|
Written by Admin Team
|
|
Thursday, 07 June 2012 08:50 |
|
ဗီယက်နမ် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှ အသက် (၁၃)နှစ်အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ၀င်ရောက်မည့် မြန်မာအသင်းသည် ယနေ့ နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဗီယက်နမ် နိုင်ငံသို့ ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။
အဆိုပါ အသင်းတွင် အမှတ်(၂) အခြေခံပညာ ဦးစီးဌာန၊ အမှတ်(၃) အခြေခံ ပညာ ဦးစီးဌာန၊ အား/ကာသိပ္ပံ (မန္တလေး)၊ ရန်ကုန်တိုင်း အစရှိသည်တို့မှ ကစားသမား စုစုပေါင်း (၁၈)ဦး လိုက်ပါသွားခဲ့ကြောင်း သိရသည်။ အသင်း၏ အဖွဲ့ခေါင်းဆောင် အဖြစ် အား/ကာ ဦးစီဌာနမှ ဒေါက်တာ မော်လီချစ်က တာဝန်ယူမည် ဖြစ်ကာ အုပ်ချုပ်သူ အဖြစ် ပညာရေး ၀န်ကြီးဌာနမှ ဒေါ်အိအိခိုင်၊ နည်းပြချုပ် အဖြစ် လယ်/ဆည် ၀န်ကြီးဌာနမှ ဒေါ်စန်းစန်းသိန်းတို့က တာဝန်ယူမည် ဖြစ်သည်။
အဆိုပါ အသင်းတွင် အမှတ်(၂) အခြေခံပညာ ဦးစီးဌာန၊ အမှတ်(၃) အခြေခံ ပညာ ဦးစီးဌာန၊ အား/ကာသိပ္ပံ (မန္တလေး)၊ ရန်ကုန်တိုင်း အစရှိသည်တို့မှ ကစားသမား စုစုပေါင်း (၁၈)ဦး လိုက်ပါသွားခဲ့...မြန်မာအသင်းသည် အုပ်စု (C)တွင် အိမ်ရှင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဂူအမ်၊ ဖိလစ်ပိုင်၊ ထိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက် ရှိသည်။ ဇွန်လ ၉ရက်နေ့တွင် ယှဉ်ပြိုင် ကစားမည့် အုပ်စုအဖွင့်ပွဲတွင် ထိုင်းအသင်းနှင့် စတင် ရင်ဆိုင်ရမည် ဖြစ်ကာ ဇွန်လ ၁၀ရက်နေ့တွင် ကမ္ဘောဒီးယားနှင့် ဆက်လက် ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့နောက်တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂူအမ်တို့နှင့် ဆက်လက် ကစားရမည် ဖြစ်သည်။
မြန်မာ အမျိုးသမီး ယူ-၁၃ လက်ရွေးစင် အသင်း
အဖွဲ့ခေါင်းဆောင် - ဒေါက်တာ မော်လီချစ် (အား/ကာ ဦးစီးဌာန) အုပ်ချုပ်သူ - ဒေါ်အိအိခိုင် (ပညာရေး ၀န်ကြီးဌာန) နည်းပြချုပ် - ဒေါ်စန်းစန်းသိန်း (လယ်/ဆည် ၀န်ကြီးဌာန) လ/ထနည်းပြ - ဒေါ်ဝင်းဝင်းလှိုင် (ပညာရေး ၀န်ကြီးဌာန) သူနာပြု - ဒေါ်အေးသီတာထွန်း (ပြင်ပဆေးခန်း)
ကစားသမားများ
ဂိုး - မျိုးမြမြငြိမ်း (အမှတ်-၃ အခြေခံပညာ)၊ လှသက်နိုင် (အား/ကာသိပ္ပံ (မန္တလေး)) နောက် - လှမိုင်၊ ၀င်းနန္ဒာအောင်၊ အိုပီး၊ ဇင်ဇင်မျိုး (အမှတ်-၃အခြေခံပညာ)၊ သဉ္ဇာချို၊ ခင်ပြည့်လင်း (အား/ကာသိပ္ပံ (မန္တလေး)၊ အေးဇင်ဝင်း (ရန်ကုန်တိုင်း) လယ် - နွေနိုင်း၊ အိမ့်ခြူးငယ်၊ နန်းသီရိ (အမှတ်-၃ အခြေခံပညာ)၊ ခိုင်ဝေထူး၊ နေနွယ်ဇင်မြင့် (အမှတ်-၂ အခြေခံပညာ)၊ ဇူလိုင်မေ (ရန်ကုန်တိုင်း) ရှေ့ - စုမြတ်နိုး၊ ခိုင်သဇင်ဖူး၊ မျိုးမျိုးအေး (အမှတ်-၃ အခြေခံပညာ)
|