Menu
A+ A A-

ကိုးလ်မန်း၏ ဒဏ်ရာအခြေအနေကို အဲဗာတန် စိုးရိမ်တကြီး စောင့်ကြည့်နေ

  • Written by Admin Team
  • Category: EPL
  • Hits: 496

အဲဗာတန် အသင်းသည် နောက်ခံလူ ဆီမက်စ်ကိုးလ်မန်း ဒဏ်ရာရရှိသွားသည့် အခြေအနေအပေါ် စိတ်ပူပန်စွာ စောင့်ကြည့်နေကြောင်း သိရှိရသည်။

အသင်းမန်နေဂျာ ရောဘတ်တို မာတီနက်ဇ် အနေဖြင့် ဝက်စ်ဘရွန်းဝစ်ခ်ျနှင့် (၁)ဂိုးစီ သရေကျသော ပွဲစဉ်တွင် တံကောက်ကြော ဒဏ်ရာ ရရှိပြီး ကွင်းထဲမှ ထွက်ခွာခဲ့ရသည့် ကိုးလ်မန်း၏ အခြေအနေနှင့် ပတ်သက်ပြီး စစ်ဆေးမှု ရလဒ်ကို မျှော်လင့်လျှက် ရှိသည်။ အိုင်ယာလန် လက်ရွေးစင် ညာနောက်ခံလူသည် ယခုရာသီတွင် မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်၏ အသင်းအတွက် အထူးတလည် ခြေစွမ်းပြ ကစားနေသူ ဖြစ်သည်။ ၎င်းသည် (၇၉)မိနစ်တွင် ဂျွန်စတုန်းစ်နှင့် လူစားလဲကာ ကွင်းထဲမှ ထွက်ခွာခဲ့ရသည်။

မာတီနက်ဇ်က "ကိုးလ်မန်းက တံကောက်ကြောမှာ နည်းနည်း နာနေတယ်။ ကျွန်တော်တို့ သူ့ရဲ့ အခြေအနေကို ဆန်းစစ်သွားမှာပါ။ ဒါပေမဲ့ လောလောဆယ် ကြည့်ရသလောက်တော့ အခြေအနေ ကောင်းတဲ့ဘက်မှာ သိပ်မရှိဘူး။ ကျွန်တော်တို့ အနေနဲ့ တစ်ခုခု ကောက်ချက်မဆွဲခင် သူ့ကို (၂၄)နာရီလောက် အနားပေး စောင့်ကြည့်နေဖို့ စဉ်းစားထားပါတယ်"ဟု ပြောကြားခဲ့သည်။ ယခုပွဲ အနိုင်မရခဲ့သော်လည်း အမှတ်မဆုံးရှုံးခဲ့သဖြင့် ကျေနပ်ကြောင်းလည်း မာတီနက်ဇ်က ဆိုသည်။

"တစ်မှတ်ရတယ် ဆိုတာကလည်း ကောင်းမွန်တဲ့ အနေအထားပါ။ ဒါပေမဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည်ကိုတော့ နည်းနည်း စိတ်ပျက်မိပါတယ်။ အခက်ခဲဆုံး ဖြစ်ခဲ့တာကတော့ ဂိုးရှေ့မှာပါပဲ။ ကျွန်တော်တို့ ဂိုးပေါက် ပျောက်နေခဲ့တယ်။ အထူးသဖြင့် ပထမပိုင်းမှာ ကောင်းကောင်းကြီး ပွဲကို ထိန်းချုပ်ထားလျှက်နဲ့ ဂိုးတွေ ထပ်မရတာတော့ စိတ်အနှောင့်အယှက် ဖြစ်ချင်စရာပါပဲ"ဟု မာတီနက်ဇ်က ပြောဆိုသွားသည်။
Ref:skysport

Logo Sponsors