Monday, 20 May 2013
Home Features Fans Talks ချင့်ယုံ - ချင့်တွေး - ချင့်ရေးကြစေချင်
ချင့်ယုံ - ချင့်တွေး - ချင့်ရေးကြစေချင် PDF Print E-mail
Written by ရွှေဘောလုံး (၂)   
Friday, 06 April 2012 12:08
Share |

အယ်ဒီတာချုပ်ခင်ဗျာ

အညာဒါဘီပွဲလို့ ခေါ်ရမယ့် ဇေယျာရွှေမြေ - ရတနာပုံ ပွဲနဲ့ ပတ်သက်လို့ အခုတလော အားကစား ဂျာနယ်တွေမှာ တစ်ဆင့်စကား တစ်ဆင့်ကြားကို အခြေခံရေးသား ဖော်ပြကြတာတွေကို မဖတ်ချင်အဆုံး တွေ့နေ ဖတ်နေရတယ်ဗျာ။ တစ်ဖက်သတ် ဆန်လွန်းတယ်ထင်လို့ ဒီစာလေးကို ရေးပို့လိုက်တာပါ ဆရာ။ ကျနော် စာရေးဆရာ မဟုတ်ပါဘူး ဆရာ။ အရေးအသားတွေ တောင့်တောင့်တင်းတင်း ဖြစ်နေရင်လည်း နားလည် ခွင့်လွှတ်ပေးပါ ဆရာ။ ဒီနေ့တော့ ပွဲကောင်းမှာပဲလို့ ယူဆပြီး တကူးတက လာကြည့်တဲ့ ၀ါသနာရှင်ထဲက ၀ါသနာရှင် တစ်ဦးမျှသာပါ။ မုံရွာမှာ အိမ်ကွင်းပွဲစဉ် (၆)ပွဲ ကျင်းပတဲ့အနက် ဒီတစ်ပွဲကိုသာ (ခရီးအကွာအဝေးအရ) ရွေးပြီး လာကြည့်တာပါဆရာ။ ပွဲကောင်းတစ်ပွဲ ကြည့်ချင်တဲ့ ဆန္ဒအရသာ လာတာပါ။ တစ်ဖက်သတ် အားပေးတဲ့ အကျင့်မရှိသလို အခြေအနေ မကောင်းရင် ရှုံးရင် ပွဲရွှေ့အောင်၊ ပွဲပျက်အောင် လုပ်လိုတဲ့ ရည်ရွယ်ချက်လည်း မရှိခဲ့ပါဘူး ဆရာ။ အဲဒီနေ့က လာကြည့်ကြတဲ့ ပရိသတ်ထုကြီးဟာလည်း ကျနော့် နည်းတူပါပဲ ဆရာ။


မတ်လ (၂၄)ရက်နေ့က ကျင်းပတဲ့ ဇေယျာရွှေမြေနဲ့ ရတနာပုံ ပွဲကို မုံရွာ အနီးတ၀ိုက်က ဘောလုံး ၀ါသနာရှင်တွေ ကားကြီးကားငယ် အသွယ်သွယ်နဲ့ လာအားပေးတာကိုလည်း တွေ့ရတယ်ဆရာ။ ဘေးဘက်လေးတန် ကွင်းလုံးပြည့်လျှံအောင် အားပေးကြတယ်လို့ ဆိုရမှာပေါ့ဆရာ။

ကျင်းပပြီးသမျှ MNL (၃)နှစ်တာ ကာလမှာ သူ့မြေ ကိုယ့်မြေ အပြန်အလှန် ကစားတဲ့စနစ် စနိုင်ခဲ့တာ နှစ်ကြိမ်ရှိသွားပြီမို့ တစ်သင်းနဲ့တစ်သင်း သူ့ကွင်း၊ ကိုယ့်ကွင်း နှစ်ကြိမ်စီ ကစားပြီးသွားပါပြီဆရာ။ ရတနာပုံက မုံရွာကို နှစ်ပွဲလာကစားပြီး ဖြစ်သလို ဇေယျာရွှေမြေက မန္တလေး သွားကစားခဲ့တာလည်း (အိမ်ကွင်းပွဲ မစခင် အပါအ၀င်) (၅)ကြိမ် ရှိသွားပြီဆရာ။ အဲဒီပွဲတွေ အားလုံး တစ်ပွဲမှ အေးအေးဆေးဆေး ပြီးသွားတယ်လို့ မရှိခဲ့ပါဘူး ဆရာ။ အိမ်ရှင် ရတနာပုံနှင့် မဟုတ်ဘဲ ကမ္ဘောဇ၊ နေပြည်တော်၊ ဆောက်သမ်းမြန်မာ စတဲ့ အသင်းတွေနဲ့ ကစားပြီး အပြန်လမ်း တစ်လျှောက်မှာမလည်း ပရိသတ် ကစားတန်းကြီးကို ပြဿနာ အရှာခံရတာလည်း ပွဲတိုင်းပါပဲ ဆရာ။

