Menu
A+ A A-

ထိပ်ဆုံး ဂိုးသွင်းသူ ၆ဦး စာရင်းတွင် မြန်မာကစားသမား ၁ဦးသာပါဝင်

  • Written by Admin Team
  • Category: MNL Myanmar
  • Hits: 2688

ဖေဖော်ဝါရီလ ၁ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂) အပြီးတွင် ထိပ်ဆုံးဂိုးအများဆုံး သွင်းသူ ၆ဦး စာရင်းတွင် မြန်မာကစားသမားတစ်ဦးသာ ပါဝင်ပြီး ကျန်ကစားသမားများမှာ နိုင်ငံခြားသား ကစားသမားများသာ ဖြစ်ကြောင်း သိရှိရသည်။ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂) အပြီးတွင် လိဂ်ဂိုး နှစ်ဂိုးစီ သွင်းယူထားနိုင်သည့် ဇေယျာရွှေမြေ အသင်းကွင်းလယ်လူ ချူကွာဇူ၊ မနောမြေ အသင်း တိုက်စစ်မှူး အက်ဆာလေ၊ နေပြည်တော်အသင်း တိုက်စစ်မှူး ဒိုင်ပီဒီ၊ ရတနာပုံ တိုက်စစ်မှူး ဖွန်ဆီကာ၊ ဇွဲကပင် အသင်းမှ အမီအိုဘီနှင့် ညီညီမင်းတို့မှာ ဂိုးသွင်း အများဆုံး ကစားသမား (၆)ဦးအဖြစ် ထိပ်ဆုံးမှ ရပ်တည်နေကြသည်။

၂၀၁၄ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အပတ်စဉ်ပြိုင်ပွဲ နှစ်ပွဲအပြီးတွင် သွင်းဂိုး အရေအတွက်  ၂၈ဂိုးတွင် ပြည်တွင် ကစားသမားများက ပွဲစဉ် (၁)တွင် (၇)ဂိုး၊ ပွဲစဉ် (၂)တွင် ၂ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နိုင်ငံခြားသား ကစားသမားများက ပွဲစဉ်(၁)တွင်  (၁၂)ဂိုး၊ ပွဲစဉ် (၂)တွင် (၇)ဂိုးအသီးသီး သွင်းယူထားနိုင်ခဲ့သည်။ ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၂) အပြီးတွင် လိဂ်သွင်းဂိုး အရေအတွက်မှာ ၂၈ဂိုး အထိရှိခဲ့ပြီး အဆိုပါ အရေအတွက်မှာ ၂၀၁၃ ဘောလုံးရာသီ ပွဲစဉ် (၂) အပြီး သွင်းဂိုး အရေအတွက်ထက် ၄ဂိုး ပိုမို သာလွန်ခဲ့သည်။ ၂၀၁၂ ဘောလုံးရာသီတွင် တန်းဆင်း တန်းတက် စနစ်ကျင့်သုံးရခြင်း မရှိသေးသည့် အတွက် အသင်း ၁၄သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပွဲစဉ် (၂) အပြီးတွင် လိဂ်သွင်းဂိုး ၃၁ဂိုး သွင်းယူထားနိုင်ခဲ့ကြောင်း သိရှိရသည်။

Logo Sponsors