| ချယ်လ်ဆီး Vs မန်ချက်စတာ ယူနိုက်တက် ပွဲကြီးပွဲကောင်း မတိုင်မီ ပရိသတ်များ၏ အမြင်များ |
|
|
|
| Written by မိုးဝေ |
| Friday, 06 November 2009 15:05 |
ချယ်လ်ဆီး အသင်း အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းမှာ ကစားမယ့် အမှတ်ပေး ဇယား ဦးဆောင်သူ ချယ်လ်ဆီးနဲ့ ဒုတိယ နေရာမှာ ရပ်တည်နေတဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲမတိုင်မီ မြန်မာ ဘောလုံး ၀ါသနာရှင် ပရိသတ်များရဲ့ အမြင်များအား မေးမြန်းခဲ့ရာ - ပရိသတ် - ကိုဂျွန် (ချယ်လ်ဆီး)ဘယ်သူ ခြေသာမယ် ထင်လဲ? ချယ်လ်ဆီးသာမယ် ထင်တယ် ကိုယ့်အသင်းရဲ့ အားသာချက်? အလယ်တန်းနဲ့ နောက်တန်းဗျ၊ တိုက်စစ် ကောင်းတယ် ဆိုတာက အဲဒီက ပံ့ပိုးမှု ကောင်းနေလို့ ပိုပြီး အခွင့်အရေးတွေ ရနေတယ် ထင်တယ်။ မာရာဒိုနာ လိုမျိုး တစ်ကိုယ်တော် အစွမ်းတော့ အခု အချိန်ထိ ပရီးမီးယားမှာ သိပ်မတွေ့ သေးဘူးထင်တယ်။ ကစားကွက် အသာစီး ရတာလည်း အလယ်တန်း ကြောင့်ပေါ့။ နောက်တန်း ကောင်းတော့ ဂိုးပေးရဖို့ ရာခိုင်နှုန်း နည်းတာပေါ့ဗျာ။ ပြိုင်ဘက်ရဲ့ ကြောက်စရာ အကောင်းဆုံး အရာ? မန်ယူကတော့ တောင်ပံတွေက ပိုကောင်းသလိုပဲ။ အနိုင်ရမယ်လို့ ယုံကြည်လား? ချယ်လ်ဆီး နိုင်မယ်လို့ ယုံတယ်ဗျာ။ ခန့်မှန်း ရလဒ်? ၁-၀ ၂-၁ လောက်ပဲ ထင်တယ်။ ပရိသတ် - လောလောဆယ် (ချယ်လ်ဆီး)ဘယ်သူ ခြေသာမယ် ထင်လဲ? ချယ်လ်ဆီးပဲ ပိုခြေသာမယ် ထင်တယ်၊ ဘာလို့လဲ ဆိုတော့ ဒီရက်ပိုင်း ခြေစွမ်းက အရမ်းကောင်း နေတယ်လေ။ ကိုယ့်အသင်းရဲ့ အားသာချက်? ပွဲတိုင်း လိုလိုမှာ ဒရော့ဘာက ဂိုးသွင်းနေတယ်။ နောက်ပြီး အသင်း ကစားပုံကလည်း အချိတ်အဆက် မိနေတယ်။ ပြိုင်ဘက်ရဲ့ ကြောက်စရာ အကောင်းဆုံး အရာ? တိုက်စစ်လို့ ထင်တယ်။ မန်ယူက ဂိုးသွင်းတာ တိကျတယ်။ နောက်ပြီး ချယ်လ်ဆီးနဲ့ တွေ့တိုင်းလည်း နေရာစုံကနေ ဂိုးသွင်းနေတတ်တယ်။ အနိုင်ရမယ်လို့ ယုံကြည်လား? သရေလည်း ဖြစ်နိုင်တယ်။ အသင်းကြီး နှစ်သင်း တွေ့တာဆိုတော့ ဘာမဆို ဖြစ်နိုင်တယ်လေ။ ခန့်မှန်း ရလဒ်? ချယ်ဆီး ၂ - ၁ မန်ယူ ပရိသတ် - အတီး (ချယ်လ်ဆီး)ဘယ်သူ ခြေသာမယ် ထင်လဲ? ချယ်လ်ဆီးဗျာ။ ကိုယ့်အသင်းရဲ့ အားသာချက်? အားသာချက်က အသင်းရဲ့ စုစည်းမှု၊ လမ်းပတ် ဒရော့ဘာတို့ရဲ့ ဦးဆောင်မှု၊ အထူးသဖြင့် ဒရော့ဘာရဲ့ Form အရမ်း ကောင်းနေတယ်။ ပြိုင်ဘက်ရဲ့ ကြောက်စရာ အကောင်းဆုံး