kg like tat yangon
| ပရိသတ်ကို တောင်းပန်ပါတယ် ဆိုတဲ့ စကားထက် ပိုပြီး တောင်းပန် ချင်နေတဲ့ ရန်ကုန် အသင်းပိုင်ရှင် ဦးတေဇနှင့် တွေ့ဆုံခြင်း |
|
|
|
| Written by ဇင်သော်နိုင် |
| Monday, 05 October 2009 12:36 |
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က မန္တလေးမြို့၊ ဗထူး ကွင်းကြီးမှာ ရန်ကုန် ယူနိုက်တက်နဲ့ ရတနာပုံ အသင်းတို့ မြန်မာ နေရှင်နယ် လိဂ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစား ခဲ့ကြပါတယ်။ ဒီပွဲမှာ ရန်ကုန် ယူနိုက်တက် အသင်းဟာ ဒီပြိုင်ပွဲရဲ့ စတုတ္တမြောက် ရှုံးပွဲ တွေ့ခဲ့တဲ့ အပြင် အပြန်လမ်း မှာလည်း ပရိသတ်တွေဟာ ဆိုးဆိုးရွားရွား တိုက်ခိုက် ခံခဲ့ရတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်တွေ အပေါ် အသင်း ပိုင်ရှင် ဖြစ်သူ ဦးတေဇ အနေနဲ့ ဘယ်လို ထင်မြင် ယူဆသလဲ ဆိုတာကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။မေး - ပြီးခဲ့တဲ့ ရန်ကုန် - ရတနာပုံ ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သတ်လို့ အစ်ကို့ရဲ့ အမြင်လေး ပြောပြပေးပါ။ ဖြေ - ဒါဟာ ဘောလုံးပွဲ တစ်ပွဲမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ သဘာဝ ပါပဲ။ ဒါပေမယ့် တဖက်စွန်း ရောက်လွန်းတယ် လို့တော့ ထင်ပါတယ်။ ဒီလို ဖြစ်လာတော့ ဘောလုံးပွဲ ဆက်လက်ကျင်းပ နိုင်ဖို့ အတွက်ပါ အန္တရာယ် ရှိတာပေါ့။ မေး - ဒဏ်ရာ ရသွားတဲ့ ပရိသတ်တွေ အတွက် ဘယ်လို လုပ်ပေးဖို့ စီစဉ်ထားတာ ရှိပါသလဲ။ ဖြေ - လုပ်ပေးမှာပါ။ အဆင်ပြေအောင် လုပ်ပေးဖို့ စီစဉ် ထားပါတယ်။ အခု လက်မှာ ဒဏ်ရာ ရသွားတဲ့ တစ်ယောက်ဆိုရင် သူ ဒီဒဏ်ရာနဲ့ အလုပ် လုပ်နိုင်မှာ မဟုတ်တဲ့ အတွက် ငွေကျပ် သုံးသိန်း ထောက်ပံ့ ပေးထားတယ်။ ဒဏ်ရာ ကြီးတဲ့သူတွေ အကုန်လုံးကို သူတို့ရဲ့ ဒဏ်ရာ အလိုက် မနစ်နာ ရစေအောင် ငွေကြေး ထောက်ပံ့မှာ ဖြစ်ပါတယ်။ လောလောဆယ် ကျွန်တော်လည်း ဒဏ်ရာရတဲ့ သူတွေ အားလုံးကို မတွေ့ရ သေးပါဘူး ဆရာဝန်တွေ စစ်ဆေး ကုသနေဆဲ ဖြစ်ပါတယ်။ ရထား ပေါ်မှာလည်း ၇ ယောက်လောက် ဒဏ်ရာ ရသွားတယ် ကြားတယ်။ ပထမ တစ်တွဲက တရုပ်ကပ် တွေနဲ့ ဆိုတော့ သိပ်မထိ လိုက်ဘူး။ နောက်တစ်တွဲက မှန်တွေနဲ့ ဆိုတော့ မှန်ကွဲပြီး ဒဏ်ရာ ရကုန်ကြတာ။ မေး - ရန်ကုန် အသင်းရဲ့ ရလဒ် ဆိုးတွေထဲက ရုန်းထွက်ဖို့ ဘယ်လို အစီအစဉ်တွေ ရှိပါသလဲ။ ဖြေ- ဒီမေးခွန်း အရမ်း ကောင်းပါတယ်။ အသင်းမှာ အဓိက ပြဿနာက နောက်တန်း အားနည်း နေတာပါ။ နောက်တန်းမှာ ကီရာ၊ ဒီဒီရာနဲ့ ၀ိုင်းချစ်အောင်တို့ သုံးယောက် ရှိတဲ့ အထဲက ၀ိုင်းချစ်အောင်က ဘန်ကောက်မှာ ဒဏ်ရာ ရသွားတယ်။ ကီရာနဲ့ ဒီဒီရာ ကလည်း ရာသီကြို ပြင်ဆင်ချိန် ကာလမှာ လေ့ကျင့်ရေး အရမ်း မောင်းလိုက်လို့ ဒဏ်ရာ ရသွားတယ်။ ဒီဒဏ်ရာ တွေနဲ့ ပွဲတွေ ဆက်ကစား ခဲ့တာကြောင့် ခုဆိုရင် အရန်တောင် မပါနိုင်တဲ့ အခြေအနေ ရောက်သွားပြီ။ ဒါကြောင့် နောက်တန်း အရမ်း အားနည်းနေတယ်။ ဒီအတွက် ရှေ့က လူတွေက ဂိုးမသွင်းရဘဲ နောက်တန်းမှာချည်း ဆင်းကူ နေရလို့ ခုလို အားနည်း နေတာပါ။ အခု အသင်းအားလုံး အထူး အခွင့်အရေး အနေနဲ့ တစ်သင်းကို လူနှစ်ယောက် ထပ်ခေါ်လို့ရတယ် ဆိုလို့ နောက်တန်း ခံစစ်မှူး တစ်ဦး ခေါ်ထားပါတယ်။ ရှေ့အပတ် ကြာသပတေးနေ့ ရောက်မှာပါ။ ရှေ့တန်းလည်း ထပ်ဖြည့်ဖို့ စီစဉ်ထားတာ ရှိပါတယ်။ လောလောဆယ်မှာ နိုင်ဦးလွင် ဆိုရင် ဖနောင့် နာနေတယ်။ တင်ဝင်းအောင် ဆိုရင်လည်း နာနေပြီ။ နာနေရင်းနဲ့ ကစားနေရတာ။ အမှန်ဆို ဆရာဝန်က နှစ်ပတ်လောက် အနား ယူခိုင်းတာ။ ဒါပေမယ့် ပွဲတွေက တစ်ပတ်ခြားပြီး ကျင်းပနေလို့ နာနေရင်းနဲ့ ထကစားရတာ ပါပဲ။ ဒါဟာ အသင်းမှာ လူအင်အား နည်းနေလို့ ဖြစ်တာပါ။ တကယ်တော့ ကျွန်တော်တို့လည်း ခေါ်တာပါပဲ။ ကျွန်တော်တို့က လူသစ်အရမ်း ခေါ်ချင်နေတာ။ အသင်း တော်တော် များများကို ကမ်းလှမ်းတယ်။ ရာဇာဝင်းသိန်းကိုလည်း ကမ်းလှမ်းလိုက် တာပဲ။ ကမ္ဘောဇ ဆိုရင် ကျွန်တော့် သူငယ်ချင်းမို့လို့ လူတစ်ယောက်လောက် တောင်းတယ်။ သူတို့ အသင်းက အရန် အင်အားလည်း တောင့်တင်းတယ်။ သူတို့မှာ နောက်ခံလူတွေ ပိုနေလို့ တစ်ယောက်လောက် ပေးပါ ဆိုတာတောင် မရဘူး။ ဘယ်သူမှ မပေးကြဘူး။ ပိုသာ ပိုနေတယ်။ မပေးဘူး။ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ ဒီကိစ္စကို နည်းနည်းလေး ၀င်ပြီး ညှိနှိုင်းပေး စေချင်ပါတယ်။ မေး - နိုင်ငံခြားသား ထပ်ခေါ်ဖို့ အစီအစဉ်ရော