မနှစ် (၂၀၁၁)က နောက်ဆုံးပွဲစဉ်အဖြစ် ဇေယျာရွှေမြေအသင်း ဗထူးသွားကစားစဉ်ကလည်း ကွင်းတွင်း ပြဿနာ မစြဖ်ဘဲ ပွဲအေးအေးဆေးဆေး ပြီးသွားမှ ကွင်းဘေးမှာ ထိုးထားတဲ့ စစ်ကိုင်းပရိသတ်ရဲ့ မှန်လုံကစားကြီးတွေ အဖျက်စီးခံလိုက်ရလို့ သိန်းပေါင်းရာချီပြီး ကုန်ကျသွားတာကိုလည်း ဒီဆရာတွေ မကြားလို့ ထင်ပါတယ်။ တစ်လုံးတစ်ပါဒမျှ မရေးကြဘူး ဆရာ။ မန်းတိုင်းက အုပ်ချုပ်မှုတွေ ဘက်စုံဘယ်လို စီမံခန့်ခွဲပေမယ့် ဘယ်နေရာမဆို ရှိတတ်တဲ့ ဆိုးသွမ်းပရိသတ်တွေ ရန်ကြောက်ရလို့ ဇေယျာရွှေမြေ ပရိသတ် ရာပေါင်းများစွာ ရဲစခန်းထဲမှာ တစ်ညလုံးနေ နေရတာ၊ ည (၁၂)နာရီကျော်မှ ဟိုဘက်အစောင့်၊ ဒီဘက်အစောင့်တွေ လက်ဆင့်ကမ်း ပြန်ရတာတွေက အရင် ဖြစ်ခဲ့တာပါဆရာ။ အဲဒီတုန်းက မီဒီယာဆိုတာ မရှိသေးလားလို့တောင် ထင်ရတယ်ဆရာ။ အဲဒီတုန်းက MC ကလည်း မတင်ပြခဲ့ဘူး ထင်တယ်ဆရာ။

သူ့အရပ်နဲ့ သူ့ဇာတ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုအောက်က လုံခြုံရေး တပ်ဖွဲ့အင်အား (၃၈၀)၊ စစစ၊ ခရိုင် ဒ/န၊ တိုင်း ဒ/န၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မီးသတ်စတဲ့ အရပ်ဝတ်နဲ့ ချထားတဲ့ လုံခြုံရေးအင်အား (၉၀)၊ ပေါင်း (၄၀၀)ကျော် (၅၀၀)နီးပါးက သောင်းချီတဲ့ ပရိသတ်ကြီးကို တတ်စွမ်းသမျှ ထိန်းပေးတာကိုတော့ အားနည်းတယ်လို့ တင်ပြသွားတယ်လို့ ကြားရတာ စိတ်မကောင်း ဖြစ်မိတယ်ဆရာ။

