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရပြီး အသင်းငယ် ဘီလစ်ဇ်ကို (၉-၀)ဂိုးနဲ့ အနိုင်ရကာ တတိယ အဆင့်ကို တက်နိုင်ခဲ့ပါတယ်။ တတိယ အဆင့်မှာ အုပ်စု(၂)ကို ၀င်ရောက်ယှဉ်ပြိုင် ခဲ့ရတယ်။ ဒီအုပ်စုမှာ ဟွန်ဒူးရပ်စ်၊ ဂျမေကာ၊ ကနေဒါ တို့ ပါဝင်ခဲ့တာကြောင့် ခက်ခဲခဲ့ပြီး အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ယှဉ်ပြိုင်ခဲ့ရာမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံး ရလဒ်နဲ့ အုပ်စု ဒုတိယ ရခဲ့ပါတယ်။ ဒါကြောင့် အုပ်စု ပထမ ရတဲ့ ဟွန်ဒူးရပ်စ အသင်းနဲ့အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့် ရခဲ့ပါတယ်။

မက္ကဆီကို အသင်းရဲ့ လက်ရှိ နည်းပြက ယခင် အက်သလက်တီကို မက်ဒရစ် နည်းပြဟောင်း မက္ကဆီကို နိုင်ငံသား ဂျာဗီယား အဂွီရီ ဖြစ်ပါတယ်။ သူဟာ ၂၀၀၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ တုန်းကလည်း မက္ကဆီကို အသင်းကို ကိုင်တွယ် ခဲ့ဖူးပြီး ရှုံးထွက် ၁၆ သင်း အဆင့်ကို ရောက်ရှိစေခဲ့ ပါတယ်။ အက်သလက် တီကို မက်ဒရစ် အသင်းနဲ့အတူ အင်တာတိုတို ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အဂွီရီဟာ မက္ကဆီကို အသင်းကို ၂၀၀၉ ကွန်ကာကပ်ဖ် ရွှေဖလား ပြိုင်ပွဲမှာလည်း ဗိုလ်စွဲ စေခဲ့ပါတယ်။ အသင်းရဲ့ ကစားသမား တွေထဲမှာ ဘာစီလိုနာ၊ ဒီပို့တီဗို၊ စတုဂတ်၊ အယ်ခမာ၊ ပီအက်စ်ဗွီ၊ စပါး၊ ၀က်စ်ဟမ်း၊ အာဆင်နယ် စတဲ့ အသင်းတွေက ကစားသမားတွေ ပါဝင်နေတာကြောင့် တော်တော်လေး တောင့်တင်းတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ အသင်းဟာ တောင်အာရိက၊ ဥရုဂွေး တို့ကို ကျော်ဖြတ်ပြီး အုပ်စုအဆင့်က တက်နိုင်ဖို့ ရေပန်းစား နေတဲ့ အသင်း ဖြစ်ပါတယ်။

အသင်း လူစာရင်း

Squad No. Name Club
1 Oscar PEREZ
Jaguares (MEX)
2
Francisco RODRIGUEZ
PSV Eindhoven (NED)
3
Carlos SALCIDO
PSV Eindhoven (NED)
4
Rafael MARQUEZ Barcelona (ESP)
5 Ricardo OSORIO VfB Stuttgart (GER)
6
Gerardo TORRADO Cruz Azul (MEX)
7
Pablo BARRERA Pumas UNAM (MEX)
8
Israel CASTRO Pumas UNAM (MEX)
9
Guillermo FRANCO West Ham Utd. (ENG)
10
Cuauhtemoc BLANCO Veracruz (MEX)
11
Carlos VELA Arsenal (ENG)
12
Paul AGUILAR Pachuca (MEX)
13
Guillermo OCHOA America (MEX)
14
Javier HERNANDEZ Chivas (MEX)
15
Hector MORENO AZ Alkmaar (NED)
16
Efrain JUAREZ Pumas UNAM (MEX)
17
Giovani DOS SANTOS Galatasaray (TUR)
18
Andres GUARDADO Deportivo La Coruna (ESP)
19
Jonny MAGALLON Chivas (MEX)
20
Jorge TORRES Atlas (MEX)
21
Adolfo BAUTISTA Chivas (MEX)
22
Alberto MEDINA Chivas (MEX)
23
Luis MICHEL Chivas (MEX)


မက္ကဆီကို
နှင့် အခွင့်အရေးများ



မက္ကဆီကိုနှင့် အုပ်စု ရပ်တည်မှု ခန့်မှန်းချက်



မက္ကဆီကိုနှင့် တွေ့ဆုံဖွယ် ရှိသည့် အသင်းများ

Last Updated on Thursday, 10 June 2010 15:16
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.