ရှိဦးမလား။ ဖြေ- ထပ်ခေါ်မှာပါ။ လာမယ့်နှစ်ဆို ကျွန်တော်တို့ရဲ့ လက်ရှိ နိုင်ငံခြားသား တွေထဲက နံပါတ် ၂၇(ဘမ်ဘာ) တစ်ယောက်ပဲ ချန်ထားမှာပါ။ ကျန်တဲ့ သူတွေကို ထွက်ခွာခွင့် ပြုမှာပါ။ ဒီလို ထွက်ခွာခွင့် ပေးတဲ့ နေရာမှာလည်း ကီရာဆိုရင် အသင်း အတွက် အများကြီး ပေးဆပ်ခဲ့တယ်။ ဗိုလ်လုပွဲ အထိ ရောက်အောင် ပို့ပေးခဲ့တယ်။ ဒါကြောင့် သူ့ကို သာမန် လစာထက် များတဲ့ ပိုက်ဆံ၊ ဒေါ်လာ သောင်းနဲ့ ချီပြီး မုန့်ဖိုး အနေနဲ့ ပေးလိုက်မှာပါ။ တကယ်လို့ ကီရာရဲ့ ဒဏ်ရာ ပြန်ကောင်းပြီး ကောင်းကောင်း ကစားနိုင်ပြီ ဆိုရင်လဲ ပြန်ခေါ်မှာပေါ့။ မေး - ရန်ကုန် ပရိသတ်တွေကို နောင်လည်း အခုလို တခြားမြို့မှာ ပြိုင်တဲ့ ပြိုင်ပွဲတွေ ခေါ်သွားဖို့ ရှိသေးလား။ ဖြေ - ရှိပါတယ်။ ကျွန်တော်က ပရိသတ် ဆက်အား မပေးမှာပဲ စိုးရိမ်နေတာ။ ကျွန်တော်တို့ ဘက်ကတော့ အကောင်းဆုံး ကန်ခဲ့ပေမယ့် ကံမကောင်း တာကြောင့် ရလဒ် ဆိုးနေတဲ့ အချိန်မှာ ပရိသတ်တွေ အသင်းအပေါ် စိတ်ပျက် သွားမှာကို စိုးရိမ်နေတာ။ အသင်း အောင်မြင်မှု ပြန်ရဖို့ အတွက်ကိုလည်း အကောင်းဆုံး ကစားသမားတွေ ခေါ်ပြီးတော့ အကောင်းဆုံး ပြန်ကစား ပေးပါ့မယ်။ တကယ်တော့ ကျွန်တော့်တို့ အသင်းဟာ နိုင်ငံခြားသား ကစားသမား တွေကို သူများတွေထက် ပိုပြီး စေ့စေ့စပ်စပ် လေ့လာခေါ်ယူ ခဲ့တာပါ။ တကယ်ဆိုရင် ကျွန်တော်က နိုင်ငံခြားသား ၈ ယောက်လောက် ခေါ်ချင်တာ။ ၅ ယောက်ပဲ ခေါ်ရမယ်ဆိုလို့ ၅ ယောက်ပဲ ခေါ်ခဲ့တာ။ ဒီ၅ ယောက်ကို ရဖို့ အတွက်လည်း ၁၂ ယောက်လောက်ထဲက စကာတင်ရွေးပြီး အသင်းအတါက် တကယ် အသုံးဝင်မယ့်သူတွေကိုပဲခေါ်ခဲ့တာ။ ဥပမာ ဆိုရင် ကျွန်တော်တို့ စမ်းသပ် နေတုန်းက ဗင်းဆင့်ဆိုရင် ဗလကြီး တောင့်တယ်။ တိုးနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ကြိုက် တယ်။ ဒါပေမယ့် Skill က အဲလောက် မရှိဘူး။ အခု တခြား အသင်းတွေ ခေါ်ထားတဲ့ နိုင်ငံခြားသား ကစားသမား တွေနဲ့ ယှဉ်ရင် ကျွန်တော်တို့ အသင်းက နည်းနည်း ညှက်တယ်။ ကျွန်တော့်ရဲ့ သဘောက ၀င်တိုးနိုင်တဲ့ လူကောင်ကြီးတဲ့ ကစားသမားကို ပိုကြိုက်တယ်။ ဒါပေမယ့် နည်းပြတွေက ကျွန်တော့်ထက် ပိုသိတဲ့ သူတွေဆိုတော့ သူတို့ စိတ်ကြိုက်ပဲ ရွေးစေခဲ့တယ်။ သူတို့ အသင်းကို ရောက်ကာစ တုန်းက တော်တော် ကောင်းကြတယ်။ ဒါပေမယ့် တကယ်တမ်း ပြိုင်ပွဲ ကစားတော့ သူတို့ဟာ ဒဏ်ရာတွေ ရလာကြပြီး စိတ်ဓာတ်ပိုင်းပါ ထိခိုက် သွားခဲ့တာပါ။ ဒါကြောင့် မနေ့ညက ကစားသမား တွေနဲ့ ထမင်းစားပြီးတဲ့ အချိန်မှာ ကျွန်တော် ပြောပါတယ်။ မင်းတို့ Goal Score ရှုံးတာကို လက်ခံတယ်။ စိတ်ဓာတ် ရှုံးတာကို မလို ချင်ဘူးလို့ ပြောခဲ့ပါတယ်။ အသင်း ရှုံးရှုံးနိုင်နိုင် အနိုင်မခံ အရှုံးမပေး စိတ်ကို မွေးကြဖို့ ပြောထား ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းကို ပြန်လည်ပြင်ဆင် ပေးနိုင်ဖို့အတွက် Psychologist (စိတ်ပညာ ကျွမ်းကျင်သူ) တစ်ယောက် ကိုလည်း အသင်းမှာ ခန့်ထားဖို့ ရှိပါတယ်။ လောလောဆယ် ကျွန်တော်တို့ အသင်းရဲ့ နည်းစနစ် ဒါရိုက်တာကလည်း အသစ်ဆိုတော့ သူ့ရဲ့ နည်းစနစ် အသစ်တွေကို ကျွန်တော်တို့ ကစားသမား လေးတွေ မလိုက် နိုင်သေးဘူးလို့ ယူဆပါတယ်။ မေး - ပရိသတ်ကိုရော ဘာများ ပြောချင်ပါ သလဲ။ ဖြေ - ဘယ်လို တောင်းပန် ရမှန်းကို မသိပါဘူး။ တောင်းပန်ပါတယ် ဆိုတဲ့ စကားလုံးထက် ပိုပြီး မြင့်မားတဲ့ စကားလုံး ရှိခဲ့ရင်တောင် အဲဒီ စကားလုံးကို သုံးပြီး တောင်းပန် ပါတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ ဆက်ပြီး ကြိုးစား နေပါဦးမယ်။ Tags:
Comments (28)
Only registered users can write comments!
Joomla components by Compojoom
|



ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က မန္တလေးမြို့၊ ဗထူး ကွင်းကြီးမှာ ရန်ကုန် ယူနိုက်တက်နဲ့ ရတနာပုံ အသင်းတို့ မြန်မာ နေရှင်နယ် လိဂ် ပွဲစဉ်ကို ယှဉ်ပြိုင် ကစား ခဲ့ကြပါတယ်။ ဒီပွဲမှာ ရန်ကုန် ယူနိုက်တက် အသင်းဟာ ဒီပြိုင်ပွဲရဲ့ စတုတ္တမြောက် ရှုံးပွဲ တွေ့ခဲ့တဲ့ အပြင် အပြန်လမ်း မှာလည်း ပရိသတ်တွေဟာ ဆိုးဆိုးရွားရွား တိုက်ခိုက် ခံခဲ့ရတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်တွေ အပေါ် အသင်း ပိုင်ရှင် ဖြစ်သူ ဦးတေဇ အနေနဲ့ ဘယ်လို ထင်မြင် ယူဆသလဲ ဆိုတာကို တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။





















