|
Written by Admin Team
|
|
Friday, 25 May 2012 09:33 |
|
မန်ချက်စတာ ယူနိုက်တက် အသင်းသည် ရှင်ဂျီကာဂါဝါ အတွက် ပြောင်းရွှေ့ကြေးကို ပေါင်စတာလင် (၁၃)သန်းထိ မြှင့်တင် ကမ်းလှမ်း ခဲ့ပြီးနောက် ကစားသမားအား အပြီးသတ် စာချုပ်နိုင်ရန် အလွန် နီးစပ်နေပြီဟု သိရှိရသည်။
ဂျာမန် ချန်ပီယံ ဘိုရပ်ရှား ဒေါ့တ်မန်သည် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်တော့သည့် အသက်(၂၃)နှစ်အရွယ် ကာဂါဝါ အတွက် မန်ယူထံမှ ကမ်းလှမ်းမှုကို အလေးအနက် လက်ခံ စဉ်းစားရဖွယ် ရှိနေသည်။ တစ်ဖက်တွင် မန်ယူသည် လိုင်လီ တောင်ပံ တိုက်စစ်သမား အီဒင်ဟာဇက်ကို ခေါ်ယူ နိုင်မည်ဟုလည်း ယုံကြည်မှု အပြည့်အ၀ ရှိနေသည်။ ဟာဇက်သည် ဇွန်လဆန်းတွင် ၎င်း၏ အနာဂတ်ကို အတည်ပြု ကြေညာမည်ဟု ပြောဆိုထားသည်။ ပြင်သစ် သတင်းဌာန တစ်ခုက အသက်(၂၁)နှစ်ရှိ ဘယ်လ်ဂျီယံ လက်ရွေးစင်သည် မန်ချက်စတာ စီးတီးနှင့် ချယ်လ်ဆီးတို့လောက် မြင့်မားသည့် လုပ်ခ လစာမျိုး ပေးချေမည်ဟု ကတိ မပြုထားသည့်တိုင် မန်ယူသို့ ပြောင်းရွှေ့ရန် စဉ်းစားနေကြောင်း ဖော်ပြခဲ့သည်။
 မန်ယူအသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် ယခုရာသီ အားနည်းခဲ့သော ကွင်းလယ်ဖန်တီးမှု စွမ်းရည်ကို မြှင့်တင်ရန်အတွက် ဟာဇက်နှင့် ကာဂါဝါတို့ နှစ်ဦးလုံးကို ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ ဟာဇက်သည် လိုင်လီအသင်း၏ ပေါင်စတာလင် သန်း(၃၀)၀န်းကျင် ဈေးနှုန်းသတ်မှတ်ခြင်းကို ခံထားရသူလည်း ဖြစ်သည်။ ဟာဇက်က ဘယ်လ်ဂျီယံ သတင်းဌာန တစ်ခုနှင့် အင်တာဗျူးတွင် "ကျွန်တော့် အနာဂတ်ကို မပြောနိုင်သေးဘူး။ ဒါပေမဲ့ မန်စီးတီး၊ မန်ယူနဲ့ ချယ်လ်ဆီး တစ်သင်းသင်း ဖြစ်နိုင်ပါတယ်။ အဓိက အကျဆုံး အနေနဲ့ ကျွန်တော် ဘယ်လောက် ကစားခွင့် ရမလဲ ဆိုတာရယ်၊ ကစားရမယ့် နေရာရယ်ကို စဉ်းစားပြီး ဆုံးဖြတ်ချက် တစ်ခုခု ချမှာပါ" ဟု ပြောကြားခဲ့သည်။
ဆာအဲလက်စ် ဖာဂူဆန်သည် ယခုရာသီ အားနည်းခဲ့သော ကွင်းလယ်ဖန်တီးမှု စွမ်းရည်ကို မြှင့်တင်ရန်အတွက် ဟာဇက်နှင့် ကာဂါဝါတို့ နှစ်ဦးလုံးကို ချိတ်ဆက်ခဲ့ခြင်း ဖြစ်... မန်ယူ အသင်းသည် ဘယ်နောက်ခံ နေရာ အတွက်လည်း အဲဗာတန်မှ အင်္ဂလန် လက်ရွေးစင် လေတန်ဘိန်းစ်ကို ချိတ်ဆက်လျှက် ရှိသည်။ မန်ယူ အသင်းမှ လူငယ် ဘယ်နောက်ခံ ကစားသမား ဖေဘီယို ဒါဆေးလ်ဗားမှာမူ ဘင်ဖီကာသို့ (၁)ရာသီ အငှားသွား ကစားရန် သဘော တူညီမှု ရရှိထားပြီးဖြစ်သည်။ Ref: Daily Mail
|