နည်းပြ အစဉ်အလာရော ကစားသမားပါ သမ္ဘာမှာ ရန်ကုန်က ရတနာပုံကို မမှီပါဘူး။
| မကွေးရဲ့ နောက်ဆုံး မျှော်လင့်ချက်ကို ဂုဏ်သိက္ခာ အတွက် ရိုက်ချိုး ပစ်လိုက်တဲ့ ကမ္ဘောဇ ~ ကမ္ဘောဇ (၁-၀) မကွေး |
|
|
|
| Written by Admin Team |
| Wednesday, 01 July 2009 21:42 |
မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ၏ နောက်ဆုံး ပွဲစဉ်မှ နောက်ဆုံး ပွဲဖြစ်တဲ့ ကမ္ဘောဇ နှင့် မကွေးအသင်း တို့၏ ပွဲကို ဇူလိုင်လ ၁ ရက်နေ့က သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ ကမ္ဘောဇ အသင်းက မကွေး အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိ ခဲ့ကြောင်း သိရသည်။အဆိုပါ ပွဲစဉ်သည် မကွေးအသင်း အတွက် ဗိုလ်လုပွဲ တက်ရောက်ရန် အဆုံးအဖြတ် ပွဲစဉ် ဖြစ်သောကြောင့် မကွေး အသင်း၏ ပရိသတ်များ အပြည့်အနှက် လာရောက် ကြည့်ရှုခဲ့ကြ သလို ကမ္ဘောဇ အသင်း ဘက်၌လည်း ပရိသတ်များ အများအပြား လာရောက် ကြည့်ရှု ခဲ့ကြသည်။ အဆိုပါ ပွဲစဉ်သည် ရန်ကုန်အသင်း အတွက်လည်း ဗိုလ်လုပွဲ တက်ရေး အရေးပါသည့် ပွဲစဉ် ဖြစ်သောကြောင့် ရန်ကုန် ပရိသတ် အများအပြား ကမ္ဘောဇ ဘက်မှ လာရောက် အားပေး ခဲ့ကြသည် ကိုလည်း တွေ့ရသည်။ ![]() အဆိုပါ ပွဲစဉ်၌ ကမ္ဘောဇ အသင်းသည် တိုက်စစ်တွင် စိုးမင်းဦးနှင့် ၀င်းမင်းထွဋ်ကို တွဲပေး ခဲ့ပြန်ပြီး ခင်မောင်လွင်၊ မိုးဝင်း၊ အေးဆန်း၊ ဟန်ဝင်းအောင်တို့ လူစုံ ပါဝင်ခဲ့သည်။ မကွေး အသင်းမှာ တိုက်စစ်မှူး စည်သူဝင်း မပါနိုင် သောကြောင့် အောင်မြင့်အေးနှင့် စိုးမင်းနိုင်ကို တိုက်စစ်တွင် တွဲဖက် ပွဲထုတ်ခဲ့သည်။ လွင်ဦး မပါနိုင်သဖြင့် ဇော်ထက်အောင်မှာ အသင်းခေါင်းဆောင် တာဝန်ကို ယူခဲ့ပြီး ကွင်းလယ် တက်ကစား ခဲ့သည်။ ပွဲစသည်နှင့် ဂိုးလိုချင် နေသော မကွေး အသင်းက တစ်သင်းလုံး တိုက်စစ်ဖွင့် ကစားကာ ကမ္ဘောဇ ဘက်သို့ ဖိအားပေး ခဲ့သည်။ ၉ မိနစ်တွင် မကွေးမှ ကျော်ကျော်မျိုး အပိုင် ကန်ခွင့်တစ်ကြိမ် စတင်ရခဲ့ သော်လည်း ဘေးထွက် သွားခဲ့သည်။ ၁၀ မိနစ်တွင် မကွေး တိုက်စစ်မှူး စိုးမင်းနိုင် တောက်လျှောက် ဆွဲပြေးပြီး နောက်သို့ ပြန်ချိုးပေး၍ ရသော်လည်း မချိုးပေးဘဲ တန်းကန်ခဲ့ သဖြင့် အခွင့်အရေး တစ်ကြိမ် ဆုံးရှုံး ခဲ့ရပြန်သည်။ ၁၄ မိနစ်၌ အောင်မြင့်အေး၏ အပိုင်ကန်ချက် ကမ္ဘောဇ နောက်တန်း တားဆီး နိုင်ခဲ့သလို ၁၈ မိနစ်တွင်လည်း အောင်မြင့်အေး