အရာ? ညာတောင်ပံ တိုက်စစ်နဲ့ ကံတရား၊ အနိုင်ရမယ်လို့ ယုံကြည်လား? ၁၀၀% ယုံကြည်ပါတယ်။ ခန့်မှန်း ရလဒ်? ချယ်လ်ဆီး ၂ဂိုး မန်ယူ ၀ဂိုး ပရိသတ် - Luki (မန်ယူ)ဘယ်သူ ခြေသာမယ် ထင်လဲ? မန်ယူပဲ။ ကိုယ့်အသင်းရဲ့ အားသာချက်? ဂစ်ရဲ့ တိုက်စစ် စွမ်းရည်နဲ့ ဖလက်ချာရဲ့ ကွင်းလယ် ထိန်းချုပ်မှု စွမ်းရည်။ မန်ယူက တည်ကန်ဘော တွေကနေ ဂိုးရမယ်လို့ ထင်ပါတယ်။ ဒါက ချယ်လ်ဆီး အဓိက အားနည်းချက်လေ။ ပြိုင်ဘက်ရဲ့ ကြောက်စရာ အကောင်းဆုံး အရာ? ဒရော့ဘာ။ အနိုင်ရမယ်လို့ ယုံကြည်လား? မန်ယူဖန် တစ်ယောက် အနေနဲ့ ယုံကြည်မှု အပြည့်ပါပဲ။ ခန့်မှန်း ရလဒ်? ၀-၁၊ ၁-၁၊ ၁-၂ ပရိသတ် - Day Day (မန်ယူ)ဘယ်သူ ခြေသာမယ် ထင်လဲ? ချယ်လ်ဆီး ကတော့ ခြေသာမယ် ထင်ပါတယ်။ ကိုယ့်အသင်းရဲ့ အားသာချက်? တောင်ပံ နှစ်ဖက်ပေါ့။ အဲ့ဒီ နှစ်ဖက်က ဖောက်နိုင်ရန် တော်တော်လေး ကောင်းမှာ။ ပြိုင်ဘက်ရဲ့ ကြောက်စရာ အကောင်းဆုံး အရာ? ရှေ့တန်းက ဒရော့ဘာရယ်၊ ဂျိုးလ်ကိုး ပါရင်လည်း ကြောက်ဖို့ ကောင်းတာပါပဲ။ အနိုင်ရမယ်လို့ ယုံကြည်လား? အနိုင်ရမယ်လို့ ထင်ပါတယ်။ အားပေးတဲ့ အသင်း ဆိုတော့လည်း နိုင်မယ်လို့ကို ယုံကြည်ပါတယ်။ ခန့်မှန်း ရလဒ်? ၁-၀ ၂-၁ လောက်နဲ့ပဲ မန်ယူ နိုင်မယ် ထင်ပါတယ်။ ပရိသတ် - MonsterOfRock (မန်ယူ)ဘယ်သူ ခြေသာမယ် ထင်လဲ? ပွဲကြီးတွေ ဖြစ်တာမို့ ခြေက အပြတ်အသတ် ကွာဖို့ မရှိပါဘူး။ ပေါ့ဆတဲ့ အသင်းက ခံရမှာပဲ။ ကိုယ့်အသင်းရဲ့ အားသာချက်? နောက်တန်းက လူတွေ ပေါ့ဆနေတယ်။ ဘယ်တောင်ပံက နာနီက တစ်ကိုယ်ကောင်း ဆန်လွန်းနေတယ်။ ချန်ပီယံလိဂ်မှာ အိုဝင် ကို ချိတ်ပေးတဲ့ ပုံစံမျိုးတွေ များများ ဖန်တီးနိုင်မယ် ဆိုရင် အခြေအနေ ကောင်းပါတယ်။ ပြိုင်ဘက်ရဲ့ ကြောက်စရာ အကောင်းဆုံး အရာ? နောက်တန်းကို ဒရော့ဘာက မွှေပြီး သူ့ကို အာရုံရောက် နေချိန်မှာ လင်းပတ်တို့ သွင်းသွားမှာ မျိုးတွေကို သတိထားရမယ်။ သူတို့ လုပ်နိုင်တာတော့ ဒါပါပဲ။ အနိုင်ရမယ်လို့ ယုံကြည်လား? အရှုံးတော့ မဟုတ်ဘူးလို့ ယုံကြည်တယ်။ သရေကျဖို့ များတယ်။ ဒါပေမယ့် တစ်ခုတော့ သတိထားမိတယ်။ နည်းပြ ဖာဂူဆန်ဟာ လူတွေ ထင်မှတ်ထားတဲ့ ခန့်မှန်းချက် တွေကို အမြဲတမ်း ပြောင်းပြန် လုပ်တတ်တယ်ဗျ။ သေချာပေါက် ဆိုတဲ့ အရာတွေရဲ့ ပြောင်းပြန် အဖြေတွေကို လုပ်ပြနေတာ ဒီနှစ် မနည်းတော့ဘူး။ အခု အချိန်မှာ လူတိုင်းက ချဲလ်ဆီး