|
Written by Admin Team
|
|
Friday, 10 August 2012 15:02 |
|
ဆန်တီ ကာဇိုလာသည် အာဆင်နယ် ကစားကွက်တွင် ညက်ညက်ညောညော ရှောရှောရှူရှူ အံဝင် လာလိမ့်မည်ဟု မစ်ကယ် အာတီတာက ပြောကြားလိုက်သည်။
အသက်(၃၀)အရွယ် စပိန်သားသည် ၎င်း၏ တစ်နိုင်ငံတည်းသား တောင်ပံတိုက်စစ်မှူး အမ်းမရိတ်စ်သို့ ခြေချလာခြင်းကို ကြိုဆိုခဲ့ပြီး ကာဇိုလာ၏ အာဆင်နယ် ကစားသမား ဘဝ အနာဂတ်ကို အကောင်းမြင် မျှော်လင့်လျှက် ရှိသည်။ အာဆင်နယ်သည် အသက်(၂၇)နှစ်ရှိ ကာဇိုလာကို မာလာဂါထံမှ ပေါင်စတာလင် (၁၆.၅)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် နွေရာသီကမှ အဲဗာတန်မှ အာဆင်နယ်သို့ ရောက်ရှိလာသည့် ကွင်းလယ်လူ အာတီတာက မိမိသည် ကာဇိုလာ၏ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုကို အားရမိကြောင်း ပြောကြားသွားသည်။

"နည်းစနစ်ပိုင်း အရ သူက ဘုရားသခင် လက်ဆောင်ပေးထားတဲ့ ကစားသမားမျိုးပါ။ ကာဇိုလာဟာ တောင်ပံမှာ နှစ်ဖက်စလုံး ကစားတတ်တယ်။ ခြေနှစ်ချောင်းလုံးက ပြိုင်ဘက်တွေကို လှည့်စားနိုင်တယ်။ သူဘယ်ဘက်ထွက်မလား၊ ညာဘက်ထွက်မလား ဆိုတာကို လုံးဝမှန်းလို့ မရဘူး။ သူဟာ အာဆင်နယ်အတွက် အတွေ့အကြုံကောင်းတွေ ဆောင်ယူလာမှာပါ။ ကာဇိုလာဟာ အသင်း အတွက် ကောင်းမွန်တဲ့ ပေါင်းစပ်မှု ဖြစ်ပါလိမ့်မယ်။ ပြီးတော့ အာဆင်နယ်နဲ့ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက လုံးဝ လိုက်ဖက် အဆင်ပြေပါတယ်။ သူဒီအသင်းမှာ အများကြီး အောင်မြင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်" ဟု အာတီတာက ပြောကြားခဲ့သည်။
အာဆင်နယ်နဲ့ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေက လုံးဝ လိုက်ဖက် အဆင်ပြေပါတယ်။ သူဒီအသင်းမှာ အများကြီး အောင်မြင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်... အာတီတာက နွေရာသီတွင် အာဆင်နယ်အသင်း ကစားသမားသစ်များ ခေါ်ယူမှုကို အားရမိကြောင်းလည်း ဆိုသည်။ "ကစားသမားသစ်တွေ အားလုံး လေ့ကျင့်ရေးကွင်းမှာ အစွမ်းပြနိုင်ကြတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ရယ်စရာတွေလည်း လုပ်ပြတတ်တယ်။ အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေက သိပ်ကောင်းပါတယ်။ ခုဆိုရင် ကျွန်တော်တို့ ပိုရင်းနှီးလာသလို အသင်းဖော်ချင်း ရိုင်းပင်းလာနိုင်တယ်။ ဒီအချက်ဟာ ကွင်းထဲမှာ လက်တွဲကစားရင် သိပ်ကို အရေးကြီးပါတယ်"ဟု အာတီတာက ဆက်လက် ပြောဆိုသွားသည်။ Ref: Goal
|