ကမ္ဘောဇဂိုးထဲသို့ ကန်သွင်း နိုင်ခဲ့သော်လည်း လူကျွံဘော သတ်မှတ် ခံခဲ့ရသည်။ ![]() မကွေး တိုက်စစ်မှူး အောင်မြင့်အေးသည် ကမ္ဘောဇ နောက်တန်းကို အကြိမ်ကြိမ် ဒုက္ခပေးနေပြီး ၂၄ မိနစ်၌ အောင်မြင့်အေး ဆွဲပြေးပြီး ကန်သည့် ဘောလုံးမှာလည်း တိုင်ဘေးမှ ကပ်ထွက်ခဲ့သည်။ ၃၀ မိနစ်တွင် ကမ္ဘောဇမှ ခင်မောင်လွင်က ပယ်နယ်တီ ဧရိယာထဲ၌ ရရှိသည့် ဘောလုံးကို နောက်ပြန်ချ ပေးခဲ့ရာ ၀င်းမင်းထွဋ်က အပိုင်ပြေးကန် ခဲ့သော်လည်း မကွေး နောက်တန်းနှင့် ထိပြီး ထွက်သွားသဖြင့် စောစောစီးစီး ဂိုးမရခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မကွေးကပင် ဆက်လက် တိုက်စစ်ဆင် ကစားခဲ့ပြီး ၃၇ မိနစ်၌ စိုးမင်းနိုင် ဧရိယာထဲတွင် ဂိုးသမားနှင့် တစ်ယောက်ချင်း တွေ့ခဲ့သည်ကို ကမ္ဘောဇ ဂိုးသမား ကျော်ဇင်ထက် လက်စွမ်းပြ ကာကွယ်ခဲ့သည်။ ![]() တဖက်သက်နီးပါ ဖိကစား ခံနေရသော ကမ္ဘောဇ အသင်းသည် တိုက်စစ်ကို မြှင့်ရန်အတွက် လေးနေသော ၀င်းမင်းထွဋ်ကို ၃၉ မိနစ်တွင် ထုတ်ကာ စထက်နိုင်ဝင်းကို ထည့်သွင်းခဲ့သည်။ စထက်နိုင်ဝင်း ၀င်လာပြီးနောက် ကမ္ဘောဇ တိုက်စစ် အနည်းငယ် လှုပ်လာပြီး ၄၂ မိနစ်တွင် ကမ္ဘောဇ ဘက်မှ ဥာဏလွင် မ, ပေးလိုက်သည်ကို အောင်သန်းဝင်း ၀င်ပိတ်ရာ အနည်းငယ် နောက်ကျခဲ့ သဖြင့် လွဲချော် ခဲ့ရသည်။ ၄၅ မိနစ်တွင်လည်း ကမ္ဘောဇ ကစားသမား နေဇော်ထက် ပြေးကန်သည့် ဘောလုံးကို မကွေး ဂိုးသမား ပုတ်ထုတ် ကာကွယ် ခဲ့ရသည်။ ဒုတိယပိုင်းတွင် နှစ်ဘက် စလုံးမှ အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင် လာကြပြီး ၅၃ မိနစ်တွင် ကမ္ဘောဇမှ မင်းမင်းထွန်း ဖြတ်တင် ပေးသည်ကို စထက်နိုင်ဝင်း ခေါင်းတိုက်ရာ ဂိုးသမား မိသွားခဲ့သည်။ ၅၄ မိနစ်တွင် မကွေးအသင်း ရသည့် ပြစ်ဒဏ်ဘောကို ဇော်ထက်အောင် ကန်ရာ ကျော်ဇင်ထက် ခက်ခက်ခဲခဲ ကာကွယ် ခဲ့ရသည်။ ၅၅ မိနစ်တွင် မကွေးမှ အောင်မြင့်အေး ကန်ချက်နှင့် ခိုင်ဇော်ထွန်း ကန်ချက် များကိုလည်း ကျော်ဇင်ထက် လက်စွမ်းပြ ကာကွယ် ခဲ့ပြန်သည်။ ၆၆ မိနစ်၌ ကမ္ဘောဇ၏ ခင်မောင်လွင် ကန်ခွင့် ရခဲ့ရာ ထိချက်လွဲ သဖြင့် ဘေးထွက် သွားခဲ့ရသည်။ ![]() ထို့နောက်တွင် ကမ္ဘောဇမှာ ခံစစ်တွင် ခိုင်ခိုင်မာမာ ပိတ်ဆို့ပြီး တန်ပြန် တိုက်စစ်ဖြင့် မကွေးအား ဒုက္ခပေးနိုင် ခဲ့သည်ကို တွေ့ရသည်။ ၇၀ မိနစ်တွင် ကမ္ဘောဇ အသင်း ထောင့်ကန်ဘော ရရှိရာ ခင်မောင်လွင် ကန်တင် ပေးသည်ကို