အနိုင်ပဲ ပြောကြတယ်လေ။ ခန့်မှန်း ရလဒ်? ဖြစ်နိုင်ခြေက ၁း၁ ပေါ့ဗျာ။ ကျွန်တော် လိုချင်တဲ့ အဖြေကတော့ ၁း၂။ ပရိသတ် - Justice_Boy (အာဆင်နယ်)ဘယ်သူ ခြေသာမယ် ထင်လဲ? အားသာပြီး ဒီရာသီ အိမ်ကွင်း ရာနှုန်းပြည့် နိုင်ပွဲ ရထားတဲ့ ချယ်လ်ဆီးပေါ့။ ချယ်လ်ဆီးရဲ့ အားသာချက်? ဒရော့ဘာနဲ့ အနဲလ်ကာ တွဲမယ့် တိုက်စစ်လို့ ထင်ပါတယ်.. မန်ယူရဲ့ အားသာချက်? မန်ယူကတော့ တန်ပြန် တိုက်စစ်နဲ့ Set-piece ကို အားထားမယ် ထင်ပါတယ်... ခန့်မှန်း ရလဒ်? ၂-၁ လို့ ထင်ပါတယ်။ ပရိသတ် - Gunner_Thiha (အာဆင်နယ်)ဘယ်သူ ခြေသာမယ် ထင်လဲ? ချယ်လ်ဆီက သာနေတယ်။ လက်ရှိ ပုံစံဝင်နေပြီး အိမ်ကွင်း ရလဒ်ကောင်းတယ်။ ချယ်လ်ဆီးရဲ့ အားသာချက်? အိမ်ကွင်း ဖြစ်တာရယ်။ အန်ဆလော့တီရယ်။ ကစားသမားလည်း သာတာပဲ။ မန်ယူက ဒိုင် သနားပါမှ ကောင်းစားမယ့် ဘ၀ပါ။ မန်ယူရဲ့ အားသာချက်? ရွန်နီနဲ့ ကံတရားပေါ့။ ခန့်မှန်း ရလဒ်? ၂-၀၊ ၃-၁ ချယ်လ်ဆီး အနိုင်ပါ။ ပရိသတ် - Crane (လီဗာပူးလ်)ဘယ်သူ ခြေသာမယ် ထင်လဲ? ချယ်လ်ဆီးပေါ့။ ချယ်လ်ဆီးရဲ့ အားသာချက်? မန်ယူနောက်တန်း ဒရော့ဘာကို ထိန်းနိုင်မယ် မထင်။ ရှေ့တန်းပေါ့။ ဂိုးသွင်း မြူးနေတဲ့ ချယ်လ်ဆီး ရှေ့တန်းနဲ့ ခြေပျက်နေတဲ့ မန်ယူနောက်တန်းပေါ့။ မန်ယူရဲ့ အားသာချက်? ဖာဂူဆန်၊ သူ ဘာအပြောင်းအလဲ လုပ်မယ်ဆိုတာ ခန့်မှန်းဖို့ ခက်တယ်။ ခန့်မှန်း ရလဒ်? ချယ်လ်ဆီး ၂-၀၊ ၂-၁ ပရိသတ် - sann.gerrard (လီဗာပူးလ်)ဘယ်သူ ခြေသာမယ် ထင်လဲ? ဒီအချိန်မှာ ခြေငြိမ်ပြီး အချိတ်အဆက် မိမိနဲ့ ကစားနေတာက ချယ်လ်ဆီး ဆိုတော့ ချယ်လ်ဆီးပဲ သာမယ် ထင်ပါတယ်။ ချယ်လ်ဆီးရဲ့ အားသာချက်? ဂိုးသွင်းခြေ မှန်နေတဲ့ တိုက်စစ်ပေါ့။ မန်ယူရဲ့ အားသာချက်? ဒီပွဲမှာ မန်ယူက ချယ်လ်ဆီးကို ယှဉ်နိုင်မှာက ကွင်းလယ်ပဲ ရှိတယ်။ ခန့်မှန်း ရလဒ်? ၃-၁။ ချယ်လ်ဆီး မရှုံးမှာတော့ သေချာတယ်။
Email this
Hits: 3860 Comments (2)
![]() |
| Last Updated on Friday, 06 November 2009 15:19 |
More articles :



ချယ်လ်ဆီး အသင်း အိမ်ကွင်း စတန်းဖို့ဒ် ဘရစ်ခ်ျ ကွင်းမှာ ကစားမယ့် အမှတ်ပေး ဇယား ဦးဆောင်သူ ချယ်လ်ဆီးနဲ့ ဒုတိယ နေရာမှာ ရပ်တည်နေတဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲမတိုင်မီ မြန်မာ ဘောလုံး ၀ါသနာရှင် ပရိသတ်များရဲ့ အမြင်များအား မေးမြန်းခဲ့ရာ - 










