|
Written by Admin Team
|
|
Saturday, 16 February 2013 19:04 |
|
မန်ချက်စတာ စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက ဆဲလ်တစ်အသင်း ကွင်းလယ်လူ ဗစ်တာ ဝမ်ညာမာကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများအား ငြင်းဆန် ပယ်ချ သွားခဲ့သည်။
မန်စီနီသည် နွေရာသီ ဈေးကွက် ကာလအတွင်း ခံစစ် အားသန်သော ကာယအားပြု ကွင်းလယ် ကစားသမားကို ကမ်းလှမ်း ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အီတလီသား မန်နေဂျာကြီးက ပြန်လည် ဖြေရှင်း ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အသက်(၂၁)နှစ်ရှိ ဝမ်ညာမာ၏ ကစားဟန်ကို ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဆဲလ်တစ်က ဂျူဗင်းတပ်စ် အသင်းကို အရေးနိမ့်ရာ၌ သွားရောက်လေ့လာ ကြည့်ရှုခဲ့သည်။ သတင်းများက မန်စီနီသည် ဝမ်ညာမာကို ဝယ်ယူရန် အသင့်ဖြစ်နေပြီဟု ရေးသားခဲ့သော်လည်း FAဖလားပွဲကြို သတင်းစာ ရှင်းလင်းပွဲတွင် မန်စီနီက ယင်းအချက်ကို ငြင်းဆိုသွားခဲ့သည်။
ပေါက်ဈေး စတာလင်ပေါင် (၁၀)သန်းမျှရှိသည့် ကင်ညာ လက်ရွေးစင်နှင့် ပတ်သက်ပြီး "ဂျူဗင်းတပ်စ်နဲ့ ပွဲကျမှ ကျွန်တော် ဝမ်ညာမာကို မြင်ဖူးတာပါ။ အရင်တုန်းက လုံးဝ မသိဘူး။ ဒါပေမဲ့ ကျွန်တော်က ပွဲတစ်ပွဲပွဲကို သွားကြည့်ပြီ ဆိုတာနဲ့ နောက်တစ်နေ့ကျရင် လူတွေက မန်စီးတီး ဘယ်အသင်းက ဘယ်ကစားသမားကို ဝယ်တော့မယ်လို့ ပြောကြတော့တာပဲ"ဟု ပြောဆိုခဲ့သည်။ ၎င်းအား ဝမ်ညာမာကို ခေါ်ယူရန် ဆန္ဒရှိမရှိ သတင်းထောက်များက မေးမြန်းခဲ့ရာ "လောလောဆယ်တော့ ဟင့်အင်းပဲ။ ဒါပေမဲ့ သူဟာ ကစားသမားကောင်း တစ်ယောက်လို့တော့ ကျွန်တော် ထင်ပါတယ်"ဟု မှတ်ချက်ပေး ဖြေကြားသွားသည်။ Ref: Sky Sports
|