| မော်ရင်ဟို၏ နောက်လိုက် မဟုတ်ကြောင်း အန်ဆလော့တီ ပြောကြား |
|
|
|
| Written by Admin Team |
| Friday, 16 October 2009 12:21 |
ချယ်လ်ဆီး မန်နေဂျာ အန်ဆလော့တီက ၎င်းသည် ယခင် မန်နေဂျာဟောင်း ဖြစ်သူ မော်ရင်ဟို၏ နောက်လိုက် တစ်ဦး မဟုတ်ကြောင်း ပြောကြားခဲ့သည်။မော်ရင်ဟိုက မိမိကိုယ်ကိုယ် စပယ်ရှယ် ၀မ်း အဖြစ် တင်စား ပြောကြား ခဲ့ဖူးသူ ဖြစ်ပြီး ယခုအခါ အန်ဆလော့တီက အကယ်၍သာ မော်ရင်ဟို သာ ယေရှု ဖြစ်ခဲ့မည် ဆိုလျှင်တောင် ၎င်းမှာ ၎င်း၏ နောက်လိုက်များ ထဲမှ တစ်ဦး မဟုတ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ မော်ရင်ဟိုနှင့် အန်ဆလော့တီ တို့သည် ယခင် အန်ဆလော့တီ အေစီမီလန် နည်းပြ အဖြစ် ရှိနေစဉ်က အချင်းချင်း စကားလုံး များဖြင့် တိုက်ခိုက် ပြောကြားခဲ့သူများ ဖြစ်သည်။ "စပယ်ရှယ် ၀မ်း ဆိုတာ ကျွန်တော် မသိပါဘူး။ တကယ်လို့ သူက သူ့ကိုယ်သူ ယေရှုလို့ တွေးထင် နေမယ် ဆိုရင်တောင်မှ ကျွန်တော်ဟာ သူ့နောက်လိုက် သူတွေ ထဲက တစ်ယောက် မဟုတ်ပါဘူး" ဟု တုံ့ပြန် ပြောကြားခဲ့သည်။ ထို့ပြင် အန်ဆလော့တီက အင်္ဂလန်တွင် ဘာသာစကား အခက်အခဲအား ရင်ဆိုင်ခဲ့ရကြောင်း ၀န်ခံခဲ့ပြီး ယခုအခါ များစွာ တိုးတက် လာပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ Tags: |



ချယ်လ်ဆီး မန်နေဂျာ အန်ဆလော့တီက ၎င်းသည် ယခင် မန်နေဂျာဟောင်း ဖြစ်သူ မော်ရင်ဟို၏ နောက်လိုက် တစ်ဦး မဟုတ်ကြောင်း ပြောကြားခဲ့သည်။









