Friday, 24 May 2013
Home World English Premier League နောက်ဆုံးသတင်းများ (၁၉၉၉)ခုနှစ်က အသင်းထက် လက်ရှိ မန်ယူက စုဖွဲ့မှု ပိုကောင်းကြောင်း ဖာဂူဆန် သုံးသပ်
(၁၉၉၉)ခုနှစ်က အသင်းထက် လက်ရှိ မန်ယူက စုဖွဲ့မှု ပိုကောင်းကြောင်း ဖာဂူဆန် သုံးသပ် PDF Print E-mail
Written by Admin Team   
Saturday, 16 February 2013 18:52
Share |

မန်ချက်စတာ ယူနိုက်တက် အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က လက်ရှိအသင်း၏ လူစာရင်းသည် အဓိက ဆုဖလား(၃)လုံး တစ်ပြိုင်တည်း သိမ်းပိုက်ခဲ့သည့် (၁၉၉၈-၉၉) ဘောလုံးရာသီကနှင့် စာလျှင် စုဖွဲ့မှု ပိုမို တောင့်တင်းကြောင်း ပြောကြားလိုက်သည်။


မန်ယူသည် ပရီးမီးယားလိဂ်တွင် အဓိကပြိုင်ဘက် မန်ချက်စတာ စီးတီးကို (၁၂)မှတ်ဖြတ် ဦးဆောင်နေသလို FAဖလားတွင်လည်း ပဉ္စမ အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက် အဆင့်တွင်လည်း စပိန် ချန်ပီယံ ရီးယဲလ်မက်ဒရစ်၏ အိမ်ကွင်း ဘာနေဗျူးတွင် (၁)ဂိုးစီ သရေကစားပြီး ဒုတိယအကျော့ အိမ်ကွင်း ပွဲစဉ်အတွက် ပြင်ဆင်နေသည်။ ဖာဂူဆန်သည် ရာသီကုန်ရန် တစ်စထက်တစ်စ နီးကပ်လာသော အချိန်တွင် အသင်းနှင့် ပိုမို ထိတွေ့လာခဲ့သည်။ သောကြာနေ့က ကာရင်တန် လေ့ကျင့်ရေးကွင်းတွင် ဖာဂူဆန်ကို ၎င်းဝတ်ဆင်နေကျ လေ့ကျင့်ရေး ဝတ်စုံမဟုတ်ဘဲ ပွဲတက် အနောက်တိုင်းဝတ်စုံဖြင့် တွေ့မြင်ခဲ့ရသည်။



ဖာဂူဆန်က မိမိ၏ အမြင်တွင် လက်ရှိအသင်းသည် အင်ဒီကိုးလ်၊ ဒွိုက်ယော့ခ်၊ ဒေးဗစ်ဘက်ဟမ်း၊ ရွိုင်ကိန်း၊ ပီတာရှမိုက်ကယ်နှင့် ယပ်စတမ်းတို့ကဲ့သို့ ဘောလုံးကြယ်ပွင့်များ ရှိနေခဲ့စဉ် (၁၉၉၉)ခုနှစ်ကထက် အင်အားပိုမို တောင့်တင်းကြောင်း သုံးသပ် ပြောဆိုခဲ့သည်။ "အတိတ်ကို ပြန်ကြည့်ရင် သဘောကျလောက်စရာပါ။ ကျွန်တော့်ဆီမှာ ထူးချွန်တဲ့ ကစားသမားတွေ စုဖွဲ့ထားတဲ့ အသင်းကောင်းမျိုးတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အရေအတွက်ပိုင်းမှာ ပြဿနာတချို့ ရှိခဲ့တာတော့ အမှန်ပဲ။ (၁၉၉၉)တုန်းကဆိုရင် ကျွန်တော်တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ပေမယ့် ရွိုင်ကိန်းနဲ့ ပေါလ်စခိုးလ်တို့ ပွဲပယ်ခံထားရတယ်။ ဟင်းနင်းဘာ့ဂ်က ပွဲပယ်ခံထားရတယ်။ ပွဲနည်းနည်းပဲ ကစားဖူးတဲ့ ယိုနသန် ဂရင်းနင်းကိုတောင် ကျွန်တော် အရန်ခုံပေါ် ခေါ်လာရတယ်။ အဲဒီတုန်းက အသင်းမှာ ကစားသမားကောင်းတွေ ရှိပေမယ့် အရေအတွက် ကြွယ်ကြွယ်ဝဝ မဟုတ်ဘူးလေ"ဟု ဖာဂူဆန်က ဆိုသည်။

၎င်းက "ရီးယဲလ်နဲ့ ကစားရာမှာတော့ အပြောင်းအလဲတွေ အများကြီးပါ။ ဗုဒ္ဓဟူးနေ့က အသင်းမှာ ဝင်မကစားဖြစ်တဲ့ အသင်းသားတွေထဲကမှ (၁)ယောက်၊ (၂)ယောက်၊ (၃)ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ဟာ ဒုတိယအကျော့မှာ ဝင်ကစားမှာပါ။ ကျွန်တော့်မှာ အကောင်းဆုံး လက်ရွေးစင်အဆင့် ကစားသမားတွေ ရှိတယ်။ ဘာကြောင့် တစ်ယောက်ချင်းစီကို ကျွန်တော် မယုံကြည်နိုင်ရမှာလဲ။ ကျွန်တော့် အနေနဲ့ ပွဲတစ်ပွဲကို နိုင်အောင် ဘယ်လို ကစားသင့်လဲ ဆိုတာကို စဉ်းစားပြီး ကွဲပြားတဲ့ ဘယ်လို အသင်းလူစာရင်းကိုမဆို ပွဲထုတ်နိုင်တယ်။ ရက်ဒင်းနဲ့ပွဲက လူစာရင်း၊ QPRနဲ့ပွဲမှာ ကစားမယ့် လူစာရင်း၊ ပြီးတော့ နောဝှစ်ခ်ျ၊ ပြီးတော့ ရီးယဲလ်နဲ့ ပြန်တွေ့မယ့် လူစာရင်းတွေက ကွဲပြားနေမှာပါ"ဟုလည်း ပြောကြားသွားသည်။
Ref: Daily Mail

 

Tags:
 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.