|
Written by Admin Team
|
|
Saturday, 07 April 2012 10:11 |
|
ဘာစီလိုနာ နည်းပြ ဂျိုးဆက် ဂွာဒီယိုလာက ဟိုဆေး မော်ရင်ဟို ရည်ညွှန်း သကဲ့သို့ မိမိတို့ အသင်းသည် ချန်ပီယံလိဂ်တွင် စူပါဖေးဗရိတ် မဟုတ်ကြောင်း ပြောကြားသွားသည်။
ဘာစီလိုနာ၏ ပြိုင်ဘက်ကြီး ရီးယဲလ်မက်ဒရစ် အသင်းမှ နည်းပြဖြစ်သူ မော်ရင်ဟိုက ဘာစီလိုနာ၏ ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ခြေသည် ဖေးဗရိတ် အဆင့်ကို ကျော်လွန်ကာ စူပါ ဖေးဗရိတ် ဖြစ်နေကြောင်း မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း စပိန်သား နည်းပြ ဂွာဒီယိုလာက မိမိတို့ အသင်းသည် ချယ်လ်ဆီးကဲ့သို့ ခက်ခဲသော ပြိုင်ဘက်များနှင့် ရင်ဆိုင် နေရဆဲသာ ဖြစ်ကြောင်း တုံ့ပြန် ပြောဆိုခဲ့သည်။ အသက်(၄၁)နှစ်ရှိ ဂွာဒီယိုလာက “ကျွန်တော်တို့ကို ခုလို ယုံကြည်ပေးတဲ့ အတွက် မော်ရင်ဟိုကို ကျေးဇူးတင် ရပါမယ်။ ဒါပေမဲ့ အကြို ဗိုလ်လုပွဲရောက် (၄)သင်းလုံးမှာ အခွင့်အရေး ရှိတယ်လို့ပဲ ကျွန်တော် လက်ခံထားပါတယ်” ဟု ပြောကြားခဲ့သည်။
ကျွန်တော်တို့ကို ခုလို ယုံကြည်ပေးတဲ့ အတွက် မော်ရင်ဟိုကို ကျေးဇူးတင် ရပါမယ်။ ဒါပေမဲ့ အကြို ဗိုလ်လုပွဲရောက် (၄)သင်းလုံးမှာ အခွင့်အရေး ရှိတယ်လို့ပဲ ကျွန်တော် လက်ခံထားပါတယ်...၎င်းက အကြို ဗိုလ်လုပွဲတွင် ရင်ဆိင်ရမည့် ချယ်လ်ဆီး သည်လည်း အမှန်တကယ် ထူးချွန်သော အသင်း တစ်သင်းအဖြစ် မှတ်ချက်ပြု ခဲ့သေးသည်။ “ချယ်လ်ဆီးဟာ အတွေ့အကြုံရင့်တဲ့ အသင်းကောင်း တစ်ခုပါ။ အကောင်းတကာ့ အကောင်းဆုံး ကစားသမား တွေလည်း ရှိပါတယ်။ သူတို့ဟာ ဥရောပမှာ အကောင်းဆုံး စာရင်းဝင် အသင်းတစ်သင်းပါ။ ပြီးခဲ့တဲ့ နှစ်ပိုင်း တွေမှာလည်း အင်္ဂလန်မှာ သမိုင်းကြောင်း တစ်ခုကို တည်ဆောက် ခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ကစားရင်း ချယ်လ်ဆီးဟာ သူတို့ ဘာလုပ်နိုင်တယ် ဆိုတာကို သိလာပါတယ်။ တကယ်လို့ ကျွန်တော်တို့နဲ့ ကစားတဲ့ပွဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ရင် သူတို့အသင်း ဗိုလ်လုပွဲ ရောက်နိုင်ပါတယ်” ဟု ဂွာဒီယိုလာက သုံးသပ် ပြောဆိုသွားသည်။
Ref: Sporting Life
|