စိုးမင်းဦး ခေါင်းတိုက်ပြီး ကမ္ဘောဇ အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ နိုင်ခဲ့သည်။ ဂိုးရပြီးနောက် မကွေး အသင်း၏ တရကြမ်း တိုက်စစ်ဆင်မှုကို ကမ္ဘောဇ နောက်ခံလူများ ကြံ့ကြံ့ခံ ကာကွယ်ခဲ့ သဖြင့် ခံစစ်နှင့် တိုက်စစ် အားပြိုင် သကဲ့သို့ ဖြစ်ခဲ့ပြီး ရင်သပ် ရှုမောဖွယ် အကြိတ်အနယ် ဖြစ်ခဲ့ရသည်။ နောက်ဆုံးတွင် မကွေး အသင်းမှာ မာကျောလှသည့် ကမ္ဘောဇ နောက်တန်းကို မထိုးဖောက်နိုင်တော့ သောကြောင့် (၁-၀) ဂိုးဖြင့် အရှုံးပေး ခဲ့ရပြီး ဗိုလ်လုပွဲ တက်ခွင့်ကို လက်လွှတ် ဆုံးရှုံး ခဲ့ရသည်။ ![]() ယင်းပွဲစဉ်တွင် အကောင်းဆုံး ကစားသမား ဆုကို ပွဲစဉ် တစ်လျှောက်လုံး လက်စွမ်း ပြခဲ့သည့် ဂိုးသမား ကျော်ဇင်ထက်က ရရှိခဲ့သည်။ သို့သော် ယင်းပွဲ အနိုင် ရလဒ်ကြောင့် နှစ်သင်းစလုံးမှာ အဆင့်တက်ခြင်း၊ ကျခြင်း မရှိဘဲ မူလအတိုင်း တတိယ နှင့် စတုတ္တ နေရာများတွင်သာ ဆက်လက် ရပ်တည်ခဲ့သည်။ ပါဝင် ကစားကြသူများ ကမ္ဘောဇ - ကျော်ဇင်ထက်(ဂိုး)၊ ဟန်ဝင်းအောင် (မျိုးမြင့်အောင်)၊ အေးဆန်း၊ အောင်ကျော်ဦး၊ ဥာဏလွင်၊ ၀င်းမင်းထွဋ် (စထက်နိုင်ဝင်း)၊ ခင်မောင်လွင်၊ နေဇော်ထက်၊ အောင်သန်းဝင်း (မင်းမင်းထွန်း)၊ စိုးမင်းဦး၊ မိုးဝင်း မကွေး - မျိုးကျော်အောင်(ဂိုး)၊ ညီညီဝင်း၊ ဇော်ထက်အောင်၊ အောင်မြင့်အေး၊ ပြည့်ဖြိုးဦး (သိန်းသန်းဝင်း)၊ လင်းလင်းထွေး၊ ၀င်းသူ (ဟိန်းဇာအောင်)၊ ခိုင်ဇော်ထွန်း၊ နိုင်လင်းထွန်း၊ စိုးမင်းနိုင်၊ ကျော်ကျော်မျိုး ဂိုးသွင်းကြသူများ ကမ္ဘောဇ - စိုးမင်းဦး (၇၀ မိနစ်) မကွေး - မရှိ အနီကဒ် အ၀ါကဒ် ထိကြသူများ ကမ္ဘောဇ - မရှိ မကွေး - နိုင်လင်းထွန်း (၀ါ) ပွဲကြီးကြပ်သူများ ကွင်းလယ်ဒိုင် - ဦးလှတင့် အကူဒိုင်(၁) - ဦးထွန်းရီ အကူဒိုင်(၂) - ဦးစိုးမင်း စတုတ္တဒိုင် - ဦးကိုကိုနိုင် ပွဲကြီးကြပ်သူ - ဦးမျိုးဝင်းညွန့် ဒိုင်ကြီးကြပ်သူ - ဦးထွန်းလှအောင် အထွေထွေတာဝန်ခံ - ဦးဝင်းသူမိုး |



မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲ၏ နောက်ဆုံး ပွဲစဉ်မှ နောက်ဆုံး ပွဲဖြစ်တဲ့ ကမ္ဘောဇ နှင့် မကွေးအသင်း တို့၏ ပွဲကို ဇူလိုင်လ ၁ ရက်နေ့က သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ ကမ္ဘောဇ အသင်းက မကွေး အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရရှိ ခဲ့ကြောင်း သိရသည်။