တစ်ဆိတ်ကို တစ်အိတ်လုပ်ပြီး ခနဲ့တာတွေက ရှိသေးတယ်ဆရာ။ ဘောလုံးပွဲ ထုံးစံ ပရိသတ်က ရေပုလင်းတွေ၊ ခဲတွေနဲ့ ထုတော့ လုံခြုံရေးသာမက တာဝန်ရှိသူတွေ၊ မုံရွာသားကော်မတီတွေက ကိုယ့်ခဲမှန်နိုင်တာကိုတောင် ဂရုမစိုက်ဘဲ ကွင်းထဲကိုဆင်းပြီး ပရိသတ်ကို မေတ္တာရပ်ခံတာ၊ ဖြောင်းဖျတာ ကိုယ်တွေ့ပါဆရာ။ ကော်မတီဝင်တွေ ၀ိုင်းတားလို့လည်း ငြိမ်သွားတာပါ။ ပြေးလမ်းထဲ လှည့်ပတ်တားရင်း၊ ထိန်းရင်း ပရိသတ်ထဲက မကင်းရာမကင်းကြောင်း (တပည့်တပန်းလည်း ဖြစ်ချင်ဖြစ်မည်) သူကိုတွေ့တော့ ပထမ ကွမ်းယာတောင်းလို့ ပေးတာ တွေ့ရပါတယ်။ ကွမ်းယာကုန်သွားတော့ ကျုပ်သွားဝယ်မယ်ဗျာ ပိုက်ဆံပေးလိုက်ဆိုတော့ အရိုးခံစိတ်နဲ့ ၁၀၀၀ိ/- တန် ထုတ်ပေးတာ တွေ့လိုက်ရတယ်ဆရာ။ နောက်တစ်ယောက်လည်း ထပ်တောင်းလို့ ပေးရတယ်ဆရာ။ ဒီမှာတင် ပြောစရာ၊ ရေးစရာ အကွက်ဝင်သွားတာပါ။ ဒါကိုပဲ ကမ္ဘာ့စံချိန်တင် ဖြစ်ရပ်လို့ အ၀ေးက (အကြားနဲ့) ရေးတဲ့လူက ရှိသေးတယ်ဆရာ။

စာေ၇းသူတို့တတွေလည်း ပြဿနာဖြစ်စဉ်က မုံရွာပရိသတ် အထိန်းရခက်လှချည်လား၊ ခါတိုင်းဒါလောက် မဆိုးပါဘူး။ ဘာဖြစ်လို့ပါလိမ့်ဆိုပြီး သို့လော သို့လော စဉ်းစားမရ စြဖ်ခဲ့ရပါတယ်။ ပွဲပြီးမှ မှတ်တမ်းခွေ ပြန်ကြည့်မှ သြော် ဒါကြောင့်ကိုဆိုပြီး အဖြေတွေ့သွားရတယ်ဆရာ။ နာမည်တွေတော့ မရေးတော့ပါဘူးဆရာ။ ကိုယ့်အသိ ကိုယ်ကွမ်းယာဖိုး ပေးတာကို တခုတ်တရ ဓာတ်ပုံရိုက်ထည့်တဲ့သူတွေ၊ ဒို့ကို ဘာကြောင့် ပရိသတ်က ဒီလိုဆက်ဆံတာလဲဆိုတာ သိရအောင် ဓာတ်ပုံလေးတွေ ဒီစာနဲ့တွဲပြီး ဖော်ပြပေးလိုက်တယ်ဆရာ။ နည်းပြ/ အုပ်ချုပ်သူဆိုသူတွေ ဘယ်လိုကဲတာ၊ ကွင်းထဲရောက်နေပြီးသား ခဲကိုကောက်ကောက်ပြီး အခုပဲ ထုသယောင် ဒိုင်ကို လာလာပြတာ၊ ဒိုင်က ပွဲစဖို့ ခေါ်တာတောင် (မူလ ရည်ရွယ်ချက်အတိုင်း ပွဲရပ်သွားအောင်) တော်တော်နဲ့ မလာတာတွေ မိနစ် (၉၀) တစ်ခွေစာ ရှိတယ်ဆရာ။

ဒီပုံလေး ကြည့်ရုံနဲ့ ဒီဘောလုံးသမား ဘယ်လို မလုပ်သင့် မလုပ်ထိုက်တာ လုပ်တာ အပြစ်ဘယ်လောက် ကြီးသလဲဆိုတာ ဘောလုံးလောက.က လူတွေ သိမှာပါ။ အဖွဲ့ချုပ် အနေနဲ့ မှတ်တမ်းရိုက်ထားတာပဲဆရာ။ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့တွေမှာ အခုတော့ မိအေးနှစ်ခါနာအဖြစ်မျိုး ခံရလို့ တင်ပြရတာပါ ဆရာ။




