| ဆီးဂိမ်း ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ မီဒီယာ သမား ၁၀ ဦးထက်မနည်း သွားရောက် သတင်းရယူ ကြမည် |
|
|
|
| Written by Admin Team |
| Tuesday, 01 December 2009 19:31 |
လာအို နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် ၂၅ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံမှ မီဒီယာ သမား အများအပြား တက်ရောက် သတင်းရယူ ကြမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း ၁၈ မျိုး စလုံးတွင် ၀င်ရောက်ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး အားကစား သမား စုစုပေါင်း ၂၀၀ ကျော် သွားရောက် ကြမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာ နိုင်ငံတွင်း ရေးသားထုတ်ဝေ တင်ဆက်လျှက် ရှိနေကြသည့် သတင်းစာ၊ ဂျာနယ်၊ ရုပ်သံနှင့် ၀က်ဘ်ဆိုက် များမှ မီဒီယာသမား (၁၀)ဦးထက် မနည်း အဆိုပါ ပြိုင်ပွဲသို့ လိုက်ပါ သတင်းရယူ ကြမည် ဖြစ်သည်။ ယင်း မီဒီယာ သမားများ အများစုမှာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ ထောက်ပံ့ ပေးမှု အပြည့် ဖြင့်သော် လည်းကောင်း၊ တစ်စိတ် တစ်ဒေသ အဖြစ်သော် လည်းကောင်း ရယူကာ လိုက်ပါကြမည် ဖြစ်ပြီး အချို့မှာမူ မိမိ၏ ကိုယ်ပိုင် အစီအစဉ် ဖြင့်သာ လိုက်ပါသွား ကြမည် ဖြစ်သည်။ လတ်တလောတွင် ဒီဇင်ဘာ ၁ ရက်နေ့ ထွက်ခွာသွားသော မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းနှင့် အတူ မီဒီယာ သမား (၅)ဦးခန့် လိုက်ပါ သွားကြမည် ဖြစ်သည်။ အဆိုပါ မီဒီယာ သမားများသည် ဘောလုံး အဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် လိုက်ပါ သွားခြင်း ဖြစ်ပြီး နောက်ထပ် မီဒီယာ သမား ၆ ဦးခန့်လည်း ဘောလုံး အဖွဲ့ချုပ် ထောက်ပံ့မှု တစ်စိတ် တစ်ဒေသဖြင့် လိုက်ပါကြ ဦးမည်ဟု သိရသည်။ ဆီးဂိမ်းပြိုင်ပွဲတွင် သတင်း ရယူမည့် မီဒီယာ သမားများ (၁) ဦးချစ်ဝင်းမောင် (တက်လမ်း ဂျာနယ်) (၂) ဦးဖေဒီ (အားကစား ကလောင်ရှင်) (၃) ဦးဇင်မင်းမောင် (Eleven Media Group) (၄) ဦးဇာနည်အောင် (Eleven Media Group) (၅) ဦးစိုးညွန့် (ကြေးမုံ သတင်းစာ) (၆) ကိုသက် (တောင်ငူ) (Daily Sports ဂျာနယ်) (၇) ဦးအိုကိုချာ (Daily Sports ဂျာနယ်) (၈) ဦးအောင်မြင့်ကေ (ယူနိုက်တက် ဂျာနယ်) (၉) ဦးဘုန်းမြင့်မော် (Focus ဂျာနယ်) (၁၀) ဦးဝေလင်း (Best Player ဂျာနယ်) (၁၁) ဦးပြည့်ဖြိုးဟန် (MRTV4 ရုပ်သံ) (၁၂) ဦးဇင်သော်နိုင် (Soccer Myanmar ဘောလုံး ၀က်ဘ်ဆိုက်) Tags: |



လာအို နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် ၂၅ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံမှ မီဒီယာ သမား အများအပြား တက်ရောက် သတင်းရယူ ကြမည်ဖြစ်ကြောင်း သိရသည်။