ကျနော်တို့ မုံရွာမှာ အိမ်ကွင်းပွဲစဉ် (၆)ပွဲ ကစားပြီးသွားပြီ ဆရာ။ ဘာဆို ဘာမှ မဖြစ်ခဲ့တာ ဘောလုံး အဖွဲ့ချုပ်ရော၊ ဧည့်သည်အသင်းရော အသိပါဆရာ။ အခုဖြစ်တာ MNL ကြောင့် မဟုတ်ဘူး။ ဇေယျာရွှေမြေ - ရတနာပုံကြောင့် မဟုတ်ဘူး။ ပြည်ထောင်စုဒိုင်းကတည်းက စခဲ့တဲ့ စစ်ကိုင်း - မန္တလေး အစွဲ/ အဖုအထစ်တွေဗကြာင့်ပါ ဆရာ။

ကျနော်တို့ မုံရွာ ဂုဏ်ယူနေတာက ဒို့ကွင်း ဒို့ထိန်းလို့ရတယ်။ ရုပ်ပျက်ဆင်းပျက် သံဇကာကြီး ကာနေစရာ မလိုဘူး။ CCTV နဲ့တင် ထိန်းမယ်ဆိုပြီး ၀ိုင်းထိန်း၊ ၀ိုင်းဂုဏ်ယူနေကြတာပါ။ (ရတနာပုံ နဲ့ ပွဲမတိုင်ခင်) ပွဲတိုင်းကိုလည်း ထိန်းနိုင်ခဲ့ပါတယ်။ အခုတော့ မရတော့ဘူး ဆရာ။ ရတနာပုံနဲ့ ပွဲစဉ်မတိုင်ခင် ရုပ်ပျက်ချင် ပျက်ပါစေ သံဇကာ ကာပေးဖို့ အသင်းပိုင်ရှင်ကို ကြုံတုန်း တိုက်တွန်းလိုက်ရပါတယ်ဆရာ။ ဖြစ်ခဲ့သမျှ ပျက်ခဲ့သမျှလည်း မြန်မာ -အိုမန်ပွဲလောက် မဆိုးတာတော့ အားလုံးအမြင်/ အတွေ့ပါ။

မည်သို့ပင် ဖြစ်စေ ဇေယျာရွှေမြေရော၊ ရတနာပုံရော အိမ်နီးချင်းတွေ ဖြစ်ကြပါတယ်။ မြန်မာဘောလုံး အဆင့်အတန်း မြင့်မားဖို့ အထောက်အကူပြုရေး ဆိုတဲ့ ဘုံရည်မှန်းချက်လည်း တူကြပါတယ်။ တစ်ယောက်ကို တစ်ယောက် အပြစ်မယူကြဘဲ ဖြစ်ခဲ့သမျှ အတိတ်မှာထားခဲ့ပြီး ချစ်ကြည်ရင်းနှီးမှု အခြေခံပြီး လက်တွဲညီညီ ရှေ့သို့ချီနိုင်ကြပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ်ခင်ဗျား။

ရွှေဘောလုံး (၂)

မှတ်ချက်။    ။ ယခုကဏ္ဍမှာ Soccer Myanmar ၏ အာဘော်မဟုတ်ဘဲ ပရိသတ်က ပေးပို့လာသည့် ပေးစာ၊ ဆောင်းပါးများအား ပြန်လည် ဖော်ပြပေးထားခြင်းသာ ဖြစ်ပါသည်။

 

 

logo sponsors


















Official Website of KBZ Football Club

Your are currently browsing this site with Internet Explorer 6 (IE6).

Your current web browser must be updated to version 7 of Internet Explorer (IE7) to take advantage of all of template's capabilities.

Why should I upgrade to Internet Explorer 7? Microsoft has redesigned Internet Explorer from the ground up, with better security, new capabilities, and a whole new interface. Many changes resulted from the feedback of millions of users who tested prerelease versions of the new browser. The most compelling reason to upgrade is the improved security. The Internet of today is not the Internet of five years ago. There are dangers that simply didn't exist back in 2001, when Internet Explorer 6 was released to the world. Internet Explorer 7 makes surfing the web fundamentally safer by offering greater protection against viruses, spyware, and other online risks.

Get free downloads for Internet Explorer 7, including recommended updates as they become available. To download Internet Explorer 7 in the language of your choice, please visit the Internet Explorer 7 worldwide page.